ဒီနေရာမှာ သမီးနဲ့အဖေရဲ့ အမှတ်တရတွေအများကြီးရှိခဲ့တယ်အဖေရယ်… ဖခင်ဖြစ်သူနဲ့အတူထိုင်ကြည့်နေကြနေရာလေးမှာ ဝမ်းနည်းတကြီးမျက်ရည်တွေကျ ဖြေမဆည်နိုင်ဖြစ်နေတဲ့ မာရာဒိုနာရဲ့သမီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုကာဂျူနီယာအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့နှောင်းပိုင်းက အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာကို စိတ်ခံစားချက်အပြည့်နဲ့ ဝမ်းနည်းကြောင်း နှုတ်ဆက်ခဲ့ပြီး သမီးဖြစ်သူ ဒယ်လ်မာကလည်း သူတို့သားအဖနှစ်ဦး အတူထိုင်နေကြနေရာလေးမှာ ဖခင်ဖြစ်သူအကြောင်း စဉ်းစားရင်း ဖြေမဆည်နိုင်ဖြစ်ကာ ဝမ်းနည်းပူဆွေးမျက်ရည်တွေ ကျဆင်းခဲ့ရပါတယ်။

မာရာဒိုနာဟာ ပြီးခဲ့တဲ့အပတ်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားတစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးမှုအဖြစ် အစိုးရက ၃ ရက်ကြာ ရက်သတ်မှတ်ပေးခဲ့ပြီး ဘောလုံးလောကသားအများစုကလည်း ဂန္ထဝင်ကြီးကို ဝမ်းနည်းဆုတောင်းစကားတွေနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မာရာဒိုနာရဲ့အသင်းဟောင်းနှစ်သင်းဖြစ်တဲ့ ဘိုကာဂျူနီယာနဲ့ နယူးဝဲလ်အိုးဘွိုင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး နှစ်သင်းစလုံးက မာရာဒိုနာရဲ့ကျောနံပါတ် ၁၀ ဂျာစီဝတ်ဆင်ကစားခဲ့သလို ပွဲမကျင်းပခင် တစ်မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။

ပွဲချိန် ၁၂မိနစ်မှာ ဘိုကာဂျူနီယာအသင်း ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် ဘိုကာဂျူနီယာအသင်းသားတွေဟာ မာရာဒိုနာ ထိုင်ကြည့်နေကြနေရာအရှေ့မှာ သူ့ရဲ့ဂျာစီကို ချထားရင်း ဝိုင်းဝန်းလက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်။

အဲဒီနေရာမှာ သမီးဖြစ်သူ ဒယ်လ်မာလည်း ကြည့်ရှုနေတာဖြစ်ပြီး ဖခင်ဖြစ်သူရဲ့အငွေ့အသက်လေးတွေ ပြန်လည်ခံစားရင်း ဖခင်ကြီးအတွက် ဘိုကာဂျူနီယာအသင်းသားတွေရဲ့ နှုတ်ဆက်မှုကြောင့် ဘယ်လိုမှမထိန်းနိုင်တော့ဘဲ မျက်ရည်တွေ တစ်သွင်သွင်စီးကျကာ ဝမ်းနည်းပက်လက်ဖြစ်သွားခဲ့ရပါတယ်။

ပွဲအပြီးမှာ ဘိုကာဂျူနီယာအသင်းက ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ပွဲအပြီးမှာလည်း ကစားသမားတွေက ဒယ်လ်မာ ထိုင်နေတဲ့နေရာနား ထပ်ရောက်လာကာ အားပေးနှစ်သိမ့်တဲ့အနေနဲ့ လက်ခုပ်တီးအားပေးခဲ့ပါတယ်။

ဒယ်လ်မာကလည်း သူ့နှလုံးသားကို ညွန်ပြပြီး တကယ့်ကိုခံစားရပါကြောင်း၊ အသင်းသားတွေရဲ့လေးစားတဲ့အပြုအမူကို လှိုက်လှဲစွာအသိအမှတ်ပြုပါကြောင်း အမူအယာနဲ့ ပြသခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့အငွေ့အသက်တွေရှိနေတဲ့နေရာမှာ ဖခင်ဖြစ်သူကို ဂုဏ်ပြုတာတွေက မာရာဒိုနာရဲ့သမီးအတွက်တော့ တကယ့်ကိုစိတ်ခံစားမှုအမြင့်ဆုံးကို တွန်းပို့ပေးလိုက်တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီေနရာမွာ သမီးနဲ႕အေဖရဲ႕ အမွတ္တရေတြအမ်ားၾကီးရွိခဲ့တယ္အေဖရယ္… ဖခင္ျဖစ္သူနဲ႔အတူထုိင္ၾကည့္ေနၾကေနရာေလးမွာ ၀မ္းနည္းတႀကီးမ်က္ရည္ေတြက် ေျဖမဆည္ႏုိင္ျဖစ္ေနတဲ့ မာရာဒိုနာရဲ႕သမီး

ဘုိကာဂ်ဴနီယာအသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔ေႏွာင္းပိုင္းက အာဂ်င္တီးနားဂႏၳ၀င္တုိက္စစ္မွဴး မာရာဒိုနာကို စိတ္ခံစားခ်က္အျပည့္နဲ႔ ၀မ္းနည္းေၾကာင္း ႏႈတ္ဆက္ခဲ့ၿပီး သမီးျဖစ္သူ ဒယ္လ္မာကလည္း သူတုိ႔သားအဖႏွစ္ဦး အတူထိုင္ေနၾကေနရာေလးမွာ ဖခင္ျဖစ္သူအေၾကာင္း စဥ္းစားရင္း ေျဖမဆည္ႏိုင္ျဖစ္ကာ ၀မ္းနည္းပူေဆြးမ်က္ရည္ေတြ က်ဆင္းခဲ့ရပါတယ္။

မာရာဒိုနာဟာ ၿပီးခဲ့တဲ့အပတ္က ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားတစ္ႏိုင္ငံလုံး ၀မ္းနည္းပူေဆြးမႈအျဖစ္ အစိုးရက ၃ ရက္ၾကာ ရက္သတ္မွတ္ေပးခဲ့ၿပီး ေဘာလုံးေလာကသားအမ်ားစုကလည္း ဂႏၳ၀င္ႀကီးကို ၀မ္းနည္းဆုေတာင္းစကားေတြနဲ႔ ႏႈတ္ဆက္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က မာရာဒိုနာရဲ႕အသင္းေဟာင္းႏွစ္သင္းျဖစ္တဲ့ ဘုိကာဂ်ဴနီယာနဲ႔ နယူး၀ဲလ္အုိးဘြိဳင္းတို႔ ထိပ္တုိက္ေတြ႕ဆုံခဲ့ၾကၿပီး ႏွစ္သင္းစလုံးက မာရာဒိုနာရဲ႕ေက်ာနံပါတ္ ၁၀ ဂ်ာစီ၀တ္ဆင္ကစားခဲ့သလုိ ပဲြမက်င္းပခင္ တစ္မိနစ္ၾကာ လက္ခုပ္တီးဂုဏ္ျပဳခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၁၂မိနစ္မွာ ဘုိကာဂ်ဴနီယာအသင္း ဦးေဆာင္ဂုိးသြင္းယူခဲ့ၿပီးေနာက္ ဘုိကာဂ်ဴနီယာအသင္းသားေတြဟာ မာရာဒိုနာ ထိုင္ၾကည့္ေနၾကေနရာအေရွ႕မွာ သူ႕ရဲ႕ဂ်ာစီကို ခ်ထားရင္း ၀ုိင္း၀န္းလက္ခုပ္တီး ဂုဏ္ျပဳခဲ့ၾကပါတယ္။ အဲဒီေနရာမွာ သမီးျဖစ္သူ ဒယ္လ္မာလည္း ၾကည့္႐ႈေနတာျဖစ္ၿပီး ဖခင္ျဖစ္သူရဲ႕အေငြ႕အသက္ေလးေတြ ျပန္လည္ခံစားရင္း ဖခင္ႀကီးအတြက္ ဘုိကာဂ်ဴနီယာအသင္းသားေတြရဲ႕ ႏႈတ္ဆက္မႈေၾကာင့္ ဘယ္လုိမွမထိန္းႏိုင္ေတာ့ဘဲ မ်က္ရည္ေတြ တစ္သြင္သြင္စီးက်ကာ ၀မ္းနည္းပက္လက္ျဖစ္သြားခဲ့ရပါတယ္။

ပြဲအၿပီးမွာ ဘုိကာဂ်ဴနီယာအသင္းက ၂-၀ ဂိုးနဲ႔အႏုိင္ရခဲ့ၿပီး ပြဲအၿပီးမွာလည္း ကစားသမားေတြက ဒယ္လ္မာ ထုိင္ေနတဲ့ေနရာနား ထပ္ေရာက္လာကာ အားေပးႏွစ္သိမ့္တဲ့အေနနဲ႔ လက္ခုပ္တီးအားေပးခဲ့ပါတယ္။ ဒယ္လ္မာကလည္း သူ႕ႏွလုံးသားကို ညြန္ျပၿပီး တကယ့္ကိုခံစားရပါေၾကာင္း၊ အသင္းသားေတြရဲ႕ေလးစားတဲ့အျပဳအမူကို လိႈက္လွဲစြာအသိအမွတ္ျပဳပါေၾကာင္း အမူအယာနဲ႔ ျပသခဲ့ပါတယ္။ ဖခင္ျဖစ္သူရဲ႕အေငြ႕အသက္ေတြရွိေနတဲ့ေနရာမွာ ဖခင္ျဖစ္သူကို ဂုဏ္ျပဳတာေတြက မာရာဒိုနာရဲ႕သမီးအတြက္ေတာ့ တကယ့္ကုိစိတ္ခံစားမႈအျမင့္ဆုံးကို တြန္းပို႔ေပးလုိက္တာျဖစ္ပါတယ္။