ဒီနေ့ညမှာ ယှဉ်ပြိုင်ရမယ့် သရဲနီပြိုင်ဘက် ယန်းဘွိုင်းစ်အသင်းဆိုတာ အချဉ်တော့ မဟုတ် . . .

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယန်းဘွိုင်းစ်အသင်းကို ဆွစ်ဇာလန်မြေမှာ ကစားရဖို့ရှိနေပါတယ်။

ယူနိုက်တက် နှင့် ယန်းဘွိုင်းစ်အပြင် ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးရဲ နှင့် အီတလီကလပ် အတ္တလန္တာတို့ဟာလည်း အုပ်စု ( စ ) မှာ ပါဝင်နေပါတယ်။

ယူနိုက်တက်က မော်ရင်ဟိုလက်ထက် ( ၂၀၁၈/၁၉ ) ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံဖူးပြီး ( ၃-၀ )၊ ( ၂-၀ ) ရလာဒ်တွေနဲ့ အနိုင်ရထားပါတယ်။

လက်ရှိမှာတော့ အိမ်ရှင်အသင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် ( ၃ ) ခုကို ဖော်ပြပေးလိုက်ပါတယ်။

( ၁ ) လက်ရှိခြေစွမ်း

( ၂၀၁၈ )ခုနှစ်က ဘေဆယ်အသင်းရဲ့ ဆွစ်ဘောလုံးလောကအပေါ်လွှမ်းမိုးနိုင်မှုကို အဆုံးသတ်ခဲ့ပြီးနောက် ယန်းဘွိုင်းစ်းအသင်းက အမှတ်ပေးချန်ပီယံဆိုကို ( ၄ ) ရာသီဆက် ဆွတ်ခူးထားပါတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ ပုံစံကောင်းရဖို့ ရုန်းကန်နေရပြီး ( ၅ ) ပွဲကစားထားရာမှာ ရမှတ် ( ၈ ) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာမှာ ရပ်တည်နေပါတယ်။

အင်္ဂါနေ့မှာ ကစားခဲ့တဲ့ အမှတ်ပေးဇယားထိပ်က ဇူးရစ်အသင်းနဲ့ ပွဲစဉ်မှာတော့ ( ၄- ၀ ) အနိုင်ရထားပါတယ်။

( ၂ ) အဓိကကစားသမားများ

အမေရိကန် တိုက်စစ်မှူး Jordan Siebatcheu က ဆွစ်ကလပ်မှာ ခြေစွမ်းပြနေပါတယ်။

နောက်ဆုံး ( ၁၂ ) ပွဲမှာ ( ၆ ) ဂိုး သွင်းထားပြီး ( ၃ ) ဂိုးကို ချန်ပီယံလိဂ်ခြေစစ်ပွဲတွေမှာ ရယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ( ၂ ) ရာသီ ဆွစ် စူပါလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ Jean-Pierre Nsame ကိုလည်း သတိထားရပါမယ်။

( ၃ ) ရင်းနှီးပြီးသားမျက်နှာ

ယခင် ဟန်ဒါဖီးလ်တောင်းနည်းပြ ဒေးဗစ် ဝက်ဂါက ဒီနွေရာသီမှာ ယန်းဘွိုင်းစ်နည်းပြ ဖြစ်လာပါတယ်။

ဂျာမာန်နည်းပြက ယာဂန်ကလော့နဲ့ ရင်းနှီးပြီး ( ၂၀၁၉ ) ဇူလိုင်မှာ ရှော်ကေးနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

ဝက်ဂါဟာ ( ၂၀၁၇ ) ခုနှစ်က ဟန်ဒါဖီးလ်တောင်းနည်းပြ အဖြစ်ဆောင်ရွက်နေစဉ် မော်ရင်ဟိုရဲ့ ယူနိုက်တက်ကို ( ၂-၁ ) အနိုင်ယူခဲ့ဖူးပါတယ်။

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

zawgyi

ဒီေန႔ညမွာ ယွဥ္ၿပိဳင္ရမယ့္ သရဲနီၿပိဳင္ဘက္ ယန္းဘြိဳင္းစ္အသင္းဆုိတာ အခ်ဥ္ေတာ့ မဟုတ္ . . .

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ယန္းဘြိဳင္းစ္အသင္းကို ဆြစ္ဇာလန္ေျမမွာ ကစားရဖို႔ရွိေနပါတယ္။

ယူႏိုက္တက္ ႏွင့္ ယန္းဘြိဳင္းစ္အျပင္ ယူ႐ိုပါလိဂ္ခ်န္ပီယံ ဗီလာရီးရဲ ႏွင့္ အီတလီကလပ္ အတၱလႏၲာတို႔ဟာလည္း အုပ္စု ( စ ) မွာ ပါဝင္ေနပါတယ္။

ယူႏိုက္တက္က ေမာ္ရင္ဟိုလက္ထက္ ( ၂၀၁၈/၁၉ ) ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေတြ႕ဆုံဖူးၿပီး ( ၃-၀ )၊ ( ၂-၀ ) ရလာဒ္ေတြနဲ႔ အႏိုင္ရထားပါတယ္။

လက္ရွိမွာေတာ့ အိမ္ရွင္အသင္းနဲ႔ ပတ္သက္ၿပီး သိထားသင့္တဲ့ အခ်က္ ( ၃ ) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

( ၁ ) လက္ရွိေျခစြမ္း။

( ၂၀၁၈ )ခုႏွစ္က ေဘဆယ္အသင္းရဲ႕ ဆြစ္ေဘာလုံးေလာကအေပၚလႊမ္းမိုးႏိုင္မႈကို အဆုံးသတ္ခဲ့ၿပီးေနာက္ ယန္းဘြိဳင္းစ္းအသင္းက အမွတ္ေပးခ်န္ပီယံဆိုကို ( ၄ ) ရာသီဆက္ ဆြတ္ခူးထားပါတယ္။

ဒါေပမယ့္ ဒီရာသီမွာေတာ့ ပုံစံေကာင္းရဖို႔ ႐ုန္းကန္ေနရၿပီး ( ၅ ) ပြဲကစားထားရာမွာ ရမွတ္ ( ၈ ) မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာမွာ ရပ္တည္ေနပါတယ္။ အဂၤါေန႔မွာ ကစားခဲ့တဲ့ အမွတ္ေပးဇယားထိပ္က ဇူးရစ္အသင္းနဲ႔ ပြဲစဥ္မွာေတာ့ ( ၄- ၀ ) အႏိုင္ရထားပါတယ္။

( ၂ ) အဓိကကစားသမားမ်ား ။

အေမရိကန္ တိုက္စစ္မႉး Jordan Siebatcheu က ဆြစ္ကလပ္မွာ ေျခစြမ္းျပေနပါတယ္။ေနာက္ဆုံး ( ၁၂ ) ပြဲမွာ ( ၆ ) ဂိုး သြင္းထားၿပီး ( ၃ ) ဂိုးကို ခ်န္ပီယံလိဂ္ေျခစစ္ပြဲေတြမွာ ရယူခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ( ၂ ) ရာသီ ဆြစ္ စူပါလိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့တဲ့ Jean-Pierre Nsame ကိုလည္း သတိထားရပါမယ္။

( ၃ ) ရင္းႏွီးၿပီးသားမ်က္ႏွာ ။

ယခင္ ဟန္ဒါဖီးလ္ေတာင္းနည္းျပ ေဒးဗစ္ ဝက္ဂါက ဒီေႏြရာသီမွာ ယန္းဘြိဳင္းစ္နည္းျပ ျဖစ္လာပါတယ္။

ဂ်ာမာန္နည္းျပက ယာဂန္ကေလာ့နဲ႔ ရင္းႏွီးၿပီး ( ၂၀၁၉ ) ဇူလိုင္မွာ ေရွာ္ေကးနည္းျပအျဖစ္ တာဝန္ယူခဲ့ဖူးပါတယ္။

ဝက္ဂါဟာ ( ၂၀၁၇ ) ခုႏွစ္က ဟန္ဒါဖီးလ္ေတာင္းနည္းျပ အျဖစ္ေဆာင္႐ြက္ေနစဥ္ ေမာ္ရင္ဟိုရဲ႕ ယူႏိုက္တက္ကို ( ၂-၁ ) အႏိုင္ယူခဲ့ဖူးပါတယ္။