ဒီနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ All English Final ကို ပြန်မြင်ရဦးမှာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲတွေအဖြစ် ရီးယဲလ်-ချယ်လ်ဆီး၊ PSG – မန်စီးတီးတို့ယှဉ်ပြိုင်ကစားခဲ့ပြီး အင်္ဂလန်ကလပ်တွေဟာ အဝေးကွင်းမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ကြပါတယ်။

ရီးယဲလ်-ချယ်လ်ဆီးပွဲမှာ ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းဖြစ်ပေမယ့် အိမ်ရှင်အသင်းကို တစ်ပွဲလုံးနီးပါး လွှမ်းမိုးထားခဲ့ပြီး ပူလီဆစ်က အဖိုးတန်အဝေးဂိုးသွင်းယူခဲ့တာကြောင့် (၁)ဂိုးစီသရေကျခဲ့ပေမယ့် ချယ်လ်ဆီးအသင်း ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက်ပိုအားကောင်းနေတယ်လို့ပြောရမှာပါ။

နည်းပြတူချယ်လ်ရဲ့ နည်းဗျူဟာက ချီးကျူးစရာဖြစ်ခဲ့သလို (၃-၅-၂)ပုံစံနဲ့ မေဆင်မောင့်၊ ကွန်တေ၊ သူတို့နှစ်ဦးရဲ့နောက်မှာ ဂျော်ဂျင်ဟိုက Deep lying Midfielder အဖြစ်ကစားခဲ့ပြီး ကစားသမားတွေအကုန်လုံးတာဝန်ကျေခဲ့တဲ့အပြင် ကွန်တေရဲ့တိုးအား၊ ရုန်းအားတွေကြောင့် ချယ်လ်ဆီးအသင်း ကစားကွက်ပိုင်းအသာစီးရခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ အဓိကပြိုင်ပွဲတွေမှာ ရီးယဲလ်နဲ့တွေ့တိုင်း မရှုံးသေးတဲ့မှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အမှားအယွင်းမရှိခဲ့ရင်တော့ ဗိုလ်လုပွဲရောက်ဖို့ လက်တစ်ကမ်းအကွာသာ လိုပါတော့တယ်။

၂၀၁၁-၁၂ ရာသီတုန်းကလည်း ဘယ်သူမှမထင်မှတ်ထားတဲ့အနေအထားကနေ ချယ်လ်ဆီးအသင်း ထိပ်သီးအသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့လို့ အခုတစ်ကြိမ်မှာ အဲဒီလိုဖြစ်အောင်ပြန်လုပ်ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

ချယ်လ်ဆီးအသင်းထက် အခြေအနေပိုကောင်းသွားတာက မန်စီးတီးပါပဲ။ ဘာစီလိုနာ၊ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ပြတ်ပြတ်သားသားချေမှုန်းပြခဲ့တဲ့ PSG အသင်းကို ပဲရစ်မှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တာက ဂွါဒီယိုလာရဲ့ မန်စီးတီးနည်းပြဘဝမှာ ပထမဆုံးအကြိမ်၊ နည်းပြဘဝတစ်လျှောက် ၂၀၁၁ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

PSG နဲ့ပွဲမှာ မာကွင်ဟို့စ်ရဲ့ ခေါင်းတိုက်ဂိုးကြောင့် ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ဒုတိယပိုင်းမှာ ဂွါဒီယိုလာက High Pressing Game ကစားခဲ့ပြီး PSG ကွင်းလယ်နဲ့ တိုက်စစ်တို့ ချိတ်ဆက်မရအောင် ဟန့်တားခဲ့သလို ပြီးခဲ့တဲ့ပွဲတွေတုန်းက ခြေစွမ်းပြခဲ့တဲ့ ဘာပေကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်။

ဒါ့အပြင် အိမ်ရှင်အသင်း ရှေ့တက်လို့မရအောင် ဖိအားပေးနိုင်ခဲ့တဲ့အပြင် ဂိုးသမားနာဗတ်စ်နဲ့ PSG ခံစစ်အားနည်းချက်တွေကြောင့်လည်း ချေပဂိုး၊အနိုင်ဂိုးတွေရရှိခဲ့တာလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အိမ်ကွင်းမှာ (၂)ဂိုးပြတ်ရှုံးမှ ဗိုလ်လုပွဲနဲ့လွဲမှာဖြစ်ပေမယ့် အခုခြေစွမ်းအရတော့ အဲဒီလိုအနေအထားမျိုးဖြစ်လာဖို့က သိပ်တော့မဖြစ်နိုင်ပါဘူး။

အဲဒါကြောင့် ဒီနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ All English Final ပြန်ဖြစ်မလားဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။ ၂၀၀၇-၀၈ ရာသီမှာ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီး၊ ၂၀၁၈-၁၉ ရာသီတုန်းက လီဗာပူးလ်နဲ့စပါးတို့ ဆုံတွေ့ခဲ့ပြီး ဒီတစ်ကြိမ် မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ဗိုလ်လုပွဲမှာ ဆုံတွေ့ဖြစ်မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် နိုင်ငံတူနှစ်သင်း ဗိုလ်လုပွဲမှာဆုံတွေ့ခဲ့တဲ့အကြိမ်အများဆုံးအဖြစ် လာလီဂါနဲ့အတူ ပရီးမီးယားလိဂ်ကလည်း ပူးတွဲရပ်တည်နိုင်မှာဖြစ်ပါတယ်။

စပိန်ကလပ်တွေထဲမှာ ၂၀၀၀ တုန်းက ရီးယဲလ်နဲ့ ဗလင်စီယာ၊ ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ရီးယဲလ်နဲ့အက်သလက်တီကိုတို့ ဆုံတွေ့ခဲ့ဖူးပြီး အဲဒီအရေအတွက်ကို ပရီးမီးယားလိဂ်ကလပ်တွေ အမီလိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ All English Final ကို ျပန္ျမင္ရဦးမွာလား

ဒီတစ္ပတ္ အဂၤါ၊ ဗုဒၶဟူးေန႔ေတြမွာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲေတြအျဖစ္ ရီးယဲလ္-ခ်ယ္လ္ဆီး၊ PSG – မန္စီးတီးတို႔ယွဥ္ၿပိဳင္ကစားခဲ့ၿပီး အဂၤလန္ကလပ္ေတြဟာ အေဝးကြင္းမွာ ရလဒ္ေကာင္းေတြ ရယူႏိုင္ခဲ့ၾကပါတယ္။ ရီးယဲလ္-ခ်ယ္လ္ဆီးပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ အေဝးကြင္းျဖစ္ေပမယ့္ အိမ္ရွင္အသင္းကို တစ္ပြဲလုံးနီးပါး လႊမ္းမိုးထားခဲ့ၿပီး ပူလီဆစ္က အဖိုးတန္အေဝးဂိုးသြင္းယူခဲ့တာေၾကာင့္ (၁)ဂိုးစီသေရက်ခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္း ဗိုလ္လုပြဲတက္ဖို႔ ေမွ်ာ္လင့္ခ်က္ပိုအားေကာင္းေနတယ္လို႔ေျပာရမွာပါ။ နည္းျပတူခ်ယ္လ္ရဲ႕ နည္းဗ်ဴဟာက ခ်ီးက်ဴးစရာျဖစ္ခဲ့သလို (၃-၅-၂)ပုံစံနဲ႔ ေမဆင္ေမာင့္၊ ကြန္ေတ၊ သူတို႔ႏွစ္ဦးရဲ႕ေနာက္မွာ ေဂ်ာ္ဂ်င္ဟိုက Deep lying Midfielder အျဖစ္ကစားခဲ့ၿပီး ကစားသမားေတြအကုန္လုံးတာဝန္ေက်ခဲ့တဲ့အျပင္ ကြန္ေတရဲ႕တိုးအား၊ ႐ုန္းအားေတြေၾကာင့္ ခ်ယ္လ္ဆီးအသင္း ကစားကြက္ပိုင္းအသာစီးရခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အဓိကၿပိဳင္ပြဲေတြမွာ ရီးယဲလ္နဲ႔ေတြ႕တိုင္း မရႈံးေသးတဲ့မွတ္တမ္းကို ဆက္ထိန္းႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ အမွားအယြင္းမရွိခဲ့ရင္ေတာ့ ဗိုလ္လုပြဲေရာက္ဖို႔ လက္တစ္ကမ္းအကြာသာ လိုပါေတာ့တယ္။ ၂၀၁၁-၁၂ ရာသီတုန္းကလည္း ဘယ္သူမွမထင္မွတ္ထားတဲ့အေနအထားကေန ခ်ယ္လ္ဆီးအသင္း ထိပ္သီးအသင္းေတြကို ေက်ာ္ျဖတ္ၿပီး ဗိုလ္စြဲခဲ့လို႔ အခုတစ္ႀကိမ္မွာ အဲဒီလိုျဖစ္ေအာင္ျပန္လုပ္ျပႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါၿပီ။ ခ်ယ္လ္ဆီးအသင္းထက္ အေျခအေနပိုေကာင္းသြားတာက မန္စီးတီးပါပဲ။ ဘာစီလိုနာ၊ လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ကို ျပတ္ျပတ္သားသားေခ်မႈန္းျပခဲ့တဲ့ PSG အသင္းကို ပဲရစ္မွာ (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တာက ဂြါဒီယိုလာရဲ႕ မန္စီးတီးနည္းျပဘဝမွာ ပထမဆုံးအႀကိမ္၊ နည္းျပဘဝတစ္ေလွ်ာက္ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ရွိဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။ PSG နဲ႔ပြဲမွာ မာကြင္ဟို႔စ္ရဲ႕ ေခါင္းတိုက္ဂိုးေၾကာင့္ ဦးေဆာင္ဂိုးေပးလိုက္ရေပမယ့္ ဒုတိယပိုင္းမွာ ဂြါဒီယိုလာက High Pressing Game ကစားခဲ့ၿပီး PSG ကြင္းလယ္နဲ႔ တိုက္စစ္တို႔ ခ်ိတ္ဆက္မရေအာင္ ဟန႔္တားခဲ့သလို ၿပီးခဲ့တဲ့ပြဲေတြတုန္းက ေျခစြမ္းျပခဲ့တဲ့ ဘာေပကိုလည္း ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ဒါ့အျပင္ အိမ္ရွင္အသင္း ေရွ႕တက္လို႔မရေအာင္ ဖိအားေပးႏိုင္ခဲ့တဲ့အျပင္ ဂိုးသမားနာဗတ္စ္နဲ႔ PSG ခံစစ္အားနည္းခ်က္ေတြေၾကာင့္လည္း ေခ်ပဂိုး၊အႏိုင္ဂိုးေတြရရွိခဲ့တာလည္းျဖစ္ပါတယ္။ မန္စီးတီးအသင္းအေနနဲ႔ အိမ္ကြင္းမွာ (၂)ဂိုးျပတ္ရႈံးမွ ဗိုလ္လုပြဲနဲ႔လြဲမွာျဖစ္ေပမယ့္ အခုေျခစြမ္းအရေတာ့ အဲဒီလိုအေနအထားမ်ိဳးျဖစ္လာဖို႔က သိပ္ေတာ့မျဖစ္ႏိုင္ပါဘူး။

အဲဒါေၾကာင့္ ဒီႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ All English Final ျပန္ျဖစ္မလားဆိုတာက စိတ္ဝင္စားစရာေကာင္းေနပါတယ္။ ၂၀၀၇-၀၈ ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ယ္လ္ဆီး၊ ၂၀၁၈-၁၉ ရာသီတုန္းက လီဗာပူးလ္နဲ႔စပါးတို႔ ဆုံေတြ႕ခဲ့ၿပီး ဒီတစ္ႀကိမ္ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးတို႔ ဗိုလ္လုပြဲမွာ ဆုံေတြ႕ျဖစ္မယ္ဆိုရင္ေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတူႏွစ္သင္း ဗိုလ္လုပြဲမွာဆုံေတြ႕ခဲ့တဲ့အႀကိမ္အမ်ားဆုံးအျဖစ္ လာလီဂါနဲ႔အတူ ပရီးမီးယားလိဂ္ကလည္း ပူးတြဲရပ္တည္ႏိုင္မွာျဖစ္ပါတယ္။ စပိန္ကလပ္ေတြထဲမွာ ၂၀၀၀ တုန္းက ရီးယဲလ္နဲ႔ ဗလင္စီယာ၊ ၂၀၁၄ နဲ႔ ၂၀၁၆ ခုႏွစ္ေတြမွာ ရီးယဲလ္နဲ႔အက္သလက္တီကိုတို႔ ဆုံေတြ႕ခဲ့ဖူးၿပီး အဲဒီအေရအတြက္ကို ပရီးမီးယားလိဂ္ကလပ္ေတြ အမီလိုက္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။