ဒီနှစ်နွေရာသီအတွင်း ပရီးမီးယားလိဂ်ကလပ်တွေရဲ့အသုံးစရိတ်က ပေါင်(၁.၁)ဘီလီယံရှိပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရိးမီးယားလိဂ်ကလပ်အသင်းတွေဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားခေါ်ယူမှုအတွက် စုစုပေါင်း ပေါင်(၁.၁)ဘီလီယံသုံးစွဲခဲ့ပြီး

ဒါက (၂)နှစ်ဆက်တိုက် အသုံးစရိတ်ကျဆင်းလာတာဖြစ်သလို ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြောင်းရွှေ့ကြေးအသုံးအစရိတ်အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နာမည်ကျော်စီးပွားရေးမဂ္ဂဇင်းဖြစ်တဲ့ Deloitte က အခုနွေရာသီအပြောင်းအရွှေ့မှာ ကလပ်အသင်းတွေရဲ့အသုံးစရိတ်စုစုပေါင်းက ပြီးခဲ့တဲ့နှစ်ကထက် (၁၁%)ပိုနည်းသွားသလို

၂၀၁၉ ခုနှစ်က အသုံးစရိတ်ပမာဏထက် (၉%)ကျဆင်းသွားတာကြောင့် နွေရာသီအပြောင်းရွှေ့စျေးကွက်မှာ အသုံးစရိတ်ပမာဏ ဆက်တိုက်ကျဆင်းသွားတာက ၂၀၀၈-၂၀၁ဝ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့ဖြစ်တဲ့ သြဂုတ်လ(၃၁)ရက်မှာ ကစားသမားခေါ်ယူမှုအတွက် စုစုပေါင်းပေါင်သန်း(၁၅၀)သာ သုံးစွဲခဲ့ပါတယ်။

Transfer Deadline Day မှာ ပြောင်းရွှေ့ကြေးအများဆုံးဖြစ်ခဲ့တာက ဝက်စ်ဟမ်းအသင်းကို ပေါင်(၂၆)သန်းနဲ့ရောက်ရှိခဲ့တဲ့ ဗလာဆစ်ရဲ့အပြောင်းအရွှေ့ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို

ပေါင်သန်း(၂၀)နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့သူ စီရော်နယ်လ်ဒို၊ ဘာစီလိုနာအသင်းကနေ စပါးအသင်းဆီရောက်ရှိခဲ့တဲ့ အီမာဆင်ရွိုင်ယဲလ်တို့ရဲ့အပြောင်းအရွှေ့တွေလည်းပါဝင်ခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် လိဒ်စ်အသင်းဟာ ယူနိုက်တက်တောင်ပံတိုက်စစ်ကစားသမား ဒန်နီယဲလ်ဂျိမ်းစ်ကို ပေါင်(၂၅)သန်း၊

အာဆင်နယ်အသင်းက ဘိုလော့ဂ်နာအသင်းကစားသမား တိုမီယာဆုကို ပေါင်(၁၆)သန်း၊ ဘရိုက်တန်အသင်းက စပိန်လက်ရွေးစင်ကစားသမား ကူကာရယ်လာကို ဂီတာဖေးအသင်းဆီကနေ အသီးသီးခေါ်ယူခဲ့ကြတာဖြစ်ပါတယ်။

နွေရာသီကာလမှာ စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးပြုခဲ့တာက ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းဖြစ်ပြီး အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ်စံချိန်ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူခဲ့တာပါ။

ချယ်လ်ဆီးအသင်းကလည်း အင်တာမီလန်တိုက်စစ်မှူးလူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၉၈)သန်းနဲ့ခေါ်ယူခဲ့ပြီး ယူနိုက်တက်အသင်းက စီရော်နယ်လ်ဒို၊ ဆန်ချို၊ ဗာရန်းတို့အတွက် ပေါင်သန်း(၁၀၀)ကျော်အသုံးပြုခဲ့ပါတယ်။

အခုရာသီအစမှာ ရလဒ်တွေဆိုးရွားနေတဲ့ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အသုံးအစရိတ်အများဆုံးအသင်းအဖြစ်ရပ်တည်ခဲ့ပြီး ဘန်ဝှိုက်၊ အော်ဒီဂွါ၊ ရမ်စ်ဒေးလ်စတဲ့ကစားသမားတွေအတွက် ပေါင်သန်း(၁၅၀)အထိအသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒီနှစ်နွေရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အသုံးစရိတ်ကျဆင်းသွားတဲ့အကြောင်းရင်းတစ်ခုကတော့ ကလပ်အသင်းအများစုဟာ ကစားသမားတွေကို အလွတ်နဲ့ခေါ်ယူခဲ့ကြတာဖြစ်ပြီး

အပြောင်းအရွှေ့တွေရဲ့ (၂၂%)က Free Transfer တွေဖြစ်သလို ဒါက ပြီးခဲ့တဲ့နှစ်၊နွေရာသီကထက် Free Transfer အပြောင်းအရွှေ့က(၂၀%)အထိ ပိုများခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီႏွစ္ေႏြရာသီအတြင္း ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕အသုံးစရိတ္က ေပါင္(၁.၁)ဘီလီယံရွိၿပီး ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း အနည္းဆုံးျဖစ္ခဲ့

ပရိးမီးယားလိဂ္ကလပ္အသင္းေတြဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ကစားသမားေခၚယူမႈအတြက္ စုစုေပါင္း ေပါင္(၁.၁)ဘီလီယံသုံးစြဲခဲ့ၿပီး ဒါက (၂)ႏွစ္ဆက္တိုက္ အသုံးစရိတ္က်ဆင္းလာတာျဖစ္သလို ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း ေျပာင္းေ႐ႊ႕ေၾကးအသုံးအစရိတ္အနည္းဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ နာမည္ေက်ာ္စီးပြားေရးမဂၢဇင္းျဖစ္တဲ့ Deloitte က အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ကလပ္အသင္းေတြရဲ႕အသုံးစရိတ္စုစုေပါင္းက ၿပီးခဲ့တဲ့ႏွစ္ကထက္ (၁၁%)ပိုနည္းသြားသလို ၂၀၁၉ ခုႏွစ္က အသုံးစရိတ္ပမာဏထက္ (၉%)က်ဆင္းသြားတာေၾကာင့္ ေႏြရာသီအေျပာင္းေ႐ႊ႕ေစ်းကြက္မွာ အသုံးစရိတ္ပမာဏ ဆက္တိုက္က်ဆင္းသြားတာက ၂၀၀၈-၂၀၁ဝ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ေဖာ္ျပခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ဒီႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔ျဖစ္တဲ့ ၾသဂုတ္လ(၃၁)ရက္မွာ ကစားသမားေခၚယူမႈအတြက္ စုစုေပါင္းေပါင္သန္း(၁၅၀)သာ သုံးစြဲခဲ့ပါတယ္။ Transfer Deadline Day မွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးျဖစ္ခဲ့တာက ဝက္စ္ဟမ္းအသင္းကို ေပါင္(၂၆)သန္းနဲ႔ေရာက္ရွိခဲ့တဲ့ ဗလာဆစ္ရဲ႕အေျပာင္းအေ႐ႊ႕ျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေပါင္သန္း(၂၀)နဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သူ စီေရာ္နယ္လ္ဒို၊ ဘာစီလိုနာအသင္းကေန စပါးအသင္းဆီေရာက္ရွိခဲ့တဲ့ အီမာဆင္႐ြိဳင္ယဲလ္တို႔ရဲ႕အေျပာင္းအေ႐ႊ႕ေတြလည္းပါဝင္ခဲ့ပါတယ္။

ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ လိဒ္စ္အသင္းဟာ ယူႏိုက္တက္ေတာင္ပံတိုက္စစ္ကစားသမား ဒန္နီယဲလ္ဂ်ိမ္းစ္ကို ေပါင္(၂၅)သန္း၊ အာဆင္နယ္အသင္းက ဘိုေလာ့ဂ္နာအသင္းကစားသမား တိုမီယာဆုကို ေပါင္(၁၆)သန္း၊ ဘ႐ိုက္တန္အသင္းက စပိန္လက္ေ႐ြးစင္ကစားသမား ကူကာရယ္လာကို ဂီတာေဖးအသင္းဆီကေန အသီးသီးေခၚယူခဲ့ၾကတာျဖစ္ပါတယ္။ ေႏြရာသီကာလမွာ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးအသုံးျပဳခဲ့တာက ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းျဖစ္ၿပီး အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ဂရီးလစ္ရွ္ကို ပရီးမီးယားလိဂ္စံခ်ိန္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၁၀၀)နဲ႔ ေခၚယူခဲ့တာပါ။

ခ်ယ္လ္ဆီးအသင္းကလည္း အင္တာမီလန္တိုက္စစ္မႉးလူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၉၈)သန္းနဲ႔ေခၚယူခဲ့ၿပီး ယူႏိုက္တက္အသင္းက စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းတို႔အတြက္ ေပါင္သန္း(၁၀၀)ေက်ာ္အသုံးျပဳခဲ့ပါတယ္။ အခုရာသီအစမွာ ရလဒ္ေတြဆိုး႐ြားေနတဲ့ အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ အသုံးအစရိတ္အမ်ားဆုံးအသင္းအျဖစ္ရပ္တည္ခဲ့ၿပီး ဘန္ဝႈိက္၊ ေအာ္ဒီဂြါ၊ ရမ္စ္ေဒးလ္စတဲ့ကစားသမားေတြအတြက္ ေပါင္သန္း(၁၅၀)အထိအသုံးျပဳခဲ့တာျဖစ္ပါတယ္။ ဒီႏွစ္ေႏြရာသီမွာ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ အသုံးစရိတ္က်ဆင္းသြားတဲ့အေၾကာင္းရင္းတစ္ခုကေတာ့ ကလပ္အသင္းအမ်ားစုဟာ ကစားသမားေတြကို အလြတ္နဲ႔ေခၚယူခဲ့ၾကတာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ေတြရဲ႕ (၂၂%)က Free Transfer ေတြျဖစ္သလို ဒါက ၿပီးခဲ့တဲ့ႏွစ္၊ေႏြရာသီကထက္ Free Transfer အေျပာင္းအေ႐ႊ႕က(၂၀%)အထိ ပိုမ်ားခဲ့တာလည္းျဖစ္ပါတယ္။