ဒီနွေမှာ အသင်းအားလုံးထက် ယူနိုက်တက် လူခေါ်တဲ့ အနေအထားက အကောင်းဆုံးပဲဆိုတဲ့ ပေါလ်မာဆင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လေကန်ဝေဖန်ရေး အလုပ်လုပ်နေသူ ပေါလ်မာဆင်ကတော့ ယူနိုက်တက်ရဲ့ လုပ်ရပ်ကို အသားကုန် အမွှမ်းတင်ထားပါတယ်။

ပေါလ်မာဆင်က “ဗာရန်းဟာ ယူနိုက်တက် အသင်းကို ဆုဖလား စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။

သူဟာ ဒီနွေရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှု ပါပဲ။

ဒီနှစ်က အရင်နှစ်တွေကထက် ပိုပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ”

“ဖလားရယူနိုင်မယ့် ထိပ်ဆုံး ၄ သင်းထဲမှာ ယူနိုက်တက်ပါပါလိမ့်မယ်။

အဲလို ဖြစ်အောင်လည်း ဗာရန်းက ကူညီ ပေးနိုင်ပါလိမ့်မယ်။

ဗာရန်း တစ်ယောက် ရီးရဲလ်မက်ဒရစ် အသင်းကနေ ယူဆောင်လာမယ့် အဆင့်အတန်းနဲ့ အတွေ့အကြုံတွေက တကယ့်ကို ခမ်းနား နေပါလိမ့်မယ်။

သူဟာ ယူနိုက်တက် အသင်း အတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကို လုပ်ဆောင်ပေးနိုင် လိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ် ” လို့ ပြောဆိုပါတယ်။

ယူနိုက်တက်ဟာ အခု အပြောင်းအရွှေ့မှာ ဗာရန်းအပြင် ဂိုးသွင်းကောင်းတဲ့ ဆန်ချိုကိုပါ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ ဗာရန်းကို လိဒ်စ် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တရားဝင် မိတ်ဆက်ပေးခဲ့ပြီး၊ ဆန်ချိုကိုတော့ မြေစမ်းခရမ်းပျိုး ကစားစေခဲ့ပါတယ်။

ဒီရာသီ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှာ ဝမ်ဘစ်ဆာကာ ၊ မက်ဂွားယား ၊ ဗာရန်း နဲ့ လုခ်ရှော တို့ကို မြင်တွေ့ရနိုင်ခြေ များပြီး သရဲနီ ခံတပ်ကတော့ အားရစရာပါ။

ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းနဲ့ ဂိုးသွင်းတာဝန်ကိုတော့ ဘရူနို၊ ပေါ့ဘာ၊ ဂရင်းဝုဒ် နဲ့ ဆန်ချိုတို့ ထမ်းဆောင်ပါလိမ့်မယ်။

ရက်ရှ်ဖို့ မြက်ခင်းစိမ်းပေါ် ပြန်နင်းနိုင်ရင်လည်း အားပိုဖြစ်ပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




