ဒီဘရိုင်း နှင့် ဆာလက်တို ့ ချဲလ်ဆီးမှာ ဘာလို့ မအောင်မြင်ခဲ့လဲဆိုတာ အော်စကာ ရှင်းလင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီး ကြယ်ပွင့်ကစားသမားဟောင်း အော်စကာက အသင်းဖော်ဟောင်းတေွ ဖြစ်တဲ့ ကီဗင် ဒီဘရိုင်း နှင့် မိုဟာမက် ဆာလက်တို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အောင်မြင်မှုမရခဲ့တဲ့ အကြောင်းပြချက်ကို ရှင်းလင်းသွားခဲ့ပါတယ် ။ အော်စကာဟာ တရုတ်ကလပ် ရှန်ဟိုင်းအသင်းထံ ပြောင်းရေွ့ခြင်းမပြုမီ ၂၀၁၂ ကနေ ၂၀၁၇ ထိ ချဲလ်ဆီးအသင်းနဲ့အတူ ( ၂၀၃ ) ပွဲကစားခဲ့ပြီး ( ၃၈ ) ဂိုး သွင်းယူပေးခဲ့ပါတယ်။

အဆိုပါ ကာလအတွင်း အော်စကာအနေနဲ့ နောက်ပိုင်းမှာ ပရီိးမီးယားလိဂ် ကြယ်ပွင့်တွေ ဖြစ်လာမယ့် ဒီဘရိုင်း ၊ ဆာလက်တို့နဲ့အတူ တွဲဖက်ကစားခဲ့ပါတယ်။ လက်ရှိမှာ ဒီဘရိုင်းက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုတေွရရှိထားသလို ဆာလက်ကလည်း လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ် နှင့် ပရီးမီးယားလိဂ် ဖလားတွေ သိမ်းပိုက်ထားပါတယ်။

အော်စကာက ဒီဘရိုင်းရဲ့ တည်ငြိမ်တဲ့ခြေစွမ်း ပျောက်ရှုံးမှု နှင့် ဆာလက် ရဲ့ ရှက်ရွံ့မှုတို့ကြောင့် သူတို့ ( ၂ ) ဦးဟာ မော်ရင်ဟို လက်အောက်မှာ ရုန်းကန်ခဲ့ရတာလို့ ဆိုပါတယ်။ အော်စကာက Yellow and Green Football နဲ့ တွေ့ဆုံရာမှာ ဒီဘရိုင်းက ကျွန်တော့်ကို ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ကျွန်တော်ရယ် ၊ ဟာဇက် ရယ် ၊ ဒီဘရိုင်းရယ် တွဲကစားခဲ့ပါသေးတယ်။ အလုပ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ သူ ( ဒီဘရိုင်း ) က ဒဏ်ရာရသွားခဲ့ပါတယ် ။ ဒါကြောင့် အသင်းမှာ ကွင်းလယ်ကစားသမား တွေများနေတဲ့အချိန် သူ့အတွက် နေရာမရ ဖြစ်သွားတာပါဟု ပြောဆိုခဲ့ပါတယ်။ ဆာလက်ကတော့ မတူပါဘူး။ လေ့ကျင့်‌ေရးကွင်းမှာ သူ့ကို ရပ်တန့်လို့ မရပါဘူး။ ဒါပေမယ့် သူက အမြဲ ရှက်ရွံ့ပြီး တိတ်တိတ်ဆိတ်ဆိတ် နေလေ့ရှိပါတယ်။

အဲ့ဒီအချိန်တုန်းက သူ့မှာ လက်ရှိ လီဗာပူးအတွက် ကစားပေးနေတဲ့ ယုံကြည်မှုမျိုး ရှိမနေခဲ့ဘူးလို့ ထင်ပါတယ်။ ဒီဘရိုင်းက လက်ရှိမှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ဆုဖလား ( ၂ ) ကြိမ်အပါအဝင် စုစုပေါင်း ဖလား ( ၈ ) လုံး ရရှိထားပါတယ် ။ ဆာလက်ကတော့ လီဗာပူးအသင်းအတွက် ပွဲပေါင်း ( ၁၈၀ ) ကစားထားပြီး ( ၁၁၃ ) ဂိုးသွင်းယူထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီဘ႐ိုင္း ႏွင့္ ဆာလက္တို ့ ခ်ဲလ္ဆီးမွာ ဘာလို႔ မေအာင္ျမင္ခဲ့လဲဆိုတာ ေအာ္စကာ ရွင္းလင္း

ခ်ဲလ္ဆီး ၾကယ္ပြင့္ကစားသမားေဟာင္း ေအာ္စကာက အသင္းေဖာ္ေဟာင္းေတြ ျဖစ္တဲ့ ကီဗင္ ဒီဘ႐ိုင္း ႏွင့္ မိုဟာမက္ ဆာလက္တို႔ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ေအာင္ျမင္မႈမရခဲ့တဲ့ အေၾကာင္းျပခ်က္ကို ရွင္းလင္းသြားခဲ့ပါတယ္။ ေအာ္စကာဟာ တ႐ုတ္ကလပ္ ရွန္ဟိုင္းအသင္းထံ ေျပာင္းေရြ႕ျခင္းမျပဳမီ ၂၀၁၂ ကေန ၂၀၁၇ ထိ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ( ၂၀၃ ) ပြဲကစားခဲ့ၿပီး ( ၃၈ ) ဂိုး သြင္းယူေပးခဲ့ပါတယ္။ အဆိုပါ ကာလအတြင္း ေအာ္စကာအေနနဲ႔ ေနာက္ပိုင္းမွာ ပရီိးမီးယားလိဂ္ ၾကယ္ပြင့္ေတြ ျဖစ္လာမယ့္ ဒီဘ႐ိုင္း ၊ ဆာလက္တို႔နဲ႔အတူ တြဲဖက္ကစားခဲ့ပါတယ္။

လက္ရွိမွာ ဒီဘ႐ိုင္းက မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုေတြရရွိထားသလို ဆာလက္ကလည္း လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ ႏွင့္ ပရီးမီးယားလိဂ္ ဖလားေတြ သိမ္းပိုက္ထားပါတယ္။ ေအာ္စကာက ဒီဘ႐ိုင္းရဲ႕ တည္ၿငိမ္တဲ့ေျခစြမ္း ေပ်ာက္ရႈံးမႈ ႏွင့္ ဆာလက္ ရဲ႕ ရွက္႐ြံ႕မႈတို႔ေၾကာင့္ သူတို႔ ( ၂ ) ဦးဟာ ေမာ္ရင္ဟို လက္ေအာက္မွာ ႐ုန္းကန္ခဲ့ရတာလို႔ ဆိုပါတယ္။

ေအာ္စကာက Yellow and Green Football နဲ႔ ေတြ႕ဆုံရာမွာ ဒီဘ႐ိုင္းက ကြၽန္ေတာ့္ကို ဂိုးဖန္တီးမႈ တစ္ႀကိမ္ ျပဳလုပ္ေပးခဲ့ပါတယ္။ ကြင္းလယ္မွာ ကြၽန္ေတာ္ရယ္၊ ဟာဇက္ ရယ္၊ ဒီဘ႐ိုင္းရယ္ တြဲကစားခဲ့ပါေသးတယ္။ အလုပ္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ မၾကာခင္မွာပဲ သူ ( ဒီဘ႐ိုင္း ) က ဒဏ္ရာရသြားခဲ့ပါတယ္ ။ ဒါေၾကာင့္ အသင္းမွာ ကြင္းလယ္ကစားသမား ေတြမ်ားေနတဲ့အခ်ိန္ သူ႔အတြက္ ေနရာမရ ျဖစ္သြားတာပါဟု ေျပာဆိုခဲ့ပါတယ္။ ဆာလက္ကေတာ့ မတူပါဘူး။ ေလ့က်င့္‌ေရးကြင္းမွာ သူ႔ကို ရပ္တန႔္လို႔ မရပါဘူး။ ဒါေပမယ့္ သူက အၿမဲ ရွက္႐ြံ႕ၿပီး တိတ္တိတ္ဆိတ္ဆိတ္ ေနေလ့ရွိပါတယ္။ အဲ့ဒီအခ်ိန္တုန္းက သူ႔မွာ လက္ရွိ လီဗာပူးအတြက္ ကစားေပးေနတဲ့ ယုံၾကည္မႈမ်ိဳး ရွိမေနခဲ့ဘူးလို႔ ထင္ပါတယ္။

ဒီဘ႐ိုင္းက လက္ရွိမွာ မန္စီးတီးအသင္းနဲ႔ ပရီးမီးယားလိဂ္ ဆုဖလား ( ၂ ) ႀကိမ္အပါအဝင္ စုစုေပါင္း ဖလား ( ၈ ) လုံး ရရွိထားပါတယ္ ။ ဆာလက္ကေတာ့ လီဗာပူးအသင္းအတြက္ ပြဲေပါင္း ( ၁၈၀ ) ကစားထားၿပီး ( ၁၁၃ ) ဂိုးသြင္းယူထားပါတယ္