Ads ( 18+ , Gamble responsibly )
– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ
– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
အာဆင်နယ်အသင်းဟာ ရီးယဲလ်အသင်းရဲ့နော်ဝေလူငယ်ကွင်းလယ်လူအိုဒီဂွါကို ပေါင်သန်း(၃၀)နဲ့အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပြီး အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း သူတို့ရဲ့အသုံးစရိတ်က ပေါင်သန်း(၁၀၀)ကျော်အထိရှိနေပါပြီ။
အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ အိုဒီဂွါဟာ ပြီးခဲ့တဲ့ရာသီဝက်က အာဆင်နယ်အသင်းမှာ အငှားနဲ့လာရောက်ကစားခဲ့ပြီး ပွဲပေါင်း(၂၀)ကစား၊ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့သလို ခြေစွမ်းပြကစားနိုင်ခဲ့လို့ နည်းပြအာတီတာက အိုဒီဂွါကို အပြီးသတ်ခေါ်ယူဖို့ဆန္ဒရှိခဲ့တာပါ။
အိုဒီဂွါဟာ ရာသီကုန်မှာ ရီးယဲလ်အသင်းဆီပြန်ရောက်ခဲ့ပေမယ့် နည်းပြအန်ဆယ်လော့တီက သူ့အနာဂတ်အစီအစဉ်တွေထဲမှာ အိုဒီဂွါ မပါဝင်တာကြောင့် သူ့ကိုရောင်းချဖို့စီစဉ်ခဲ့ပြီး အခုအချိန်မှာတော့ အာဆင်နယ်အသင်းက ပေါင်သန်း(၃၀)နဲ့တရားဝင်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း အိုဒီဂွါရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အပြီးသတ်ရမယ့်ကိစ္စတချို့ကျန်နေသေးတာကြောင့် အခုတစ်ပတ်တနင်္ဂနွေနေ့ကျရင် ချယ်လ်ဆီးအသင်းနဲ့ကစားမယ့်လန်ဒန်ဒါဘီပွဲမှာ အိုဒီဂွါ ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။
အိုဒီဂွါအနေနဲ့ လာမယ့်တစ်ပတ်ဗုဒ္ဓဟူးနေ့မှာ ဝက်စ်ဘရွန်းနဲ့ကစားမယ့်လိဂ်ဖလားပွဲမှာတော့ အာဆင်နယ်အသင်းအတွက် ပွဲထွက်ကစားနိုင်မယ့်အနေအထားပါပဲ။
အာဆင်နယ်အသင်းဟာ အိုဒီဂွါအပါအဝင် အခုနွေရာသီကာလအတွင်း ဘုန်းမောက်နောက်ခံလူဘန်ဝှိုက်(ပေါင်သန်း၅၀)၊ ဘင်ဖီကာဘယ်နောက်ခံလူတာဗာရက်စ်(ပေါင် ၇. ၂သန်း)၊
အန်ဒါလက်ချ်ကွင်းလယ်လူ လိုကွန်ဂါ(ပေါင် ၁၅.၇၅သန်း) တို့ကို ခေါ်ယူထားပြီး ပေါင်(၁၀၂)သန်းအထိအသုံးပြုပြီးတော့ ပြင်ဆင်မှုတွေပြုလုပ်တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နေရာသာရရှိခဲ့တာကြောင့် (၂၅)နှစ်အတွင်း ပထမဆုံးအဖြစ် ဥရောပပြိုင်ပွဲဝင်ခွင့်တွေနဲ့လွဲချော်ခဲ့တာကြောင့် ဒီရာသီမှာ အသင်းအနေအထားတိုးတက်လာအောင် ကစားသမားသစ်တွေခေါ်ယူအားဖြည့်နေတာပါ။
ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တန်းတက်လာတဲ့ ဘရန့်ဖို့ဒ်အသင်းကို (၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ရပြီး လာမယ့်ပွဲတွေမှာလည်း ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့ ပွဲကျပ်တွေဆက်တိုက်ကစားရမှာလည်းဖြစ်ပါတယ်။
Ads ( 18+ , Gamble responsibly )
– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ
– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
zawgyi
ဒီနွေရာသီကာလမှာ အိုဒီဂွါအပါအဝင် ကစားသမားသစ်တွေအတွက် ပေါင်သန်း(၁၀၀)ကျော်အသုံးပြုခဲ့တဲ့ အာဆင်နယ်