ဒီပိုင်း ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဘာစီလိုနာ အရမ်းကံကောင်းသွားတယ်လို့ အီတူး ဖွင့်ဟ

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

ပြင်သစ်ကလပ် လိုင်ယွန်အသင်းကနေ နယ်သာလန် တိုက်စစ်မှူး ဒီပိုင်း ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့လို့ ဘာစီလိုနာအသင်းဟာ ကံကောင်းသွားတယ်လို့ ကစားသမားဟောင်း အီတူး က အခုလို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အီတူး “ ဒီပိုင်း ကို ခေါ်ယူနိုင်ခဲ့လို့ ဘာစီလိုနာ အသင်း ကံကောင်းသွားခဲ့ပါတယ်။

သူ့ဆီမှာ အရေးကြီးတဲ့ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။

အသင်းကို ထမ်းတင်ပေးနိုင်တယ်ဆိုတာကိုလည်း သူ သက်သေပြထားပြီးပါပြီ။

သူက ဘာစီလိုနာ အသင်းရဲ့ ခေါင်းဆောင်အသစ် ဖြစ်လာမယ်လို့ ကျွန်တော်ထင်တယ် “ လို့ ပြောခဲ့ပါတယ်။

ဒီပိုင်း ဟာ ဘာစီလိုနာ အတွက် ၃ ပွဲကစားပေးပြီးချိန်မှာ သွင်းဂိုး ၂ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး မက်ဆီ ရဲ့ ဟာကွက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနေပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာလည်း နယ်သာလန်အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့ပြီး သူ့ရဲ့ ခြေစွမ်းတွေဟာ ရပ်တန့်လို့မရလောက်အောင် ဖြစ်နေပြီလို့ ဆိုရမှာပါ။

ဒါကြောင့်မို့ ကင်မရွန်း ဂန္တဝင် တိုက်စစ်မှူးကြီး အီတူး က ဒီပိုင်း ကို ချီးကျူးစကားဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီ ၊ ရော်နယ်ဒို ၊ ရာမို့စ် တို့လို ကမ္ဘာ့အဆင့်ကစားသမားတွေ ထွက်ခွါသွားတာကြောင့် လာလီဂါပြိုင်ပွဲအပေါ် လူစိတ်ဝင်စားမှုလျော့နည်းလာပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး

အီတူး က “ လာလီဂါပြိုင်ပွဲမှာ ကမ္ဘာ့အကောင်းဆုံး အသင်း ၂ သင်း ( ဘာစီလိုနာ ၊ ရီးရဲလ် ) အပါအဝင် အသင်းကောင်းတွေ အများကြီးရှိပါတယ်။

ကစားသမားတိုင်းက ဒီ ၂ သင်းမှာ ကစားခွင့်ရဖို့ အိပ်မက်မက်နေကြဆဲပါ “ လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး အီတူး က ရီးရဲလ်အသင်းမှာ ရော်နယ်ဒို နေရာကို ဆက်ခံထားတဲ့ ဟာဇက် အနေနဲ့ ဒီရာသီမှာ ခြေစွမ်းပြန်ပြသနိုင်လိမ့်မယ်လို့လည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi

ဒီပိုင္း ကို ေခၚယူႏိုင္ခဲ့တဲ့အတြက္ ဘာစီလိုနာ အရမ္းကံေကာင္းသြားတယ္လို႔ အီတူး ဖြင့္ဟ

ျပင္သစ္ကလပ္ လိုင္ယြန္အသင္းကေန နယ္သာလန္ တိုက္စစ္မႉး ဒီပိုင္း ကို ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႔ ေခၚယူႏိုင္ခဲ့လို႔ ဘာစီလိုနာအသင္းဟာ ကံေကာင္းသြားတယ္လို႔ ကစားသမားေဟာင္း အီတူး က အခုလို ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

အီတူး “ ဒီပိုင္း ကို ေခၚယူႏိုင္ခဲ့လို႔ ဘာစီလိုနာ အသင္း ကံေကာင္းသြားခဲ့ပါတယ္။ သူ႔ဆီမွာ အေရးႀကီးတဲ့ အေတြ႕အႀကဳံေတြ အမ်ားႀကီးရွိပါတယ္။ အသင္းကို ထမ္းတင္ေပးႏိုင္တယ္ဆိုတာကိုလည္း သူ သက္ေသျပထားၿပီးပါၿပီ။ သူက ဘာစီလိုနာ အသင္းရဲ႕ ေခါင္းေဆာင္အသစ္ ျဖစ္လာမယ္လို႔ ကြၽန္ေတာ္ထင္တယ္ “ လို႔ ေျပာခဲ့ပါတယ္။

ဒီပိုင္း ဟာ ဘာစီလိုနာ အတြက္ ၃ ပြဲကစားေပးၿပီးခ်ိန္မွာ သြင္းဂိုး ၂ ဂိုးသြင္းယူေပးထားႏိုင္ခဲ့ၿပီး မက္ဆီ ရဲ႕ ဟာကြက္ကို အေကာင္းဆုံးျဖည့္ဆည္းေပးေနပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာလည္း နယ္သာလန္အသင္းအတြက္ ဟက္ထရစ္သြင္းယူေပးခဲ့ၿပီး သူ႔ရဲ႕ ေျခစြမ္းေတြဟာ ရပ္တန္႔လို႔မရေလာက္ေအာင္ ျဖစ္ေနၿပီလို႔ ဆိုရမွာပါ။ ဒါေၾကာင့္မို႔ ကင္မ႐ြန္း ဂႏၲဝင္ တိုက္စစ္မႉးႀကီး အီတူး က ဒီပိုင္း ကို ခ်ီးက်ဴးစကားဆိုခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ မက္ဆီ ၊ ေရာ္နယ္ဒို ၊ ရာမို႔စ္ တို႔လို ကမာၻ႔အဆင့္ကစားသမားေတြ ထြက္ခြါသြားတာေၾကာင့္ လာလီဂါၿပိဳင္ပြဲအေပၚ လူစိတ္ဝင္စားမႈေလ်ာ့နည္းလာၿပီဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး အီတူး က “ လာလီဂါၿပိဳင္ပြဲမွာ ကမာၻ႔အေကာင္းဆုံး အသင္း ၂ သင္း ( ဘာစီလိုနာ ၊ ရီးရဲလ္ ) အပါအဝင္ အသင္းေကာင္းေတြ အမ်ားႀကီးရွိပါတယ္။ ကစားသမားတိုင္းက ဒီ ၂ သင္းမွာ ကစားခြင့္ရဖို႔ အိပ္မက္မက္ေနၾကဆဲပါ “ လို႔ သူ႔ရဲ႕အျမင္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဆက္လက္ၿပီး အီတူး က ရီးရဲလ္အသင္းမွာ ေရာ္နယ္ဒို ေနရာကို ဆက္ခံထားတဲ့ ဟာဇက္ အေနနဲ႔ ဒီရာသီမွာ ေျခစြမ္းျပန္ျပသႏိုင္လိမ့္မယ္လို႔လည္း သုံးသပ္ေျပာဆိုခဲ့ပါတယ္။