ဒီနှစ် ယူရိုပြိုင်ပွဲမှာ ပရိသတ်တွေ မြင့်တွေ့နိုင်ဖို့မရှိတဲ့ နာမည်ကျော်ကစားသမား ၅ဦး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကစားသမားတိုင်းအတွက် နိုင်ငံအသင်းကို ကိုယ်စားပြုပြီးကစားခွင့်ရဖို့ဆိုတာက သူတို့တွေရဲ့အိပ်မက်တစ်ခုပါပဲ။ ယူရိုပြိုင်ပွဲလို နိုင်ငံတကာဘောလုံးလောကမှာ ဂုဏ်သိက္ခာအမြင့်ဆုံးပြိုင်ပွဲတစ်ခုမှာ ကစားခွင့်လွဲချော်ခဲ့ရတဲ့ ကစားသမားတွေအတွက် ဘယ်လောက်တောင် ရင်နာစရာကောင်းလိုက်မလဲ။

လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ဆိုတာ ကိုယ်ကစားနေတဲ့ ကလပ်အသင်းမှာလည်း ခြေစွမ်းပြနိုင်မှသာ လက်ရွေးစဉ်အသင်းရဲ့ နည်းပြကခေါ်ယူဖို့စိတ်ဝင်စားမှာပါ။

ဒီလိုပြိုင်ပွဲမှာ ကစားပြီး ထင်ပေါ်လာခဲ့မယ်ဆိုရင်လည်း ဈေးကွက်တန်ကြေးကမြင့်လာမှာမို့ ကစားသမားအများစုက လက်လွတ်မခံချင်ကြပါဘူး။

ဒါပေမယ့် တစ်ချို့တွေအတွက်ကတော့ ဒီလိုအခွင့်အရေးတွေဟာ လွဲချော်သွားတဲ့အထိ ကံခေတတ်ပါတယ်။

ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့တဲ့ကံဆိုးသူတွေ၊ ခြေစွမ်းပြနိုင်နေပေမယ့် ဘာအကြောင့်မှန်းမသိ အရွေးမခံရတာတွေ (လင်ဂတ်၊ ဝမ်ဘစ်ဆာကာတို့လိုမျိုး) ရှိသလို ကိုယ့်နိုင်ငံအသင်းခြေစစ်ပွဲမအောင်တာကြောင့် ပြိုင်ပွဲနဲ့လွဲချော်ခဲ့ရတာတွေမျိုးပေါ့။

အခုဒီမှာ ပြောပြချင်တဲ့အကြောင်းက ဒီ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ လွဲချော်မယ့် နာမည်ကျော်ကစားသမားတွေရဲ့ အကြောင်းတွေပါ။

သူတို့တွေကတော့ ကျွန်တော်တို့လိုမျိုးပဲ ယူရိုပြိုင်ပွဲကို ပရိသတ်တွေအဖြစ်နဲ့သာ အားပေးရတော့မှာပဲဖြစ်ပါတယ်။

နံပါတ် (၁)

ဒီနှစ်မှာ ဒေ့ါမွန်အသင်းနဲ့အတူ နာမည်ကျော်လာခဲ့တဲ့ ဟာလန်းဟာ ယူရိုပြိုင်ပွဲနဲ့လွဲချော်မယ့်နာမည်ကျော်ကစားသမားတွေထဲမှာ တစ်ဦးပါ။

သူ့ရဲ့ အသက်(၂၀)အရွယ် ကစားနိုင်အားတွေကိုတော့ ကျွန်တော်တို့တွေ ဒီပြိုင်ပွဲမှာ မမြင်တွေ့ရတော့ပါဘူး။

လက်ရှိကမ္ဘာ့အကောင်းဆုံးလူငယ်တိုက်စစ်မှူးတွေထဲမှာတစ်ဦးဖြစ်တဲ့ ဟာလန်းရဲ့ခြေစွမ်းတွေကို ဒီပြိုင်ပွဲမှာ မြင်ချင်ကြတဲ့ သူတွေ အများကြီးရှိနေပေမယ့်

သူ့ရဲ့နိုင်ငံအသင်းဖြစ်တဲ့ နော်ဝေအသင်းဟာ ယူရိုခြေစစ်ပွဲ Play Off အဆင့်မှာ ဆားဘီးယားကို ရှုံးနိမ့်ခဲ့လို့ခြေစစ်ပွဲမအောင်ခဲ့တာကြောင့် သူဟာ ဒီပြိုင်ပွဲနဲ့ လွဲချော်သွားခဲံရတာပါ။

နံပါတ် (၂)

” စီးရီးအေမှာ ဘုရင်တွေအများကြီးရှိတယ်။ ဒါပေမယ့် နတ်ဘုရာကတော့ တစ်ပါးပဲရှိတယ်” လို့ဆိုတဲ့ အီဘရာဟီမိုဗစ်ကတော့ ဒဏ်ရာပြဿနာကြောင့် ဒီပြိုင်ပွဲကနေလွဲချော်သွားခဲ့ရသူပါ။

လက်ရွေးစဉ်နည်းပြနည်း အမြင်မတူခဲ့တာကြောင့် ကာလရှည်ကြာ လက်ရွေးစဉ်ကစားသမားဘဝကနေအနားယူခဲ့တဲ့ အီဘရာဟီမိုဗစ်ဟာ

သူ့ရဲ့ အသက်(၃၉)နှစ်အရွယ်ရောက်နေပေမယ့် သူ့ရဲ့ တစ်ကြော့ပြန် ခြေစွမ်းပြသနေတာကြောင့် လက်ရွေးစဉ်အသင်းမှာ ပြန်လည်အရွေးခံခဲ့ရသူပါ။

ဒါပေမယ့် သူဟာ ဂျူဗင်တပ်စ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ယူရိုပြိုင်ပွဲဝင် ဆွီဒင်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။

နံပါတ် (၃)

ရာမို့စ်လို စပိန်အသင်းရဲ့ နာမည်ကျော် ဝါရင့်နောက်ခံလူတစ်ယောက်က အသင်းမှာအရွေးမခံရတော့ဘူးဆိုတာဟာ အံ့အားသင့်စရာကောင်းပါတယ်။ ဒါပေမယ့် ဒီအဖြစ်ဟာ အမှန်တရားပါပဲ ရာမို့စ်က စပိန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။

စပိန်အသင်းနဲ့အတူ ၂၀၀၈၊ ၂၀၁၂ ယူရိုဖလား၊ ၂၀၁၀ ကမ္ဘာ့ဖလားတွေရယူခဲ့တဲ့ ရာမို့စ်အတွက်တော့ ဒီပြိုင်ပွဲကို ကျွန်တော်တို့လိုမျိုးပဲ ပရိသတ်တစ်ဦးအနေနဲ့သာ ကြည့်ရှုနေခွင့်ရရှိတော့မှာပါ။

ဒီနှစ် ပြိုင်ပွဲမှာ ဝင်ရောက်ခွင့်ကတော့ နည်းပြအင်းနရစ်က သူ့ကို ခွင့်မပြုခဲ့ပါဘူး။

သူကိုချန်ထားခဲ့ရတဲ့ အကြောင်းပြချက်လို့သာ ဆိုရမယ့်ကိစ္စက ၂၀၂၀-၂၁ ရာသီမှာ ဒဏ်ရာပြဿနာတွေရှိခဲ့တာကြောင့်လိုပဲ ဆိုနိုင်ပေမယ့် ဒါဟာအကြောင်းပြချက်တစ်ခုအနေနဲ့သာရှိမှာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌ ပီးရစ်တို့ရဲ့ စူပါလိဂ် ပြိုင်ပွဲကိစ္စရဲ့ ရိုက်ခတ်မှုတွေလို့တော့ မီဒီယာတွေမှာဖော်ပြနေကြပါတယ်။

နံပါတ် (၄)

မာဆေးဆိုက်ဒါဘီရဲ့ ပြိုင်ဆိုင်မှုတွေအောက်မှာ အဲဗာတန်ဂိုးသမား ပစ်ဖိုဒ်ရဲ့ ဘောလုံးဖြတ်ထုတ်မှုကြောင့် လီဗာပူးလ်အသင်းက နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ကတော့ တစ်ရာသီလုံးအနားယူခဲ့ရပါတယ်။

ပြိုင်ပွဲမတိုင်ခင်မှာ အပေ့ါစားလေ့ကျင့်ခန်းတွေ ပြန်လုပ်နိုင်နေပေမယ့် ပြိုင်ပွဲမှာ ဝင်ရောက်ကစားဖို့အထိတော့ ကြံခိုင်မှုမပြည့်ဝသေးပါဘူး။ ဗန်ဒိုက်အတွက်တော့ ဒီရာသီဟာ ကံမကောင်းတဲ့ ရာသီတစ်ခုပါပဲ။ လီဗာပူးလ်အသင်းအတွက်ရောပေါ့။

နံပါတ် (၅)

လာလီဂါချန်ပီယံ အက်သလက်တီကိုအသင်းရဲ့ ဆလိုဗေးနီးယားနာမည်ကျော်ဂိုးသမားအိုဘလက်ခ်ကိုလည်း ဒီ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ မြင်တွေ့ခွင့်မရှိပါဘူး။

သူ့ရဲ့ နိုင်ငံအသင်းဖြစ်တဲ့ ဆလိုဗေးနီးယားအသင်းဟာ ယူရို-၂၀၂၀ခြေစစ်ပွဲအုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် အိုဘလက်ခ်ဟာ နိုင်ငံအသင်းနဲ့အတူအဓိကပြိုင်ပွဲကြီးတစ်ခုဆင်နွှဲခွင့်နဲ့ လွဲချော်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီႏွစ္ ယူ႐ိုၿပိဳင္ပြဲမွာ ပရိသတ္ေတြ ျမင့္ေတြ႕ႏိုင္ဖို႔မရွိတဲ့ နာမည္ေက်ာ္ကစားသမား ၅ဦး

ကစားသမားတိုင္းအတြက္ ႏိုင္ငံအသင္းကို ကိုယ္စားျပဳၿပီးကစားခြင့္ရဖို႔ဆိုတာက သူတို႕ေတြရဲ႕အိပ္မက္တစ္ခုပါပဲ။ ယူ႐ိုၿပိဳင္ပြဲလို ႏိုင္ငံတကာေဘာလုံးေလာကမွာ ဂုဏ္သိကၡာအျမင့္ဆုံးၿပိဳင္ပြဲတစ္ခုမွာ ကစားခြင့္လြဲေခ်ာ္ခဲ့ရတဲ့ ကစားသမားေတြအတြက္ ဘယ္ေလာက္ေတာင္ ရင္နာစရာေကာင္းလိုက္မလဲ။

လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံရဖို႕ဆိုတာ ကိုယ္ကစားေနတဲ့ ကလပ္အသင္းမွာလည္း ေျခစြမ္းျပႏိုင္မွသာ လက္ေရြးစဥ္အသင္းရဲ႕ နည္းျပကေခၚယူဖို႕စိတ္ဝင္စားမွာပါ။ ဒီလိုျပိုင္ပြဲမွာ ကစားၿပီး ထင္ေပၚလာခဲ့မယ္ဆိုရင္လည္း ေစ်းကြက္တန္ေၾကးကျမင့္လာမွာမို႕ ကစားသမားအမ်ားစုက လက္လြတ္မခံခ်င္ၾကပါဘူး။ ဒါေပမယ့္ တစ္ခ်ိဳ႕ေတြအတြက္ကေတာ့ ဒီလိုအခြင့္အေရးေတြဟာ လြဲေခ်ာ္သြားတဲ့အထိ ကံေခတတ္ပါတယ္။

ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ကံဆိုးသူေတြ၊ ေျခစြမ္းျပႏိုင္ေနေပမယ့္ ဘာအေၾကာင့္မွန္းမသိ အေ႐ြးမခံရတာေတြ (လင္ဂတ္၊ ဝမ္ဘစ္ဆာကာတို႕လိုမ်ိဳး) ရွိသလို ကိုယ့္ႏိုင္ငံအသင္းေျခစစ္ပြဲမေအာင္တာေၾကာင့္ ျပိဳင္ပြဲနဲ႕လြဲေခ်ာ္ခဲ့ရတာေတြမ်ိဳးေပါ့။ အခုဒီမွာ ေျပာျပခ်င္တဲ့အေၾကာင္းက ဒီ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ လြဲေခ်ာ္မယ့္ နာမည္ေက်ာ္ကစားသမားေတြရဲ႕ အေၾကာင္းေတြပါ။ သူတို႔ေတြကေတာ့ ကၽြန္ေတာ္တို႕လိုမ်ိဳးပဲ ယူ႐ိုၿပိဳင္ပြဲကို ပရိသတ္ေတြအျဖစ္နဲ႔သာ အားေပးရေတာ့မွာပဲျဖစ္ပါတယ္။

နံပါတ္ (၁)

ဒီႏွစ္မွာ ေဒ့ါမြန္အသင္းနဲ႔အတူ နာမည္ေက်ာ္လာခဲ့တဲ့ ဟာလန္းဟာ ယူ႐ိုၿပိဳင္ပြဲနဲ႔လြဲေခ်ာ္မယ့္နာမည္ေက်ာ္ကစားသမားေတြထဲမွာ တစ္ဦးပါ။ သူ႕ရဲ႕ အသက္(၂၀)အရြယ္ ကစားႏိုင္အားေတြကိုေတာ့ ကၽြန္ေတာ္တို႕ေတြ ဒီျပိဳင္ပြဲမွာ မျမင္ေတြ႕ရေတာ့ပါဘူး။ လက္ရွိကမာၻ႔အေကာင္းဆုံးလူငယ္တိုက္စစ္မႉးေတြထဲမွာတစ္ဦးျဖစ္တဲ့ ဟာလန္းရဲ႕ေျခစြမ္းေတြကို ဒီျပိဳင္ပြဲမွာ ျမင္ခ်င္ၾကတဲ့ သူေတြ အမ်ားၾကီးရွိေနေပမယ့္ သူ႕ရဲ႕ႏိုင္ငံအသင္းျဖစ္တဲ့ ေနာ္ေဝအသင္းဟာ ယူ႐ိုေျခစစ္ပြဲ Play Off အဆင့္မွာ ဆားဘီးယားကို ရႈံးနိမ့္ခဲ့လို႔ေျခစစ္ပြဲမေအာင္ခဲ့တာေၾကာင့္ သူဟာ ဒီျပိဳင္ပြဲနဲ႕ လြဲေခ်ာ္သြားခဲံရတာပါ။

နံပါတ္ (၂)

” စီးရီးေအမွာ ဘုရင္ေတြအမ်ားၾကီးရွိတယ္။ ဒါေပမယ့္ နတ္ဘုရာကေတာ့ တစ္ပါးပဲရွိတယ္” လို႕ဆိုတဲ့ အီဘရာဟီမိုဗစ္ကေတာ့ ဒဏ္ရာျပႆနာေၾကာင့္ ဒီျပိဳင္ပြဲကေနလြဲေခ်ာ္သြားခဲ့ရသူပါ။ လက္ေရြးစဥ္နည္းျပနည္း အျမင္မတူခဲ့တာေၾကာင့္ ကာလရွည္ၾကာ လက္ေရြးစဥ္ကစားသမားဘဝကေနအနားယူခဲ့တဲ့ အီဘရာဟီမိုဗစ္ဟာ သူ႕ရဲ႕ အသက္(၃၉)ႏွစ္အ႐ြယ္ေရာက္ေနေပမယ့္ သူ႕ရဲ႕ တစ္ေၾကာ့ျပန္ ေျခစြမ္းျပသေနတာေၾကာင့္ လက္ေရြးစဥ္အသင္းမွာ ျပန္လည္အေရြးခံခဲ့ရသူပါ။ ဒါေပမယ့္ သူဟာ ဂ်ဴဗင္တပ္စ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ယူ႐ိုၿပိဳင္ပြဲဝင္ ဆြီဒင္အသင္းရဲ႕ လူစာရင္းကေန ႏုတ္ထြက္ခဲ့ရပါတယ္။

နံပါတ္ (၃)

ရာမို႔စ္လို စပိန္အသင္းရဲ႕ နာမည္ေက်ာ္ ဝါရင့္ေနာက္ခံလူတစ္ေယာက္က အသင္းမွာအေရြးမခံရေတာ့ဘူးဆိုတာဟာ အံ့အားသင့္စရာေကာင္းပါတယ္။ ဒါေပမယ့္ ဒီအျဖစ္ဟာ အမွန္တရားပါပဲ ရာမို႔စ္က စပိန္အသင္းလူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရပါတယ္။ စပိန္အသင္းနဲ႔အတူ ၂၀၀၈၊ ၂၀၁၂ ယူ႐ိုဖလား၊ ၂၀၁၀ ကမာၻ႔ဖလားေတြရယူခဲ့တဲ့ ရာမို႔စ္အတြက္ေတာ့ ဒီျပိဳင္ပြဲကို ကၽြန္ေတာ္တို႕လိုမ်ိဳးပဲ ပရိသတ္တစ္ဦးအေနနဲ႕သာ ၾကည့္ရႈေနခြင့္ရရွိေတာ့မွာပါ။

ဒီႏွစ္ ျပိဳင္ပြဲမွာ ဝင္ေရာက္ခြင့္ကေတာ့ နည္းျပအင္းနရစ္က သူ႕ကို ခြင့္မျပဳခဲ့ပါဘူး။ သူကိုခ်န္ထားခဲ့ရတဲ့ အေၾကာင္းျပခ်က္လို႕သာ ဆိုရမယ့္ကိစၥက ၂၀၂၀-၂၁ ရာသီမွာ ဒဏ္ရာျပႆနာေတြရွိခဲ့တာေၾကာင့္လိုပဲ ဆိုႏိုင္ေပမယ့္ ဒါဟာအေၾကာင္းျပခ်က္တစ္ခုအေနနဲ႕သာရွိမွာပါ။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဥကၠဌ ပီးရစ္တို႕ရဲ႕ စူပါလိဂ္ ျပိဳင္ပြဲကိစၥရဲ႕ ရိုက္ခတ္မႈေတြလို႕ေတာ့ မီဒီယာေတြမွာေဖာ္ျပေနၾကပါတယ္။

နံပါတ္ (၄)

မာေဆးဆိုက္ဒါဘီရဲ႕ ျပိဳင္ဆိုင္မႈေတြေအာက္မွာ အဲဗာတန္ဂိုးသမား ပစ္ဖိုဒ္ရဲ႕ ေဘာလံုးျဖတ္ထုတ္မႈေၾကာင့္ လီဗာပူးလ္အသင္းက နယ္သာလန္ေနာက္ခံလူ ဗန္ဒိုက္ကေတာ့ တစ္ရာသီလုံးအနားယူခဲ့ရပါတယ္။ ျပိဳင္ပြဲမတိုင္ခင္မွာ အေပ့ါစားေလ့က်င့္ခန္းေတြ ျပန္လုပ္ႏိုင္ေနေပမယ့္ ျပိဳင္ပြဲမွာ ဝင္ေရာက္ကစားဖို႕အထိေတာ့ ၾကံခိုင္မႈမျပည့္ဝေသးပါဘူး။ ဗန္ဒိုက္အတြက္ေတာ့ ဒီရာသီဟာ ကံမေကာင္းတဲ့ ရာသီတစ္ခုပါပဲ။ လီဗာပူးလ္အသင္းအတြက္ေရာေပါ့။

နံပါတ္ (၅)

လာလီဂါခ်န္ပီယံ အက္သလက္တီကိုအသင္းရဲ႕ ဆလိုေဗးနီးယားနာမည္ေက်ာ္ဂိုးသမားအိုဘလက္ခ္ကိုလည္း ဒီ ယူ႐ို-၂၀၂၀ ျပိဳင္ပြဲမွာ ျမင္ေတြ႕ခြင့္မရွိပါဘူး။ သူ႕ရဲ႕ ႏိုင္ငံအသင္းျဖစ္တဲ့ ဆလိုေဗးနီးယားအသင္းဟာ ယူ႐ို-၂၀၂၀ေျခစစ္ပြဲအုပ္စုအဆင့္ကို မေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ အိုဘလက္ခ္ဟာ ႏိုင္ငံအသင္းနဲ႔အတူအဓိကၿပိဳင္ပြဲႀကီးတစ္ခုဆင္ႏႊဲခြင့္နဲ႔ လြဲေခ်ာ္ခဲ့တာပါ။