ဒီနှစ်ချန်ပီယံလိဂ်မှာမပါတဲ့ သူ့ရဲ့အကောင်းဆုံးကစားသမား ၄ ယောက်ကို ဖွင့်ဟလိုက်တဲ့နေမာ

photo-gettyimages

photo-allfootball

ပီအက်စ်ဂျီကြယ်ပွင့်နေမာဟာ မကြာသေးခင်က ရုပ်သံတစ်ခုမှာ ဒီနှစ်ချန်ပီယံလိဂ်မှာမပါတဲ့ သူ့ရဲ့အကောင်းဆုံးကစားသမား ၄ ယောက်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ နေမာရွေးချယ်ပေးခဲ့တဲ့ ချန်ပီယံလိဂ်မပြိုင်ရတဲ့အကောင်းဆုံး ၄ ယောက်ထဲမှာ မန်ယူကစားသမားတစ်ယောက်လည်း ပါဝင်နေပါတယ်။ အဲဒီသူကတော့ ဒဏ်ရာကြောင့် ကာလရှည်နားနေရပြီး အခုချိန်ထိ ပြန်မကစားရသေးတဲ့ ကွင်းလယ်လူပေါ့ဂ်ဘာပါပဲ။

photo-gettyimages

နေမာရဲ့ပီအက်စ်ဂျီအသင်းကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဝေးကွင်းမှာ ဒေါ့မန်ကို ၂-၁ နဲ့ရှုံးထားလို့ ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့အတွက်ဆိုရင် အိမ်ကွင်းဒုတိယအကျော့မှာ ပြန်လည်အနိုင်ယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီနှစ်ချန်ပီယံလိဂ်မှာမပါရတဲ့ အကောင်းဆုံးကစားသမားတွေက ဘယ်သူတွေလဲလို့မေးမြန်းတော့ မဆိုင်းမတွနဲ့ နေမာပထမဆုံးပြောလိုက်သူဟာ ပေါ့ဂ်ဘာဖြစ်နေပါတယ်။ ဘာကြောင့် ပေါ့ဂ်ဘာကိုရွေးသလဲဆိုတာနဲ့ပတ်သက်လို့ နေမာက”သူဟာ စကေးအကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ဒီကနေ့ရဲ့ သူ့နေရာမှာဆိုရင် ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

photo-gettyimages

နေမာဟာ ချန်ပီယံလိဂ်မပြိုင်ရတဲ့ သူ့ရဲ့အကောင်းဆုံး ၄ ယောက်ထဲမှာ အခုအေစီမီလန်မှာ တစ်ကျော့ပြန်ကစားနေတဲ့ မန်ယူတိုက်စစ်မှုးဟောင်းအီဘရာဟီမိုဗစ်ကိုလည်း ရွေးချယ်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့”ကျွန်တော့်အတွက်ကတော့ သူဟာ အကောင်းဆုံးတိုက်စစ်မှုးတွေထဲက တစ်ယောက်ပါ။ သူ့ရဲ့အင်အား၊အရည်အသွေးနဲ့ ဂိုးလာဘ်တို့ကြောင့်လည်း ဖြစ်ပါတယ်”လို့ နေမာက ပြောခဲ့တာပါ။ နောက်ထပ်နှစ်ယောက်ကတော့ သူနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်ကြတဲ့ ပါးလ်မီးရက်စ်က လူးကပ်လီမာနဲ့ ဖလူမီးနိစ်က နီနီတို့ ဖြစ်ပါတယ်။

[Zawgyi]

ဒီႏွစ္ခ်န္ပီယံလိဂ္မွာမပါတဲ့ သူ႔ရဲ႕အေကာင္းဆုံးကစားသမား ၄ ေယာက္ကို ဖြင့္ဟလိုက္တဲ့ေနမာ

ပီအက္စ္ဂ်ီၾကယ္ပြင့္ေနမာဟာ မၾကာေသးခင္က ရုပ္သံတစ္ခုမွာ ဒီႏွစ္ခ်န္ပီယံလိဂ္မွာမပါတဲ့ သူ႔ရဲ႕အေကာင္းဆုံးကစားသမား ၄ ေယာက္ကို ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ ေနမာေရြးခ်ယ္ေပးခဲ့တဲ့ ခ်န္ပီယံလိဂ္မၿပိဳင္ရတဲ့အေကာင္းဆုံး ၄ ေယာက္ထဲမွာ မန္ယူကစားသမားတစ္ေယာက္လည္း ပါ၀င္ေနပါတယ္။ အဲဒီသူကေတာ့ ဒဏ္ရာေၾကာင့္ ကာလရွည္နားေနရၿပီး အခုခ်ိန္ထိ ျပန္မကစားရေသးတဲ့ ကြင္းလယ္လူေပါ့ဂ္ဘာပါပဲ။

ေနမာရဲ႕ပီအက္စ္ဂ်ီအသင္းကေတာ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့အေ၀းကြငး္မွာ ေဒါ့မန္ကို ၂-၁ နဲ႔ရႈံးထားလို႔ ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ဖုိ႔အတြက္ဆိုရင္ အိမ္ကြင္းဒုတိယအေက်ာ့မွာ ျပန္လည္အႏိုင္ယူႏုိင္ဖို႔ လိုအပ္ေနပါတယ္။ ဒီႏွစ္ခ်န္ပီယံလိဂ္မွာမပါရတဲ့ အေကာင္းဆုံးကစားသမားေတြက ဘယ္သူေတြလဲလုိ႔ေမးျမန္းေတာ့ မဆိုင္းမတြနဲ႔ ေနမာပထမဆုံးေျပာလိုက္သူဟာ ေပါ့ဂ္ဘာျဖစ္ေနပါတယ္။ ဘာေၾကာင့္ ေပါ့ဂ္ဘာကုိေရြးသလဲဆိုတာနဲ႔ပတ္သက္လို႔ ေနမာက”သူဟာ စေကးအေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္ပါ။ ဒီကေန႔ရဲ႕ သူ႔ေနရာမွာဆိုရင္ ကမာၻ႔အေကာင္းဆုံးေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္”လို႔ ရွင္းျပခဲ့ပါတယ္။

ေနမာဟာ ခ်န္ပီယံလိဂ္မၿပိဳင္ရတဲ့ သူ႔ရဲ႕အေကာင္းဆုံး ၄ ေယာက္ထဲမွာ အခုေအစီမီလန္မွာ တစ္ေက်ာ့ျပန္ကစားေနတဲ့ မန္ယူတိုက္စစ္မႈးေဟာင္းအီဘရာဟီမိုဗစ္ကိုလည္း ေရြးခ်ယ္ခဲ့ပါတယ္။ အဲဒါနဲ႔ပတ္သက္လုိ႔”ကၽြန္ေတာ့္အတြက္ကေတာ့ သူဟာ အေကာင္းဆုံးတိုက္စစ္မႈးေတြထဲက တစ္ေယာက္ပါ။ သူ႔ရဲ႕အင္အား၊အရည္အေသြးနဲ႔ ဂိုးလာဘ္္တို႔ေၾကာင့္လည္း ျဖစ္ပါတယ္”လို႔ ေနမာက ေျပာခဲ့တာပါ။ ေနာက္ထပ္ႏွစ္ေယာက္ကေတာ့ သူနဲ႔ တစ္ႏိုင္ငံတည္းသားေတြျဖစ္ၾကတဲ့ ပါးလ္မီးရက္စ္က လူးကပ္လီမာနဲ႔ ဖလူမီးနိစ္က နီနီတို႔ ျဖစ္ပါတယ္။