

ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးရမယ်ဆိုရင် အရင်ဦးဆုံးအနေနဲ့ မန်စီးတီးနည်းပြပြော ဆိုတဲ့ စကားတွေကိုတင်ဆက်ပေးချင်ပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူ့အနေနဲ့ ယူနိုက်တက်ရဲ့နည်းပြအလုပ်ကို မလုပ်ဘူးလို့ပြောဆိုလာတာဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းနဲ့ မန်စီးတီးအသင်းတို့ကို ကိုင်တွယ်ပြီးနောက် တခြား အသင်းအသစ်ကိုပဲဖြစ်ဖြစ်၊ အသင်းအဟောင်းကို ပြန်ပြီးတော့ပဲဖြစ်ဖြစ် နည်းပြတာဝန်ကိုမယူဘူးလို့ စဉ်းစားထားကြောင်းဆိုပါတယ်။ ဒါ့အပြင် ထိပ်တန်းကလပ်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ထရစ် တို့မှာနည်းပြလုပ်မယ့်အစား ဂေါ့ဖ် ကစားတာကို ပိုမိုနှစ်သက်လိမ့်မယ်လို့ ပြောဆိုလာခဲ့ပါတယ်။

“ကျွန်တော် မန်စီးတီးအသင်းနဲ့ လေ့ကျင့်ခန်းတွေပြုလုပ်အပြီးမှာ ယူနိုက်တက်နဲ့ လေ့ကျင့်ချင်စိတ် မရှိတော့ပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း အဲဒီလိုပါပဲ။ နောက်ထပ် ကမ်းလှမ်းတာမျိုးတွေမရှိဘူးဆိုရင် ကျွန်တော် မော်လ်ဒိုက်နိုင်ငံမှာ သွားနေဖြစ်မှာပါ။ မော်လ်ဒိုက်ကမ်းခြေက နေချင်စရာနေရာတစ်ခုပါ။ ဒါပေမယ့် မော်ဒိုက်မှာလည်း နေဖြစ်ချင်မှ နေဖြစ်ဦးမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီမှာ ဂေါက်ရိုက်ဖို့အဆင်မပြေဘူးလေ” လို့မန်စီးတီးနည်းပြ ဂွာဒီယိုလာကပြောပါတယ်။ မန်ချက်စတာဒါဘီပွဲစဉ်နဲ့ပတ်သက်လို့တော့ ဂွာဒီယိုလာက “အရင်ဆုံးကျွန်တော်တို့ အဝေးကွင်းမှာ ကစားရပါမယ်။ ဒုတိယအကျော့မှာတော့ အိမ်ကွင်းမှာ ပြန်ကစားရပါမယ်။ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိအောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယူနိုက်တက်နဲ့ ပြိုင်ပွဲတွေမှာ အကြိမ်အများကြီးတွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ နိုင်တဲ့ပွဲတွေရှိသလို၊ ရှုံးတဲ့ပွဲတွေလည်းရှိပါတယ်။ ယူနိုက်တက်နဲ့တွေ့တဲ့ပွဲတိုင်းမှာအနိုင်ရမယ်လို့တော့ မျှော်မှန်းမထားပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ကလည်း ကောင်းမွန်တဲ့ကလပ်အသင်းကြီးတစ်သင်းဖြစ်နေလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကိုအနိုင်ရတဲ့အကြိမ်က ပိုများပါတယ်”ဆိုပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာကပြောပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ယူနိုက်တက်လေ့ကျင့်ရေးကွင်းမှာ အကြမ်းတမ်းဆုံး အသင်းဖော်နဲ့ အဝတ်လဲခန်းထဲကစိတ်အတိုဆုံးအသင်းဖော်က ဘယ်သူလဲဆိုတဲ့သတင်းဖြစ်ပါတယ်။ အဲဒီကိစ္စကိုပြောပြလာသူကတော့ ဒန်နီရယ်ဂျိမ်းစ်ဖြစ်ပါတယ်။ ယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ်လ်ဂျိမ်းစ်က အသင်းရဲ့ အဝတ်လဲခန်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အကြမ်းတမ်းဆုံးကစားသမားဟာ နောက်ခံကစားသမား မားကို့စ်ရိုဂျိုဖြစ်တယ် လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ရိုဂျိုဟာ စပို့တင်းလစ္စဘွန်း အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့သူဖြစ်ပြီး၊ ယူနိုက်တက်အသင်းကိုရောက်ရှိနေတာ 6နှစ်ကျော် ရှိနေပြီဖြစ်ကာ၊ ပွဲပေါင်း ၁၂၂ ပွဲ ပါဝင် ကစားထားခဲ့ပါတယ်။

ဒါပေမယ့်အခုလာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရိုဂျိုတစ်ယောက် ယူနိုက်တက် အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိနေပါတယ်။ “လေ့ကျင့်ရေးကွင်းမှာ ရိုဂျိုနဲ့နှစ်ယောက်တည်း ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ အချိန်တိုင်းမှာ ကျွန်တော်ကတော့ ခုန်ပြီးပဲ ရှောင်နေရတတ်ပါတယ်။ သူကတော်တော်ကြမ်းတဲ့နောက်ခံလူပါ။ ခင်ဗျားဆိုရင်လည်း သူ့ရဲ့ လမ်းကြောင်းထဲမှာ ရှိနေဝံ့မှာ မဟုတ်ပါဘူး” ဆိုပြီး ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် အဝတ်လဲခန်း အတွင်းမှာ စိတ်အတိုဆုံး ကစားသမားက အသင်းခေါင်းဆောင် အက်ရှ်လေယန်းဖြစ်တယ်လို့ ဂျိမ်းစ်က ဖော်ကောင်ဘညွှန့်လုပ်လာပါတယ်။ “အက်ရှ်လေယန်းက ကလပ်မှာ အချိန်အကြာကြီးနေခဲ့သလို အမြဲတမ်းလည်း ဆူပူကြိမ်းမောင်းနေတာဗျ ၊ အသေးအမွှားလေးတွေ က အစ ဆူပူကြိမ်းမောင်းနေတာပါ။ဒါပေမယ့် သူက လူကောင်းတစ်ယောက်ပါပဲ”ဆိုပြီး ဂျိမ်းစ်ကပြောပါတယ်။

ကစားသမားအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်လို့တော့ ယူနိုက်တက်အသင်းဟာ စပါးအသင်းရဲ့ကွင်းလယ်လူ ဟယ်ရီဝင့်စ် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းသိရပါတယ်။ဒါ့အပြင် ပရိသတ်အများစုမျှော်လင့်နေတဲ့ ဒိန်းဟန်ဒါဆန်ကတော့ ရှက်ဖ်ဖီးယူနိုက်တက်မှာအငှားကာလပြည့်တာနဲ့ ယူနိုက်တက်အသင်းထံပြန်လာမယ်လို့သိရပြီး၊ ယူနိုက်တက် အသင်းဟာ နောက်ခံလူ အဲရစ်ဘာယီကိုနောက်ထပ် (2) နှစ်သက်တမ်းတိုးဖို့လည်း စဉ်းစားထားကြောင်း သိရပါတယ်။ ဆုရသတင်းမှာဆိုရင် ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးဖြစ်သူ ရက်ရှ်ဖို့ဒ်တစ်ယောက် PFA ကပေးအပ်တဲ့ ဒီဇင်ဘာလတစ်လတာအကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင် လူငယ် ကစားသမားတာဟစ်ချောင်ကတော့ PL2 ဒီဇင်ဘာလတစ်လတာအကောင်းဆုံး ကစားသမားဆုအတွက်ဆန်ခါတင်စာရင်းမှာပါဝင်လာခဲ့တယ်လို့သိရပါတယ်။

(Zawgyi Version)
ဒီေန႔အတြက္ ယူႏိုက္တက္္နဲ႔ပတ္သက္တဲ့ သတင္းတိုထြာမ်ား
ယူႏိုက္တက္နဲ႔ပတ္သက္တဲ့သတင္းေတြကိုတင္ဆက္ေပးရမယ္ဆိုရင္ အရင္ဦးဆုံးအေနနဲ႔ မန္စီးတီးနည္းျပေျပာ ဆိုတဲ့ စကားေတြကိုတင္ဆက္ေပးခ်င္ပါတယ္။ မန္စီးတီးနည္းျပ ဂြာဒီယုိလာက သူ႔အေနနဲ႔ ယူႏိုက္တက္ရဲ႕နည္းျပအလုပ္ကိုမလုပ္ဘူးလို႔ေျပာဆိုလာတာျဖစ္ပါတယ္။ မန္စီးတီးနည္းျပ ဂြာဒီယိုလာဟာ ဘာစီလိုနာအသင္းနဲ႔ မန္စီးတီးအသင္းတို႔ကို ကိုင္တြယ္ၿပီးေနာက္ တျခား အသင္းအသစ္ကိုပဲျဖစ္ျဖစ္၊ အသင္းအေဟာင္းကို ျပန္ၿပီးေတာ့ပဲျဖစ္ျဖစ္ နည္းျပတာ၀န္ကိုမယူဘူးလို႔ စဥ္းစားထားေၾကာင္းဆုိပါတယ္။ ဒါ့အျပင္ ထိပ္တန္းကလပ္ေတြျဖစ္တဲ့ ယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ထရစ္ တို႔မွာနည္းျပလုပ္မယ့္အစား ေဂါ့ဖ္ ကစားတာကို ပိုမိုႏွစ္သက္လိမ့္မယ္လို႔ ေျပာဆိုလာခဲ့ပါတယ္။
“ကၽြန္ေတာ္ မန္စီးတီးအသင္းနဲ႔ ေလ့က်င့္ခန္းေတြျပဳလုပ္အၿပီးမွာ ယူႏိုက္တက္နဲ႔ ေလ့က်င့္ခ်င္စိတ္ မရွိေတာ့ပါဘူး။ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔လည္း အဲဒီလိုပါပဲ။ ေနာက္ထပ္ ကမ္းလွမ္းတာမ်ဳိးေတြမရိွဘူးဆိုရင္ ကၽြန္ေတာ္ ေမာ္လ္ဒိုက္ႏိုင္ငံမွာ သြားေနျဖစ္မွာပါ။ ေမာ္လ္ဒိုက္ကမ္းေျခက ေနခ်င္စရာေနရာတစ္ခုပါ။ ဒါေပမယ့္ ေမာ္ဒိုက္မွာလည္း ေနျဖစ္ခ်င္မွ ေနျဖစ္ဦးမွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒီမွာ ေဂါက္ရိုက္ဖို႔အဆင္မေျပဘူးေလ” လို႔မန္စီးတီးနည္းျပ ဂြာဒီယုိလာကေျပာပါတယ္။ မန္ခ်က္စတာဒါဘီပြဲစဥ္နဲ႔ပတ္သက္လို႔ေတာ့ ဂြာဒီယိုလာက “အရင္ဆုံးကၽြန္ေတာ္တို႔ အေ၀းကြင္းမွာ ကစားရပါမယ္။ ဒုတိယအေက်ာ့မွာေတာ့ အိမ္ကြင္းမွာ ျပန္ကစားရပါမယ္။ ေကာင္းမြန္တဲ့ရလဒ္ေတြ ရရွိေအာင္ ႀကိဳးစားသြားရမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ယူႏိုက္တက္နဲ႔ ၿပိဳင္ပြဲေတြမွာ အႀကိမ္အမ်ားႀကီးေတြ႕ဆုံခဲ့ၿပီးျဖစ္ပါတယ္။ ႏိုင္တဲ့ပြဲေတြရိွသလုိ၊ ရႈံးတဲ့ပြဲေတြလည္းရိွပါတယ္။ ယူႏိုက္တက္နဲ႔ေတြ႕တဲ့ပြဲတိုင္းမွာအႏိုင္ရမယ္လုိ႔ေတာ့ ေမွ်ာ္မွန္းမထားပါဘူး။ ဘာေၾကာင့္လဲဆိုရင္ သူတို႔ကလည္း ေကာင္းမြန္တဲ့ကလပ္အသင္းႀကီးတစ္သင္းျဖစ္ေနလို႔ပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ သူတို႔ကိုအႏိုင္ရတဲ့အႀကိမ္က ပိုမ်ားပါတယ္”ဆိုၿပီး မန္စီးတီးနည္းျပ ဂြာဒီယုိလာကေျပာပါတယ္။
ေနာက္ထပ္သတင္းတစ္ပုဒ္အေနနဲ႔ကေတာ့ ယူႏိုက္တက္ေလ့က်င့္ေရးကြင္းမွာ အၾကမ္းတမ္းဆုံး အသင္းေဖာ္နဲ႔ အ၀တ္လဲခန္းထဲကစိတ္အတိုဆုံးအသင္းေဖာ္က ဘယ္သူလဲဆိုတဲ့သတင္းျဖစ္ပါတယ္။ အဲဒီကိစၥကုိေျပာျပလာသူကေတာ့ ဒန္နီရယ္ဂ်ိမ္းစ္ျဖစ္ပါတယ္။ ယူႏိုက္တက္ေတာင္ပံကစားသမား ဒန္နီရယ္လ္ဂ်ိမ္းစ္က အသင္းရဲ႕ အ၀တ္လဲခန္းနဲ႔ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အၾကမ္းတမ္းဆုံးကစားသမားဟာ ေနာက္ခံကစားသမား မားကို႔စ္႐ိုဂ်ဳိျဖစ္တယ္ လို႔ ထုတ္ေဖာ္ေျပာၾကားလာခဲ့ပါတယ္။ ရိုဂ်ဳိဟာ စပို႔တင္းလစၥဘြန္း အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့သူျဖစ္ၿပီး၊ ယူႏိုက္တက္အသင္းကိုေရာက္ရိွေနတာ 6ႏွစ္ေက်ာ္ ရိွေနၿပီျဖစ္ကာ၊ ပြဲေပါင္း ၁၂၂ ပြဲ ပါဝင္ ကစားထားခဲ့ပါတယ္။
ဒါေပမယ့္အခုလာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ရိုဂ်ိဳတစ္ေယာက္ ယူနိုက္တက္ အသင္းကေန ထြက္ခြာႏိုင္ဖြယ္ရိွေနပါတယ္။ “ေလ့က်င့္ေရးကြင္းမွာ ရိုဂ်ဳိနဲ႕ႏွစ္ေယာက္တည္း ထိပ္တိုက္ ေတြ႕ဆုံခဲ့တဲ့ အခ်ိန္တိုင္းမွာ ကၽြန္ေတာ္ကေတာ့ ခုန္ၿပီးပဲ ေရွာင္ေနရတတ္ပါတယ္။ သူကေတာ္ေတာ္ၾကမ္းတဲ့ေနာက္ခံလူပါ။ ခင္ဗ်ားဆိုရင္လည္း သူ႕ရဲ႕ လမ္းေၾကာင္းထဲမွာ ရွိေနဝံ့မွာ မဟုတ္ပါဘူး” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။
ဒါ့အျပင္ အဝတ္လဲခန္း အတြင္းမွာ စိတ္အတိုဆုံး ကစားသမားက အသင္းေခါင္းေဆာင္ အက္ရွ္ေလယန္းျဖစ္တယ္လို႔ ဂ်ိမ္းစ္က ေဖာ္ေကာင္ဘညႊန္႕လုပ္လာပါတယ္။ “အက္ရွ္ေလယန္းက ကလပ္မွာ အခ်ိန္အၾကာႀကီးေနခဲ့သလို အၿမဲတမ္းလည္း ဆူပူႀကိမ္းေမာင္းေနတာဗ် ၊ အေသးအမႊားေလးေတြ က အစ ဆူပူႀကိမ္းေမာင္းေနတာပါ။ဒါေပမယ့္ သူက လူေကာင္းတစ္ေယာက္ပါပဲ”ဆိုၿပီး ဂ်ိမ္းစ္ကေျပာပါတယ္။
ကစားသမားအေျပာင္းအေရႊ႕သတင္းေတြနဲ႔ပတ္သက္လို႔ေတာ့ ယူႏုိက္တက္အသင္းဟာ စပါးအသင္းရဲ႕ကြင္းလယ္လူ ဟယ္ရီဝင့္စ္ ကိုေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။ဒါ့အျပင္ ပရိသတ္အမ်ားစုေမွ်ာ္လင့္ေနတဲ့ ဒိန္းဟန္ဒါဆန္ကေတာ့ ရွက္ဖ္ဖီးယူႏိုက္တက္မွာအငွားကာလျပည့္တာနဲ႔ ယူႏိုက္တက္အသင္းထံျပန္လာမယ္လို႔သိရၿပီး၊ ယူႏိုက္တက္ အသင္းဟာ ေနာက္ခံလူ အဲရစ္ဘာယီကိုေနာက္ထပ္ (2) ႏွစ္သက္တမ္းတုိးဖို႔လည္း စဥ္းစားထားေၾကာင္း သိရပါတယ္။ ဆုရသတင္းမွာဆုိရင္ ယူႏုိက္တက္အသင္းရဲ႕တိုက္စစ္မႉးျဖစ္သူ ရက္႐ွ္ဖို႔ဒ္တစ္ေယာက္ PFA ကေပးအပ္တဲ့ ဒီဇင္ဘာလတစ္လတာအေကာင္းဆုံး ကစားသမားဆုကိုရရိွခဲ့ေၾကာင္းသိရပါတယ္။ဒါ့အျပင္ လူငယ္ ကစားသမားတာဟစ္ေခ်ာင္ကေတာ့ PL2 ဒီဇင္ဘာလတစ္လတာအေကာင္းဆုံး ကစားသမားဆုအတြက္ဆန္ခါတင္စာရင္းမွာပါဝင္လာခဲ့တယ္လို႔သိရပါတယ္။