ဒီနှစ် Ballon d’Or မှာ ဗန်ဒစ်ဂျ်ကို ရှုံးလိမ့်မယ်လို့ မက်ဆီက ထင်ထားတာဖြစ်ကြောင်း မိခင်ဖြစ်သူဖွင့်ဟ

photo-tribuna

photo-gettyimages

ဒီနှစ် Ballon d’Or ဆုကို ဗန်ဒစ်ဂျ်ရသွားမယ်လို့ မက်ဆီက ထင်ထားတာဖြစ်ကြောင်း သူ့ရဲမိခင်ဖြစ်သူ ဆယ်လီယာက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီဘာစီလိုနာကြယ်ပွင့်ဟာ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ကို ၇ မှတ်တည်းနဲ့ ကျော်ဖြတ်ပြီး စံချိန်တင်ဖြစ်တဲ့ သူ့ရဲ့ ၆ ကြိမ်မြောက် Ballon d’Or ဆုကို ရရှိသွားခဲ့တာပါ။

photo-reuters

ကမ္ဘာကျော်သတင်းရုပ်သံဖြစ်တဲ့ CNN နဲ့ အင်တာဗျူးမှာ မက်ဆီရဲ့မိခင်ဖြစ်သူက”ကျွန်မ အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒါကို ကျွန်မတို့ မျှော်လင့်ထားကြတာ မဟုတ်ပါဘူး။ ၅ ခုမြောက်ဟာ နောက်ဆုံးပဲလို့ ကျွန်မတို့ ထင်ထားခဲ့ကြတာပါ။ ရိုးသားစွာပြောရရင် ဒါဟာ လှပတဲ့အံ့အားသင့်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ သူ(မက်ဆီ)ကိုယ်တိုင်ကလည်း ဒါကို မျှော်မှန်းထားတာ မဟုတ်ပါဘူး။ သူအရင်ကြိုသိထားသလားဆိုတာ ကျွန်မလည်း မသိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ဘာမှကို မသိရတာပါ”လို့ ပြောကြားသွားခဲ့တာပါ။

photo-gettyimages

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအတွက် ၅၁ ဂိုးသွင်းယူပြီး လာလီဂါချန်ပီယံဆုရယူပေးနိုင်ခဲ့ပါတယ်။ ဗန်ဒစ်ဂျ်ကတော့ လီဗာပူးရဲ့ ၆ ကြိမ်မြောက်ချန်ပီယံလိဂ်အောင်မြင်မှုမှာ အဓိကကျသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဗန်ဒစ်ဂျ်ရဲ့လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ မက်ဆီရဲ့ဘာစီလိုနာကို နောက်ကောက်ချပြီး ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္လာ ပဲရစ်က ဆုပေးပွဲအခမ်းအနားမှာတော့ မက်ဆီကသာ အောင်ပွဲခံနိုင်သူ ဖြစ်ခဲ့ပါတယ်။

[Zawgyi]

ဒီႏွစ္ Ballon d’Or မွာ ဗန္ဒစ္ဂ်္ကို ရႈံးလိမ့္မယ္လို႔ မက္ဆီက ထင္ထားတာျဖစ္ေၾကာင္း မိခင္ျဖစ္သူဖြင့္ဟ

ဒီႏွစ္ Ballon d’Or ဆုကို ဗန္ဒစ္ဂ်္ရသြားမယ္လုိ႔ မက္ဆီက ထင္ထားတာျဖစ္ေၾကာင္း သူ႔ရဲမိခင္ျဖစ္သူ ဆယ္လီယာက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အဲဒီဘာစီလိုနာၾကယ္ပြင့္ဟာ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ကို ၇ မွတ္တည္းနဲ႔ ေက်ာ္ျဖတ္ၿပီး စံခ်ိန္တင္ျဖစ္တဲ့ သူ႔ရဲ႕ ၆ ႀကိမ္ေျမာက္ Ballon d’Or ဆုကို ရရွိသြားခဲ့တာပါ။

ကမာၻေက်ာ္သတင္းရုပ္သံျဖစ္တဲ့ CNN နဲ႔ အင္တာဗ်ဴးမွာ မက္ဆီရဲ႕မိခင္ျဖစ္သူက”ကၽြန္မ အရမ္းကို ေပ်ာ္ရႊင္မိပါတယ္။ ဒါကို ကၽြန္မတုိ႔ ေမွ်ာ္လင့္ထားၾကတာ မဟုတ္ပါဘူး။ ၅ ခုေျမာက္ဟာ ေနာက္ဆုံးပဲလုိ႔ ကၽြန္မတုိ႔ ထင္ထားခဲ့ၾကတာပါ။ ရိုးသားစြာေျပာရရင္ ဒါဟာ လွပတဲ့အ့ံအားသင့္မႈတစ္ခု ျဖစ္ခဲ့ပါတယ္။ သူ(မက္ဆီ)ကိုယ္တိုင္ကလည္း ဒါကို ေမွ်ာ္မွန္းထားတာ မဟုတ္ပါဘူး။ သူအရင္ႀကိဳသိထားသလားဆုိတာ ကၽြန္မလည္း မသိပါဘူး။ ဒါေပမဲ့ ကၽြန္မတို႔ ဘာမွကို မသိရတာပါ”လို႔ ေျပာၾကားသြားခဲ့တာပါ။

မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီမွာ ဘာစီလိုနာအတြက္ ၅၁ ဂိုးသြင္းယူၿပီး လာလီဂါခ်န္ပီယံဆုရယူေပးႏိုင္ခဲ့ပါတယ္။ ဗန္ဒစ္ဂ်္ကေတာ့ လီဗာပူးရဲ႕ ၆ ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ေအာင္ျမင္မႈမွာ အဓိကက်သူတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ဗန္ဒစ္ဂ်္ရဲ႕လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ မက္ဆီရဲ႕ဘာစီလိုနာကို ေနာက္ေကာက္ခ်ၿပီး ဗုိလ္လုပြဲ တက္လွမ္းႏိုင္ခဲ့တာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့တနလၤာ ပဲရစ္က ဆုေပးပြဲအခမ္းအနားမွာေတာ့ မက္ဆီကသာ ေအာင္ပြဲခံႏိုင္သူ ျဖစ္ခဲ့ပါတယ္။