ဒီဘရိုင်းမပါနိုင်တဲ့အချိန်မှာ ဈေးကွက်အပြောင်းအလဲ သိသိသာသာ ကျသွားတဲ့ ဘယ်ဂျီယံ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Euro 2020 ပြိုင်ပွဲရဲ့ အုပ်စု B ဒုတိယပွဲစဉ်မှာ ကမ္ဘာ့ နံပါတ် ၁ ဘယ်ဂျီယံအသင်းနဲ့ ၂၀၁၈ ကမ္ဘာဖလား အိမ်ရှင် ရုရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
အုပ်စု B ရဲ့ အိမ်ရှင်အသင်းတွေထဲမှာ ဒိန်းမတ်နဲ့ ရုရှားတို့ပါဝင်ပါတယ်။
တိုက်ဆိုင်တာက ဘယ်ဂျီယံနဲ့ ရုရှားဟာ Euro 2020 ပြိုင်ပွဲရဲ့ ခြေစစ်ပွဲစဉ်မှာလည်း တစ်အုပ်စုတည်း အတူကျရောက်ခဲ့ပြီး အခုတစ်ခါ တကယ့်ပြိုင်ပွဲမှာလည်း တစ်အုပ်စုတည်း ရေစက်ထပ်ဆုံတာပါ။
ခြေစစ်ပွဲမှာတုန်းက ဘယ်ဂျီယံဟာ ရုရှားကို ၂ကျော့စလုံး အိမ်ကွင်း အဝေးကွင်း ဂိုးပြတ်တွေနဲ့ အနိုင်ယူထားပါတယ်။
ရုရှားမြေမှာ ၁-၄ နဲ့ အနိုင်ယူခဲ့ပြီး အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ယူခဲ့ပါတယ်။
ဘယ်၈ျီယံမှာ အားထားရတဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းက ချန်ပီယံလိ၈်ဗိုလ်လုပွဲက မျက်နှာထိခိုက်တဲ့ ဒဏ်ရာ မသက်သာတဲ့အတွက် ဒီပွဲမှာ မပါဝင်နိုင်ပါဘူး။
ဟာဇက်ကတော့ ကြံံခိုင်မှုအခြေအနေအပေါ် မူတည်ပြီး 50/50 ပါပဲ။
ဒါပေမယ့် ဒီဘရိုင်းနဲ့ ဟာဇက်မပါရင်တောင် ဘယ်ဂျီယံအသင်းရဲ့ ရွေးချယ်ထားတဲ့ လူစာရင်းက အများကြီး တောင့်တင်းပြီးသားပါ။
ခြေစစ်ပွဲတွေမှာ ဒီဘရိုင်းက ၄ဂိုး၊ ဟာဇက်က ၅ဂိုး သွင်းခဲ့တဲ့အတွက် သူတို့ ၂ယောက်မပါရင် တိုက်စစ်အား နည်းသွားမယ်လို့ ထင်စရာရှိပေမယ့်
ခြေစစ်ပွဲတစ်လျှောက်မှာ အသင်းလိုက် သွင်းဂိုး ၄၀ အထိ ရထားခဲ့ပြီး မတူညီတဲ့ ကစားသမား ၁၅ဦးက သွင်းထားတာကိုကြည့်ရင် သူတို့ ၂ယောက်မပါလည်း သိပ်ဖြုံစရာမရှိပါဘူး။
ဘယ်ဂျီယံအတွက် ဂိုးမျှော်လို့ရတဲ့ လူကာကူကလည်း တိုက်စစ်မှ ထီးထီးချည်း ရှိပါသေးတယ်။
အင်တာမီလန်နဲ့အတူ အကောင်းဆုံး ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းလာတဲ့ လူကာကူဟာ ခြေစစ်ပွဲတွေမှာတုန်းက ၇ဂိုး သွင်းယူပေးထားခဲ့ပါတယ်။
ခံစစ်အနေနဲ့ကလည်း ဂိုးပေါက်မှာ ရီးရဲလ်က ကော်တွိုက်စ် စောင့်နေပြီး ခြေစစ်ပွဲတွေမှာ ၃ဂိုးသာ ပေးခဲ့ရတဲ့အထိ နောက်တန်းနဲ့ ဂိုးသမား အားကောင်းပါတယ်။
ရူုရှားမှာတိုက်စစ်က ဇင်းနစ်တိုက်စစ်မှုး ဒီဇူဘာပဲ ဦးဆောင်လာဖို့ရှိပါတယ်။
ဟန်ဂေရီ၊ ဆွီဒင်နဲ့ ဆလိုဗက်ကီးယားတို့လို အသင်းတွေကိုတောင် ၂ဂိုးစီ ပေးခဲ့ရပြီး တူရကီကို ၃ဂိုး၊ ဆားဘီးယားကို ၅ဂိုး ပေးခဲ့ရတဲ့ ရုရှားအနေနဲ့ ဘယ်ဂျီယံတိုက်စစ်ကို ထိန်းနိုင်စရာ မရှိပါဘူး။
ဒါပေမယ့် သတိထားရမှာက ည ၈း၃၀နာရီ ဈေးကွက်အနေအထားမှာ စဖွင့်တဲ့ ဘယ်ဂျီယံ (1+60) ကနေ (=100) အထိ ဈေးကျသွားတာပါပဲ။
မိတ်ဆွေတို့ ဘယ်ဖက်က အားပေမလဲ?
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မိတ်ဆွေတို့ ဘယ်ဖက်က အားပေးမလဲ?