ဒီပိုင်းနဲ့ Selfie ရိုက်ခွင့်ရဖို့ ကွင်းထဲပြေးဝင်ခဲ့တဲ့ (၁၃)နှစ်အရွယ်ကလေးငယ် ပွဲကြည့်ခွင့်(၅)နှစ်ပိတ်ပင်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မွန်တီနီဂရိုးနဲ့ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲကစားချိန်အတွင်း ကွင်းထဲပြေးဝင်လာပြီး နယ်သာလန်နာမည်ကျော်ကစားသမားဒီပိုင်းနဲ့ Selfie ရိုက်ခဲ့သူ

အသက်(၁၃)နှစ်အရွယ်ကောင်လေးကို နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က အဲဒီပွဲကစားခဲ့တဲ့ Philips Stadion ကွင်းမှာ ပွဲကြည့်ရှုခွင့်(၅)နှစ်ပိတ်ပင်ခဲ့ပါတယ်။

Amin လို့အမည်ရတဲ့ အဲဒီကောင်လေးဟာ ဆားဘီးယားကို နယ်သာလန်အသင်း(၄-၀)ဂိုးပြတ်နဲ့အနိုင်ရနေချိန်၊ ဒုတိယပိုင်း(၈၉)မိနစ်မှာ သူ့အချစ်တော်ကစားသမားဒီပိုင်းနဲ့ ဓာတ်ပုံအတူတွဲရိုက်ခွင့်ရဖို့ အတားအဆီးတွေကိုကျော်ဖြတ်ပြီး ကွင်းထဲပြေးဝင်ခဲ့တာပါ။

အဲဒါကြောင့် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က Amin ကို လာမယ့်(၅)နှစ်အတွင်း Philips Stadion ကွင်းမှာကစားမယ့်ပွဲစဉ်တွေကြည့်ရှုခွင့်ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒဏ်ငွေအဖြစ် ပေါင်(၃၀၀)ချမှတ်ခဲ့ပေမယ့်

နောက်ပိုင်းမှာ Amin ရဲ့အသက်အရွယ်ငယ်ရွယ်သေးတာကို ထည့်စဉ်းစားပြီးတော့ (၈၆)ပေါင်သာ ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ပရိသတ်တစ်ဦးက နယ်သာလန်နောက်ခံလူဗန်ဒိုက်နဲ့ဓာတ်ပုံအတူတွဲရိုက်ခွင့်ရဖို့ ကြိုးစားခဲ့တဲ့အဖြစ်အပျက် ဖြစ်ပွားခဲ့ပါသေးတယ်။

စက်တင်ဘာ(၁)ရက်က နော်ဝေအသင်းနဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ဗန်ဒိုက် အင်တာဗျူးဖြေနေတုန်း ပရိသတ်တစ်ဦးရောက်လာပြီး သူနဲ့ Selfie တွဲရိုက်ဖို့ကြိုးစားခဲ့ပေမယ့် ဗန်ဒိုက်က လက်မခံဘဲ အဲဒီပရိသတ်ကို တွန်းလွှတ်ခဲ့တာကြောင့် လုံခြုံရေးတွေက ဝင်ရောက်ထိမ်းသိန်းခဲ့ရတာပါ။

အခု ဆားဘီးယားနဲ့ပွဲမှာလည်း Amin က ကွင်းထဲဝင်ပြေးခဲ့ပြီး သူ့နောက်က ပရိသတ်(၁၆)ယောက်ကလည်း Amin နဲ့အတူ ကွင်းထဲကျူးကျော်ဝင်ရောက်ဖို့ကြိုးစားခဲ့တာကြောင့် ပွဲကို ခဏရပ်ဆိုင်းရတဲ့အထိဖြစ်ခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်အတွက် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက Amin ရဲ့မိဘတွေဆီ ဆက်သွယ်ပြီးတော့ Philips Stadion ကွင်းမှာ (၅)နှစ်အထိပွဲကြည့်ခွင့်ပိတ်ပင်တဲ့ပြစ်ဒဏ်ချမှတ်လိုက်ပြီဆိုပြီး အသိပေးအကြောင်းကြားခဲ့တာဖြစ်ပါတယ်။

Amin ရဲ့မိခင်ဖြစ်သူ Naima Chahman က ဆားဘီးယားနဲ့ပွဲမှာ Amin ကို ကွင်းထဲဝင်ပြီးတော့ ဒီပိုင်းနဲ့ဓာတ်ပုံအတူရိုက်ဖို့ သူတို့တွေ အားပေးအားမြှောက်မလုပ်ခဲ့ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်ကို နယ်သာလန်ပရိသတ်အဖွဲ့အစည်းဖြစ်တဲ့ The Supportersclub Oranje ခေါင်းဆောင်ဖြစ်သူ Theo Pouw က ထောက်ခံခဲ့ပြီး သူက “Amin ဟာ သူကြိုက်တဲ့ကစားသမားတစ်ဦးနဲ့ဓာတ်ပုံရိုက်ခွင့်ရဖို့ ကြိုးစားခဲ့တာက အပြစ်တင်စရာကိစ္စတော့မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီလိုအပြုအမူမျိုးကိုတော့ လက်သင့်ခံလို့မရတာအမှန်ပါပဲ။

တခြားကလေးငယ်တွေပါ Amin ကို အတုယူပြီး ဒီလိုမျိုးတွေထပ်လုပ်မယ်ဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီပိုင္းနဲ႔ Selfie ႐ိုက္ခြင့္ရဖို႔ ကြင္းထဲေျပးဝင္ခဲ့တဲ့ (၁၃)ႏွစ္အ႐ြယ္ကေလးငယ္ ပြဲၾကည့္ခြင့္(၅)ႏွစ္ပိတ္ပင္ခံရ

မြန္တီနီဂ႐ိုးနဲ႔ကစားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ပြဲကစားခ်ိန္အတြင္း ကြင္းထဲေျပးဝင္လာၿပီး နယ္သာလန္နာမည္ေက်ာ္ကစားသမားဒီပိုင္းနဲ႔ Selfie ႐ိုက္ခဲ့သူ အသက္(၁၃)ႏွစ္အ႐ြယ္ေကာင္ေလးကို နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က အဲဒီပြဲကစားခဲ့တဲ့ Philips Stadion ကြင္းမွာ ပြဲၾကည့္ရႈခြင့္(၅)ႏွစ္ပိတ္ပင္ခဲ့ပါတယ္။ Amin လို႔အမည္ရတဲ့ အဲဒီေကာင္ေလးဟာ ဆားဘီးယားကို နယ္သာလန္အသင္း(၄-၀)ဂိုးျပတ္နဲ႔အႏိုင္ရေနခ်ိန္၊ ဒုတိယပိုင္း(၈၉)မိနစ္မွာ သူ႔အခ်စ္ေတာ္ကစားသမားဒီပိုင္းနဲ႔ ဓာတ္ပုံအတူတြဲ႐ိုက္ခြင့္ရဖို႔ အတားအဆီးေတြကိုေက်ာ္ျဖတ္ၿပီး ကြင္းထဲေျပးဝင္ခဲ့တာပါ။

အဲဒါေၾကာင့္ နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က Amin ကို လာမယ့္(၅)ႏွစ္အတြင္း Philips Stadion ကြင္းမွာကစားမယ့္ပြဲစဥ္ေတြၾကည့္ရႈခြင့္ပိတ္ပင္ခဲ့တာျဖစ္ၿပီး ဒဏ္ေငြအျဖစ္ ေပါင္(၃၀၀)ခ်မွတ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ Amin ရဲ႕အသက္အ႐ြယ္ငယ္႐ြယ္ေသးတာကို ထည့္စဥ္းစားၿပီးေတာ့ (၈၆)ေပါင္သာ ေျပာင္းလဲသတ္မွတ္ခဲ့တာျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း ပရိသတ္တစ္ဦးက နယ္သာလန္ေနာက္ခံလူဗန္ဒိုက္နဲ႔ဓာတ္ပုံအတူတြဲ႐ိုက္ခြင့္ရဖို႔ ႀကိဳးစားခဲ့တဲ့အျဖစ္အပ်က္ ျဖစ္ပြားခဲ့ပါေသးတယ္။

စက္တင္ဘာ(၁)ရက္က ေနာ္ေဝအသင္းနဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲအၿပီးမွာ ဗန္ဒိုက္ အင္တာဗ်ဴးေျဖေနတုန္း ပရိသတ္တစ္ဦးေရာက္လာၿပီး သူနဲ႔ Selfie တြဲ႐ိုက္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ဗန္ဒိုက္က လက္မခံဘဲ အဲဒီပရိသတ္ကို တြန္းလႊတ္ခဲ့တာေၾကာင့္ လုံၿခဳံေရးေတြက ဝင္ေရာက္ထိမ္းသိန္းခဲ့ရတာပါ။ အခု ဆားဘီးယားနဲ႔ပြဲမွာလည္း Amin က ကြင္းထဲဝင္ေျပးခဲ့ၿပီး သူ႔ေနာက္က ပရိသတ္(၁၆)ေယာက္ကလည္း Amin နဲ႔အတူ ကြင္းထဲက်ဴးေက်ာ္ဝင္ေရာက္ဖို႔ႀကိဳးစားခဲ့တာေၾကာင့္ ပြဲကို ခဏရပ္ဆိုင္းရတဲ့အထိျဖစ္ခဲ့ရပါတယ္။

အဲဒီအျဖစ္အပ်က္အတြက္ နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူေတြက Amin ရဲ႕မိဘေတြဆီ ဆက္သြယ္ၿပီးေတာ့ Philips Stadion ကြင္းမွာ (၅)ႏွစ္အထိပြဲၾကည့္ခြင့္ပိတ္ပင္တဲ့ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီဆိုၿပီး အသိေပးအေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။ Amin ရဲ႕မိခင္ျဖစ္သူ Naima Chahman က ဆားဘီးယားနဲ႔ပြဲမွာ Amin ကို ကြင္းထဲဝင္ၿပီးေတာ့ ဒီပိုင္းနဲ႔ဓာတ္ပုံအတူ႐ိုက္ဖို႔ သူတို႔ေတြ အားေပးအားေျမႇာက္မလုပ္ခဲ့ဘူးလို႔ ေျဖရွင္းခဲ့ပါတယ္။ နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္ကို နယ္သာလန္ပရိသတ္အဖြဲ႕အစည္းျဖစ္တဲ့ The Supportersclub Oranje ေခါင္းေဆာင္ျဖစ္သူ Theo Pouw က ေထာက္ခံခဲ့ၿပီး သူက “Amin ဟာ သူႀကိဳက္တဲ့ကစားသမားတစ္ဦးနဲ႔ဓာတ္ပုံ႐ိုက္ခြင့္ရဖို႔ ႀကိဳးစားခဲ့တာက အျပစ္တင္စရာကိစၥေတာ့မဟုတ္ပါဘူး။

ဒါေပမဲ့ ဒီလိုအျပဳအမူမ်ိဳးကိုေတာ့ လက္သင့္ခံလို႔မရတာအမွန္ပါပဲ။ တျခားကေလးငယ္ေတြပါ Amin ကို အတုယူၿပီး ဒီလိုမ်ိဳးေတြထပ္လုပ္မယ္ဆိုရင္ အဆင္ေျပမွာမဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။