
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်စ်အသင်းရဲ့ဒု-ဥက္ကဌဖြစ်သူ နက်ဗက်က အသင်းတိုက်စစ်မှူးဒီဘားလားကို စာချုပ်သက်တမ်းတိုးဖို့အတွက် လာမယ့်တစ်ပတ်ကျရင် ဆွေးနွေးမှုတွေစတင်ပြုလုပ်သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဒီဘားလားဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်သာကျန်ရှိတော့ပြီး အခုနွေရာသီမှာ သူ့ကိုခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင် ဥရောပထိပ်သီးအသင်းတချို့ ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဂျူဗင်တပ်စ်အသင်းဆီတစ်ကျော့ပြန်ရောက်ရှိလာတဲ့ နည်းပြအယ်လီဂရီဟာ အသင်းတိုက်စစ်မှာ စီရော်နယ်လ်ဒိုနဲ့ ဒီဘားလားတို့အတွဲကို အဓိကအတွဲအဖက်အဖြစ် ဆက်လက်အသုံးပြုဖို့ ဆန္ဒရှိနေပြီး
အခု အသင်းဒု-ဥက္ကဌဖြစ်တဲ့နက်ဗက်ကလည်း ဒီဘားလားကို စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပြီလို့ အတည်ပြုခဲ့တာကြောင့် ဒီဘားလားဟာ ဂျူဗင်တပ်စ်အသင်းမှာပဲ နောက်ထပ်နှစ်အတော်ကြာအောင် ဆက်ရှိနေဖို့သေချာသွားပါပြီ။
နက်ဗက်က “စာချုပ်သစ်ကိစ္စဆွေးနွေးဖို့အတွက် လာမယ့်တစ်ပတ်ကျရင် ဒီဘားလားရဲ့အေးဂျင့်နဲ့ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
အယ်လီဂရီကလည်း တိုက်စစ်မှာ ဒီဘားလားနဲ့စီရော်နယ်လ်ဒိုတို့နှစ်ဦးကို တွဲဖက်အသုံးပြုဖို့ ဆန္ဒပြင်းနေတာပါ”လို့ပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အခုနှစ်အစောပိုင်းကတည်းက ဒီဘားလားကို စာချုပ်သက်တမ်းတိုးဖို့ကြိုးစားခဲ့ပေမယ့် ဆွေးနွေးမှုက မအောင်မြင်ခဲ့ပါဘူး။
ဒီဘားလားဟာ ပြီးခဲ့တဲ့၂၀၂၀-၂၁ ရာသီတုန်းက ဒဏ်ရာပြဿနာနဲ့ အဖျားရောဂါဝေဒနာတွေကြောင့် ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့ဘဲ အသင်းရဲ့ပွဲစဉ်စုစုပေါင်း(၂၁)ပွဲအထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဒီဘားလားဟာ ၂၀၂၀ နှစ်စပိုင်းတုန်းက ကိုဗစ်ရောဂါဆိုးကူးစက်ခံခဲ့ရလို့ ကြံ့ခိုင်မှုမပြည့်ဝတဲ့အပြင် ရာသီအလယ်လောက်မှာလည်း ဒူးဒဏ်ရာကြောင့် စီးရီးအေ(၁၁)ပွဲဆက် လွဲချော်ခဲ့ပြီး
၂၀၂၀-၂၁ ရာသီတစ်လျှောက် အသင်းအတွက်(၂၆)ပွဲကစား၊ (၅)ဂိုးသာသွင်းယူနိုင်ခဲ့ပြီးတော့ ဂိုးဖန်တီးမှု(၃)ကြိမ်သာပြုလုပ်နိုင်ခဲ့တာပါ။
အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းက အခုနွေရာသီမှာ ဒီဘားလားကို ရောင်းချဖို့စီစဉ်နေပြီလို့သတင်းထွက်ခဲ့ပေမယ့် နည်းပြအဖြစ်အယ်လီဂရီ ပြန်လည်ခန့်အပ်ခံခဲ့ရပြီးတဲ့နောက် သူက ဒီဘားလားနဲ့တွေ့ဆုံစကားပြောခဲ့ပြီး အသင်းမှာဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းကို အယ်လီဂရီ ပထမအကြိမ်ကိုင်တွယ်ခဲ့တုန်းက ဒီဘားလားဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဲဒီကာလအတွင်း (၇၄)ဂိုးအထိသွင်းယူခဲ့သလို ၂၀၁၇-၁၈ ရာသီက တစ်ရာသီအတွင်း (၂၆)ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဒီဘားလားကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းသြားမယ္လို႔ ဂ်ဴဗင္တပ္စ္အတည္ျပဳ
ဂ်ဴဗင္တပ္စ္အသင္းရဲ႕ဒု-ဥကၠဌျဖစ္သူ နက္ဗက္က အသင္းတိုက္စစ္မႉးဒီဘားလားကို စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ လာမယ့္တစ္ပတ္က်ရင္ ေဆြးေႏြးမႈေတြစတင္ျပဳလုပ္သြားမယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးဒီဘားလားဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း(၁)ႏွစ္သာက်န္ရွိေတာ့ၿပီး အခုေႏြရာသီမွာ သူ႔ကိုေခၚယူဖို႔အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအပါအဝင္ ဥေရာပထိပ္သီးအသင္းတခ်ိဳ႕ ပစ္မွတ္ထားေနၾကတာျဖစ္ပါတယ္။
ဒါေပမဲ့လည္း ဂ်ဴဗင္တပ္စ္အသင္းဆီတစ္ေက်ာ့ျပန္ေရာက္ရွိလာတဲ့ နည္းျပအယ္လီဂရီဟာ အသင္းတိုက္စစ္မွာ စီေရာ္နယ္လ္ဒိုနဲ႔ ဒီဘားလားတို႔အတြဲကို အဓိကအတြဲအဖက္အျဖစ္ ဆက္လက္အသုံးျပဳဖို႔ ဆႏၵရွိေနၿပီး အခု အသင္းဒု-ဥကၠဌျဖစ္တဲ့နက္ဗက္ကလည္း ဒီဘားလားကို စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနၿပီလို႔ အတည္ျပဳခဲ့တာေၾကာင့္ ဒီဘားလားဟာ ဂ်ဴဗင္တပ္စ္အသင္းမွာပဲ ေနာက္ထပ္ႏွစ္အေတာ္ၾကာေအာင္ ဆက္ရွိေနဖို႔ေသခ်ာသြားပါၿပီ။ နက္ဗက္က “စာခ်ဳပ္သစ္ကိစၥေဆြးေႏြးဖို႔အတြက္ လာမယ့္တစ္ပတ္က်ရင္ ဒီဘားလားရဲ႕ေအးဂ်င့္နဲ႔ ကြၽန္ေတာ္တို႔ေတြ႕ဆုံေဆြးေႏြးသြားမွာျဖစ္ပါတယ္။ အယ္လီဂရီကလည္း တိုက္စစ္မွာ ဒီဘားလားနဲ႔စီေရာ္နယ္လ္ဒိုတို႔ႏွစ္ဦးကို တြဲဖက္အသုံးျပဳဖို႔ ဆႏၵျပင္းေနတာပါ”လို႔ေျပာၾကားခဲ့ပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းဟာ အခုႏွစ္အေစာပိုင္းကတည္းက ဒီဘားလားကို စာခ်ဳပ္သက္တမ္းတိုးဖို႔ႀကိဳးစားခဲ့ေပမယ့္ ေဆြးေႏြးမႈက မေအာင္ျမင္ခဲ့ပါဘူး။ ဒီဘားလားဟာ ၿပီးခဲ့တဲ့၂၀၂၀-၂၁ ရာသီတုန္းက ဒဏ္ရာျပႆနာနဲ႔ အဖ်ားေရာဂါေဝဒနာေတြေၾကာင့္ ပုံမွန္ေျခစြမ္းမျပႏိုင္ခဲ့ဘဲ အသင္းရဲ႕ပြဲစဥ္စုစုေပါင္း(၂၁)ပြဲအထိ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဒီဘားလားဟာ ၂၀၂၀ ႏွစ္စပိုင္းတုန္းက ကိုဗစ္ေရာဂါဆိုးကူးစက္ခံခဲ့ရလို႔ ႀကံ့ခိုင္မႈမျပည့္ဝတဲ့အျပင္ ရာသီအလယ္ေလာက္မွာလည္း ဒူးဒဏ္ရာေၾကာင့္ စီးရီးေအ(၁၁)ပြဲဆက္ လြဲေခ်ာ္ခဲ့ၿပီး ၂၀၂၀-၂၁ ရာသီတစ္ေလွ်ာက္ အသင္းအတြက္(၂၆)ပြဲကစား၊ (၅)ဂိုးသာသြင္းယူႏိုင္ခဲ့ၿပီးေတာ့ ဂိုးဖန္တီးမႈ(၃)ႀကိမ္သာျပဳလုပ္ႏိုင္ခဲ့တာပါ။
အဲဒါေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းက အခုေႏြရာသီမွာ ဒီဘားလားကို ေရာင္းခ်ဖို႔စီစဥ္ေနၿပီလို႔သတင္းထြက္ခဲ့ေပမယ့္ နည္းျပအျဖစ္အယ္လီဂရီ ျပန္လည္ခန႔္အပ္ခံခဲ့ရၿပီးတဲ့ေနာက္ သူက ဒီဘားလားနဲ႔ေတြ႕ဆုံစကားေျပာခဲ့ၿပီး အသင္းမွာဆက္ထားဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကို အယ္လီဂရီ ပထမအႀကိမ္ကိုင္တြယ္ခဲ့တုန္းက ဒီဘားလားဟာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး အဲဒီကာလအတြင္း (၇၄)ဂိုးအထိသြင္းယူခဲ့သလို ၂၀၁၇-၁၈ ရာသီက တစ္ရာသီအတြင္း (၂၆)ဂိုးအထိသြင္းယူခဲ့တာျဖစ္ပါတယ္။