ဒီဘားလားကို ေခၚယူဖို႔ စပါးအသင္း ေရပန္းအစားဆုံးျဖစ္လာ

Photo Credit

Photo Credit ; PA

ေလာင္းကစားကုမၸဏီေတြရဲ႕အေလးသတ္မွတ္ခ်က္အရ စပါးအသင္းဟာ ျပင္သစ္အင္အားႀကီး ပီအက္စ္ဂ်ီအသင္းကို ေက်ာ္ျဖတ္ၿပီး ယခုေႏြရာသီအတြင္း ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားကို ေခၚယူဖို႔ ေရပန္းအစားဆုံးျဖစ္လာေၾကာင္း သိရပါတယ္။ အသက္ ၂၅ႏွစ္အရြယ္ရွိ အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္အသင္းမွာ ပုံမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ခဲ့ရၿပီး အခုလည္း နည္းျပသစ္ဆာရီရဲ႕လက္ေအာက္မွာ အနာဂတ္မေသမခ်ာျဖစ္ေနပါတယ္။

 

Photo Credit ; PA

Oddschecker ရဲ႕ေဖာ္ျပခ်က္အရ ဘြတ္ကီအမ်ားစုက စပါးအသင္းထံ ဒီဘားလားေရာက္ရွိဖို႔အတြက္ မူလက ၃၃/၁ သာ အေလးေပးရာကေန ၃/၁ အထိ အေလးေပးမႈေတြ ျမႇင့္တင္လုိက္ၿပီး Betfred နဲ႔ Betway တုိ႔က ဒီဘားလားကို ေခၚယူေရးႀကိဳးစားမႈမွာ ခ်န္ပီယံလိဂ္ဒုတိယဆုရွင္ စပါးအသင္းအသာရလိမ့္မယ္လုိ႔ ထိပ္ဆုံးကေန အေလးေပးလာကာ Sky Bet ကေတာ့ ပီအက္စ္ဂ်ီကို ၇/၂ နဲ႔ ထိပ္ဆုံးကေန အေလးေပးဖြင့္လွစ္ထားပါတယ္။ ေနာက္ၿပီး ၿပီးခဲ့တဲ့ ၂၄နာရီအတြင္း ထုိးသား ၈၄% က စပါးအသင္းဘက္ကို ထိုးခဲ့တယ္လုိ႔ သိရပါတယ္။

 

Photo Credit ; PA

အင္တာမီလန္က ၈/၁၊ ၿပီးခဲ့တဲ့ ၁၂လအတြင္း ဒီဘားလားကို ေခၚယူဖုိ႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့တဲ့ ယူႏိုက္တက္က ၁၂/၁ နဲ႔ အေလးေပးျခင္းခံထားရပါတယ္။ ”တူရင္မွာ ေခါင္းႀကီးသတင္းမွန္သမွ်က ေရာ္နယ္ဒိုအေၾကာင္းေတြပဲဆုိေတာ့ ဒီဘားလားတစ္ေယာက္ ဂ်ဴဗင္တပ္စ္ကေန အသင္းေျပာင္းခ်င္ေနတာ အံ့ၾသစရာေတာ့မရွိပါဘူး”လုိ႔ Oddschecker ရဲ႕ ေျပာေရးဆုိခြင့္ရပုဂၢိဳလ္ ၀ီလ္ဆင္က ေျပာပါတယ္။

Photo Credit

စပါးအသင္းနည္းျပ ပိုခ်က္တီႏိုကလည္း ဒီဘားလားရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီး ယခုေႏြရာသီအတြင္း အသင္းေျပာင္းေရႊ႕ဖုိ႔ စိတ္အားထက္သန္ေနတဲ့ ဒိန္းမတ္ကြင္းလယ္ဖန္တီးရွင္ အဲရစ္ဆင္ရဲ႕ေနရာမွာ ဒီဘားလားကို အစားထိုးဖုိ႔ ဆႏၵရွိေနပါတယ္။ အသက္ ၄၇ႏွစ္အရြယ္ရွိ ပိုခ်က္တီႏိုက အရင္ကလည္း တစ္ႏိုင္ငံတည္းသား ဒီဘားလားကို လူသိရွင္ၾကားခ်ီးက်ဴးခ့ဲဖူးၿပီး ၂၀၁၇-၁၈ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ဒု-အေက်ာ့ပြဲစဥ္အျဖစ္ စပါးကို ၁-၂ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ ဂ်ဴဗင္တပ္စ္အတြက္ အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit

အဲဒီပြဲအၿပီးမွာ ပိုခ်က္တီႏိုက ဒီဘားလားကို လူသိရွင္ၾကားခ်ီးက်ဴးခဲ့တာျဖစ္ၿပီး ကမၻာ့အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ဒီဘားလားရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၂ ခုႏွစ္ ေႏြရာသီေရာက္မွ ကုန္ဆုံးမွာျဖစ္ၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္က ပါလာမုိတုိက္စစ္မွဴးေဟာင္း ဒီဘားလားအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀ ေတာင္းဆုိဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Photo Credit ; PA

Unicode

ဒီဘားလားကို ခေါ်ယူဖို့ စပါးအသင်း ရေပန်းအစားဆုံးဖြစ်လာ

လောင်းကစားကုမ္ပဏီတွေရဲ့အလေးသတ်မှတ်ချက်အရ စပါးအသင်းဟာ ပြင်သစ်အင်အားကြီး ပီအက်စ်ဂျီအသင်းကို ကျော်ဖြတ်ပြီး ယခုနွေရာသီအတွင်း ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပါတယ်။ အသက် ၂၅နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းမှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်ခဲ့ရပြီး အခုလည်း နည်းပြသစ်ဆာရီရဲ့လက်အောက်မှာ အနာဂတ်မသေမချာဖြစ်နေပါတယ်။
Oddschecker ရဲ့ဖော်ပြချက်အရ ဘွတ်ကီအများစုက စပါးအသင်းထံ ဒီဘားလားရောက်ရှိဖို့အတွက် မူလက ၃၃/၁ သာ အလေးပေးရာကနေ ၃/၁ အထိ အလေးပေးမှုတွေ မြှင့်တင်လိုက်ပြီး Betfred နဲ့ Betway တို့က ဒီဘားလားကို ခေါ်ယူရေးကြိုးစားမှုမှာ ချန်ပီယံလိဂ်ဒုတိယဆုရှင် စပါးအသင်းအသာရလိမ့်မယ်လို့ ထိပ်ဆုံးကနေ အလေးပေးလာကာ Sky Bet ကတော့ ပီအက်စ်ဂျီကို ၇/၂ နဲ့ ထိပ်ဆုံးကနေ အလေးပေးဖွင့်လှစ်ထားပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ၂၄နာရီအတွင်း ထိုးသား ၈၄% က စပါးအသင်းဘက်ကို ထိုးခဲ့တယ်လို့ သိရပါတယ်။
အင်တာမီလန်က ၈/၁၊ ပြီးခဲ့တဲ့ ၁၂လအတွင်း ဒီဘားလားကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့တဲ့ ယူနိုက်တက်က ၁၂/၁ နဲ့ အလေးပေးခြင်းခံထားရပါတယ်။ ”တူရင်မှာ ခေါင်းကြီးသတင်းမှန်သမျှက ရော်နယ်ဒိုအကြောင်းတွေပဲဆိုတော့ ဒီဘားလားတစ်ယောက် ဂျူဗင်တပ်စ်ကနေ အသင်းပြောင်းချင်နေတာ အံ့သြစရာတော့မရှိပါဘူး”လို့ Oddschecker ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝီလ်ဆင်က ပြောပါတယ်။
စပါးအသင်းနည်းပြ ပိုချက်တီနိုကလည်း ဒီဘားလားရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ယခုနွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ဒိန်းမတ်ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်ရဲ့နေရာမှာ ဒီဘားလားကို အစားထိုးဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၄၇နှစ်အရွယ်ရှိ ပိုချက်တီနိုက အရင်ကလည်း တစ်နိုင်ငံတည်းသား ဒီဘားလားကို လူသိရှင်ကြားချီးကျူးခဲ့ဖူးပြီး ၂၀၁၇-၁၈ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ဒု-အကျော့ပွဲစဉ်အဖြစ် စပါးကို ၁-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီပွဲအပြီးမှာ ပိုချက်တီနိုက ဒီဘားလားကို လူသိရှင်ကြားချီးကျူးခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဘားလားရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ် နွေရာသီရောက်မှ ကုန်ဆုံးမှာဖြစ်ပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်က ပါလာမိုတိုက်စစ်မှူးဟောင်း ဒီဘားလားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ တောင်းဆိုဖွယ်ရှိနေကြောင်း သိရပါတယ်။