ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် လော်ရိုးရဲ့ ခန့်မှန်းချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

-ယူနိုက်တက် Vs အဲဗာတန်

စနေနေ့ ညနေ ၆ နာရီမှာ ကစားမယ့် ပွဲစဉ်ကတော့ သရဲနီတို့ အတွက် ခက်ခဲမယ့်ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။

အခုပြီးခဲ့တဲ့ ကြားရက်ပွဲစဉ်မှာ ရော်နယ်ဒိုကြောင့် ယူနိုက်တက် နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက် ၅ ပွဲကစားပြီး ၅ ဂိုး သွင်းယူထားပါပြီ။

ယူနိုက်တက်မှာ ဘာပြဿနာပဲ ရှိနေနေ အဲဒီအထဲမှာ ရော်နယ်ဒို မပါပါဘူး။

တစ်ဖက်က ဘင်နီတက်စ် လက်အောက်မှာ အဲဗာတန်အသင်း ဘယ်လောက်တောင် ကောင်းနေလဲဆိုတာကို လည်းကျွန်တော်တို့ မြင်နေရပါတယ်။

သရဲနီတို့ကတော့ မက်ဂွားယား နားချိန် ဗာရန်းရှိလို့ တော်သေးတယ် ပြောရပါမယ်။

ဘာပဲဖြစ်ဖြစ် ယူနိုက်တက် ခက်ခက်ခဲခဲ နိုင်နိုင်ပါတယ်။ လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၂-၀ အဲဗာတန် ဖြစ်ပါတယ်။

-ချယ်ဆီး Vs ဆောက်သမ်တန်

စနေနေ့ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်မယ့် ပွဲမှာတော့ မန်နေဂျာတူချယ်က ချယ်ဆီးထံကနေ မြင့်မားတဲ့ တောင်းဆိုမှုတွေ ပြုလုပ်လာဖို့ ရှိနေပါတယ်။

ဒီပွဲကိုလည်း သူတို့တွေ အရေးနိမ့်မယ်ဆိုရင် ကျွန်တော်ကတော့ အံ့သြသင့်မိမှာပါပဲ။

ဆောက်သမ်တန်က အချို့ပွဲတွေမှာ ကောင်းပေမယ့်လို့ အခုချိန်ထိ နိုင်ပွဲရဖို့ မလုံလောက်သေးပါဘူး။

လော်ရိုး ရဲ့ခန့်မှန်းရလဒ်ကတော့ချယ်ဆီး ၃-၀ ဆောက်သမ်တန် ဖြစ်ပါတယ်။

-စပါး Vs အက်စတွန်ဗီလာ

တနင်္ဂနွေနေ့ ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်မယ့် ပွဲအတွက် အက်စတွန်ဗီလာက အိုးလ်ထရတ်ဖိုဒ့်ပွဲမှာ ကောင်းမွန်တဲ့ နိုင်ပွဲကို ရရှိခဲ့တယ်။

သူတို့ ကစားတာကလည်း အတော်လေး ကောင်းမွန်ခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

နူနိုအနေနဲ့ ကတော့ သူ့အသင်းရဲ့ စိတ်ဓါတ်ပိုင်း တိုးတက်လာအောင်ရော ၊ ဟယ်ရီကိန်း တောက်ပလာအောင်ရော လုပ်ပေးနိုင်ဖို့ လိုပါတယ်။

အဲ ဒီပွဲမှာ စပါးအသင်း အနိုင်ရမှာပါ။ လော်ရိုး ရဲ့ ခန့်မှန်းရလဒ်က စပါး ၂-၁ အက်စတွန်ဗီလာဖြစ်ပါတယ်။

-လီဗာပူး Vs မန်စီးတီး

တနင်္ဂနွေနေ့ ည ၁၀ နာရီမှာ ယှဉ်ပြိုင်မယ့် ပွဲအတွက် မန်စီးတီးက ကောင်းမှာဖြစ်သလို၊ လီဗာပူးကလည်း ကောင်းမှာပါပဲ။

ဒီပွဲအတွက် ကျွန်တော် အန်ဖီးကွင်းမှာ ရှိနေမှာဖြစ်ပြီး ကြည့်ရဖို့ မစောင့်နိုင်တော့ပါဘူး။

ဒီလိုပွဲတွေက ပြင်းထန်တဲ့ စူးစိုက်မှုတွေနဲ့ ကစားလေ့ရှိကြပြီး တစ်သင်းသင်းက အရမ်းကြီး သာသွားလေ့ မရှိပါဘူး။

လော်ရိုး ရဲ့ ခန့်မှန်းရလဒ်က လီဗာပူး ၁-၁ မန်စီးတီး ဖြစ်ပါတယ်။

အခြားပွဲစဉ်များ အတွက် လော်ရိုး ရဲ့ ခန့်မှန်းရလဒ်များ

Brighton 0-2Arsenal

Burnley 2-1 Norwich

Leeds 2-0 Watford

Wolves 2-1 Newcastle

Crystal Palace 0-2 Leicester

West Ham 2-0 Brentford

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi


-ယူနိုက်တက် Vs အဲဗာတန်




-စပါး Vs အက်စတွန်ဗီလာ


-လီဗာပူး Vs မန်စီးတီး



Brighton 0-2Arsenal

Burnley 2-1 Norwich

Leeds 2-0 Watford

Wolves 2-1 Newcastle


West Ham 2-0 Brentford