ဒီပိုင်းကို အလွတ်နဲ့ခေါ်ယူဖို့ ဘာစီလိုနာအသင်း ဆွေးနွေးမှုပြုလုပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ လိုင်ယွန်အသင်းတောင်ပံတိုက်စစ်ကစားသမား ဒီပိုင်းကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကျရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် အခုအချိန်အထိ ကစားသမားနဲ့သဘောတူညီမှုမရသေးဘူးလို့ စပိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဒီပိုင်းဟာ လိုင်ယွန်အသင်းနဲ့လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက အရင်ကတည်းကကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒီပိုင်းအနေနဲ့ ဘာစီလိုနာအသင်းဆီပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရခဲ့ပြီဆိုတဲ့သတင်းတွေ ပြီးခဲ့နှစ်ကုန်လောက်မှာထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့မှာတော့ အမှန်တကယ်ဖြစ်မလာခဲ့ပါဘူး။

အခု (၆)လအကြာမှာ ဘာစီလိုနာအသင်းဟာ ဒီပိုင်းကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပြန်လည်စတင်နေပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ကမ်းလှမ်းခဲ့တဲ့လစာထက် တစ်ဝက် ဒါမှမဟုတ် တစ်ဝက်ထက်အနည်းငယ်လျော့နည်းတဲ့ပမာဏနဲ့သာ ကမ်းလှမ်းသွားမယ်လို့ ကတ်တလန်ရုပ်သံဌာနဖြစ်တဲ့ Esport 3 ကဖော်ပြခဲ့ပါတယ်။

ဒီပိုင်းကို အက်သလက်တီကို၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်စတဲ့ထိပ်သီးအသင်းတွေကလည်း ခေါ်ယူလိုနေပြီး ဘာစီလိုနာက ကမ်းလှမ်းထားတဲ့လစာပမာဏထက် ပိုများတဲ့လစာပေးဖို့အသင့်ရှိနေပေမယ့် ဒီပိုင်းကတော့ နယ်သာလန်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်းကိုးမန်းရှိရာ ဘာစီလိုနာအသင်းမှာသာကစားဖို့ ဆန္ဒရှိနေတာပါ။ ဒီပိုင်းရဲ့ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ဘာစီလိုနာကို ရောက်ရှိခဲ့ပြီး ဘာစီလိုနာအသင်းဘောလုံးဒါရိုက်တာဖြစ်သူ အယ်လီမန်နီနဲ့အပြောင်းအရွှေ့ကိစ္စဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘာစီလိုနာနည်းပြကိုးမန်းကလည်း အသင်းရဲ့တိုက်စစ်ကို အားဖြည့်ဖို့အတွက် ဒီပိုင်းကိုခေါ်ယူဖို့ဆန္ဒပြင်းပြနေပေမယ့် ကလပ်တာဝန်ရှိသူတချို့ကတော့ အဲဒီအပြောင်းအရွှေ့အပေါ် အရမ်းကြီးအားတက်သရောမရှိကြပါဘူး။

ဘာစီလိုနာတာဝန်ရှိသူတချို့က ဒီပိုင်းထက် ဒေ့ါမွန်လူငယ်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့ ပိုပြီးဆန္ဒရှိကြပေမယ့် ဟာလန်းရဲ့အေးဂျင့်ရိုင်အိုလာက အပြောင်းအရွှေ့ကိစ္စအတွက် ထိပ်သီးကလပ်တော်တော်များများနဲ့ ဆွေးနွေးနေတာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ဟာလန်းကိုခေါ်ယူဖို့ မျှော်လင့်ချက်အားနည်းနေပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ အခုအချိန်မှာ ကြွေးမြီပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် ကစားသမားတစ်ဦးကို ငွေကြေးအမြောက်အမြားသုံးစွဲခေါ်ယူဖို့ မဖြစ်နိုင်တဲ့အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဒီပိုင်းကိုပဲ အားစိုက်ကြိုးပမ်းသွားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီပိုင္းကို အလြတ္နဲ႔ေခၚယူဖို႔ ဘာစီလိုနာအသင္း ေဆြးေႏြးမႈျပဳလုပ္

ဘာစီလိုနာအသင္းဟာ လိုင္ယြန္အသင္းေတာင္ပံတိုက္စစ္ကစားသမား ဒီပိုင္းကို လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕က်ရင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနေပမယ့္ အခုအခ်ိန္အထိ ကစားသမားနဲ႔သေဘာတူညီမႈမရေသးဘူးလို႔ စပိန္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။ အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ဒီပိုင္းဟာ လိုင္ယြန္အသင္းနဲ႔လာမယ့္ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး သူ႔ကို ေခၚယူဖို႔ ဘာစီလိုနာအသင္းက အရင္ကတည္းကႀကိဳးပမ္းေနတာျဖစ္ပါတယ္။ ဒီပိုင္းအေနနဲ႔ ဘာစီလိုနာအသင္းဆီေျပာင္းေ႐ႊ႕ဖို႔ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရခဲ့ၿပီဆိုတဲ့သတင္းေတြ ၿပီးခဲ့ႏွစ္ကုန္ေလာက္မွာထြက္ေပၚခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ အမွန္တကယ္ျဖစ္မလာခဲ့ပါဘူး။

အခု (၆)လအၾကာမွာ ဘာစီလိုနာအသင္းဟာ ဒီပိုင္းကို ေခၚယူဖို႔အတြက္ ေဆြးေႏြးမႈေတြျပန္လည္စတင္ေနၿပီျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက ကမ္းလွမ္းခဲ့တဲ့လစာထက္ တစ္ဝက္ ဒါမွမဟုတ္ တစ္ဝက္ထက္အနည္းငယ္ေလ်ာ့နည္းတဲ့ပမာဏနဲ႔သာ ကမ္းလွမ္းသြားမယ္လို႔ ကတ္တလန္႐ုပ္သံဌာနျဖစ္တဲ့ Esport 3 ကေဖာ္ျပခဲ့ပါတယ္။ ဒီပိုင္းကို အက္သလက္တီကို၊ ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္စတဲ့ထိပ္သီးအသင္းေတြကလည္း ေခၚယူလိုေနၿပီး ဘာစီလိုနာက ကမ္းလွမ္းထားတဲ့လစာပမာဏထက္ ပိုမ်ားတဲ့လစာေပးဖို႔အသင့္ရွိေနေပမယ့္ ဒီပိုင္းကေတာ့ နယ္သာလန္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ဆရာေဟာင္းကိုးမန္းရွိရာ ဘာစီလိုနာအသင္းမွာသာကစားဖို႔ ဆႏၵရွိေနတာပါ။ ဒီပိုင္းရဲ႕ကိုယ္စားလွယ္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ပတ္ေလာက္က ဘာစီလိုနာကို ေရာက္ရွိခဲ့ၿပီး ဘာစီလိုနာအသင္းေဘာလုံးဒါ႐ိုက္တာျဖစ္သူ အယ္လီမန္နီနဲ႔အေျပာင္းအေ႐ႊ႕ကိစၥေဆြးေႏြးခဲ့ၾကတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ဘာစီလိုနာနည္းျပကိုးမန္းကလည္း အသင္းရဲ႕တိုက္စစ္ကို အားျဖည့္ဖို႔အတြက္ ဒီပိုင္းကိုေခၚယူဖို႔ဆႏၵျပင္းျပေနေပမယ့္ ကလပ္တာဝန္ရွိသူတခ်ိဳ႕ကေတာ့ အဲဒီအေျပာင္းအေ႐ႊ႕အေပၚ အရမ္းႀကီးအားတက္သေရာမရွိၾကပါဘူး။

ဘာစီလိုနာတာဝန္ရွိသူတခ်ိဳ႕က ဒီပိုင္းထက္ ေဒ့ါမြန္လူငယ္တိုက္စစ္မႉးဟာလန္းကို ေခၚယူဖို႔ ပိုၿပီးဆႏၵရွိၾကေပမယ့္ ဟာလန္းရဲ႕ေအးဂ်င့္႐ိုင္အိုလာက အေျပာင္းအေ႐ႊ႕ကိစၥအတြက္ ထိပ္သီးကလပ္ေတာ္ေတာ္မ်ားမ်ားနဲ႔ ေဆြးေႏြးေနတာေၾကာင့္ ဘာစီလိုနာအသင္းအေနနဲ႔ ဟာလန္းကိုေခၚယူဖို႔ ေမွ်ာ္လင့္ခ်က္အားနည္းေနၿပီလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ဘာစီလိုနာအသင္းဟာ အခုအခ်ိန္မွာ ေႂကြးၿမီျပႆနာေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ ကစားသမားတစ္ဦးကို ေငြေၾကးအေျမာက္အျမားသုံးစြဲေခၚယူဖို႔ မျဖစ္ႏိုင္တဲ့အတြက္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ ဒီပိုင္းကိုပဲ အားစိုက္ႀကိဳးပမ္းသြားဖို႔ရွိေနပါၿပီ။