ဒီတစ်ပတ်အတွက် BBC က ရွေးချယ်တဲ့ အကောင်းဆုံးအသင်းမှာ ယူနိုက်တက်ကစားသမား(၂)ဦး ပါဝင်

နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ BBC က ဒီတစ်ပတ်အတွက် ရွေးချယ်တဲ့

ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းစာရင်းမှာ မန်ချက်စတာယူနိုက်တက်

နာမည်ကျော်ကစားသမား(၂)ဦးဖြစ်တဲ့ ဒီဂီယာနဲ့ ရပ်ရှ်ဖို့ဒ်တို့ ပါဝင်ခဲ့ကြပါတယ်။

BBC သတင်းဌာနမှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့

စပါးနဲ့ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီခရွတ်စ်က ပုံမှန်အတိုင်းထုတ်ပြန်နေကျဖြစ်တဲ့

ပရီးမီးယားလိဂ်တစ်ပတ်အတွင်း အကောင်းဆုံးကစားသမား(၁၁)ဦးကို ရွေးချယ်ခဲ့တာဖြစ်ပြီး

ယူနိုက်တက်အသင်းအတွက် ပုံစံကောင်းပြသနေတဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်၊

ဂိုးသမား ဒီဂီယာတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က

ခရစ္စတယ်ပဲလေ့စ်ကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒုတိယအနိုင်ဂိုး

သွင်းယူခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံး(၁၃)ပွဲမှာ (၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသမားဒီဂီယာကလည်း အရေးပါတဲ့ ကာကွယ်မှု

ပြုလုပ်ခဲ့ပြီး ပွဲချိန်မိနစ်(၇၀)ကျော်မှာ ခရစ္စတယ်ပဲလေ့စ်ကစားသမား ဂေးဟီရဲ့

အပိုင်ခေါင်းတိုက်ချက်ကို လက်စွမ်းပြပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

BBC ရဲ့ တစ်ပတ်အတွင်း ပရီးမီးယားလိဂ်အကောင်းဆုံးစာရင်းထဲမှာ

အာဆင်နယ်ဘက်ကို အနိုင်ဂိုးသွင်းယူခဲ့တဲ့ အဲဗာတန်နောက်ခံလူ တာကောစကီး၊

မန်စီးတီးကို (၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို

အကောင်းဆုံးထိန်းချုပ်ခဲ့သူ စပါးအသင်းနောက်ခံကစားသမား အီမာဆင်တို့လည်း

ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဝုလ်ဗ်အသင်းနောက်ခံလူ ဒေါ်ဆင်နဲ့ ကွင်းလယ်လူ

ရူဘင်နီးဗတ်စ်၊ ဝက်စ်ဟမ်းနောက်ခံလူ နေယက်ဖ်အေဂါ့တ်၊ အဲဗာတန်ကွင်းလယ်ကစားသမား

အိုနာနာ၊ လက်စတာနောက်ခံလူ တီတေ၊ စပါးအသင်းသမိုင်းတစ်လျှောက်

သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့သူ ဟယ်ရီကိန်းနဲ့ ဘရိုက်တန်အသင်းအတွက်

ရပ်တန့်လို့မရအောင် ခြေစွမ်းပြဂိုးသွင်းနေတဲ့ မီတိုမာတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။

zawgyi

ဒီတစ္ပတ္အတြက္ BBC က ေ႐ြးခ်ယ္တဲ့ အေကာင္းဆုံးအသင္းမွာ ယူႏိုက္တက္ကစားသမား(၂)ဦး ပါဝင္

နာမည္ေက်ာ္ သတင္းဌာနတစ္ခုျဖစ္တဲ့ BBC က ဒီတစ္ပတ္အတြက္ ေ႐ြးခ်ယ္တဲ့

ပရီးမီးယားလိဂ္အေကာင္းဆုံးအသင္းစာရင္းမွာ မန္ခ်က္စတာယူႏိုက္တက္

နာမည္ေက်ာ္ကစားသမား(၂)ဦးျဖစ္တဲ့ ဒီဂီယာနဲ႔ ရပ္ရွ္ဖို႔ဒ္တို႔ ပါဝင္ခဲ့ၾကပါတယ္။

BBC သတင္းဌာနမွာ ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့

စပါးနဲ႔ ယူႏိုက္တက္ကစားသမားေဟာင္း ဂယ္ရီခ႐ြတ္စ္က ပုံမွန္အတိုင္းထုတ္ျပန္ေနက်ျဖစ္တဲ့

ပရီးမီးယားလိဂ္တစ္ပတ္အတြင္း အေကာင္းဆုံးကစားသမား(၁၁)ဦးကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး

ယူႏိုက္တက္အသင္းအတြက္ ပုံစံေကာင္းျပသေနတဲ့ တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္၊

ဂိုးသမား ဒီဂီယာတို႔ ပါဝင္ခဲ့တာျဖစ္ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့တစ္ပတ္က

ခရစၥတယ္ပဲေလ့စ္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ဒုတိယအႏိုင္ဂိုး

သြင္းယူခဲ့ၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး(၁၃)ပြဲမွာ (၁၁)ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ဂိုးသမားဒီဂီယာကလည္း အေရးပါတဲ့ ကာကြယ္မႈ

ျပဳလုပ္ခဲ့ၿပီး ပြဲခ်ိန္မိနစ္(၇၀)ေက်ာ္မွာ ခရစၥတယ္ပဲေလ့စ္ကစားသမား ေဂးဟီရဲ႕

အပိုင္ေခါင္းတိုက္ခ်က္ကို လက္စြမ္းျပပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါတယ္။

BBC ရဲ႕ တစ္ပတ္အတြင္း ပရီးမီးယားလိဂ္အေကာင္းဆုံးစာရင္းထဲမွာ

အာဆင္နယ္ဘက္ကို အႏိုင္ဂိုးသြင္းယူခဲ့တဲ့ အဲဗာတန္ေနာက္ခံလူ တာေကာစကီး၊

မန္စီးတီးကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ၿပိဳင္ဘက္အသင္းရဲ႕ တိုက္စစ္ကို

အေကာင္းဆုံးထိန္းခ်ဳပ္ခဲ့သူ စပါးအသင္းေနာက္ခံကစားသမား အီမာဆင္တို႔လည္း

ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ဝုလ္ဗ္အသင္းေနာက္ခံလူ ေဒၚဆင္နဲ႔ ကြင္းလယ္လူ

႐ူဘင္နီးဗတ္စ္၊ ဝက္စ္ဟမ္းေနာက္ခံလူ ေနယက္ဖ္ေအဂါ့တ္၊ အဲဗာတန္ကြင္းလယ္ကစားသမား

အိုနာနာ၊ လက္စတာေနာက္ခံလူ တီေတ၊ စပါးအသင္းသမိုင္းတစ္ေလွ်ာက္

သြင္းဂိုးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့သူ ဟယ္ရီကိန္းနဲ႔ ဘ႐ိုက္တန္အသင္းအတြက္

ရပ္တန႔္လို႔မရေအာင္ ေျခစြမ္းျပဂိုးသြင္းေနတဲ့ မီတိုမာတို႔လည္း ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။