ဒီတစ်ပတ်အတွက် အိုဝင်ရဲ့ ထင်ရာမြင်ရာသုံးသပ်ချက်များ

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ ကို မကြာခင်မှာ ကစားကြပါတော့မယ်။

ဘောလုံးလေအိုးကြီးတစ်ယောက်ဖြစ်တဲ့ မိုက်ကယ်အိုဝင်ရဲ့ မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်း မှားနိုင်တဲ့ ထင်မြင်သုံးသပ်ချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

-မန်စီးတီး Vs ချယ်လ်ဆီး

စနေနေ့ည ၁၁ နာရီမှာ ကစားမယ့်ပွဲပါ။ ဒီပွဲစဉ်မှာလည်း အကောင်းဆုံး မန်နေဂျာ နှစ်ဦးရဲ့ ပြင်းထန်တဲ့ ဗျူဟာတိုက်ပွဲကို စိတ်ဝင်စားစရာ စောင့်ကြည့်သွားရမှာပါ။

ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ ဒီနှစ်သင်းရဲ့ မတူညီတဲ့ ကစားပုံပါ။

အက်ဖ်အေ ဖလားပွဲမှာတုန်းက ချယ်လ်ဆီးက အသာရထားတာကို မြင်ခဲ့ပါတယ်။

ဒီပွဲမှာလည်း ချယ်လ်ဆီးက တူညီတဲ့ ပွဲထွက်မှုကို လုပ်လာမှာဖြစ်ကာ မန်စီးတီးကို ကောင်တာကစားဖို့ ပြင်ဆင်ပါလိမ့်မယ်။

စီးတီးရဲ့ ခံစစ်ဟာ တအားကို ထိုးဖောက်ရ ခက်ခဲနေမှာပါ။

စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားသွားမှာ ဖြစ်ပြီး၊ နောက်ထပ် အကြိတ်အနယ် ဖြစ်မယ့် ပွဲတစ်ပွဲလို့ မြင်ထားပါတယ်။

အိုဝင်ရဲ့ဂိုး ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၁-၁ ချယ်လ်ဆီးဖြစ်ပါတယ်။

-လိဒ် Vs တော့တင်ဟမ်

ရလဒ်တွေ တောက်လျှောက် ကောင်းလာခဲ့တဲ့ လိဒ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဘရိုက်တန်ကို ရှုံးနိမ့်ကာ အရှိန်အဟုန်ကောင်း ရပ်တန့် သွားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲ အရှုံးကို ရှက်ဖီးကို ၄-၀ နဲ့ အနိုင်ယူကာ ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

တော့တင်ဟမ်သာ ရှက်ဖီးနဲ့ ပွဲက ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့မယ် ဆိုရင် သူတို့ အနိုင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

အိုဝင်ရဲ့ ဂိုးခန့်မှန်းချက်ကတော့ လိဒ် ၁-၂ တော့တင်ဟမ် ဖြစ်ပါတယ်။

-လီဗာပူး Vs ဆောက်သမ်တန်

တနင်္ဂနွေနေ့ နံနက် ၁း၄၅ နာရီပွဲစဉ်ဖြစ်ပြီး၊ အရင်အပတ်က ယူနိုက်တက် နဲ့ ပွဲစဉ်က ပျက်ထားခဲ့တာကြောင့်မပင်ပန်းဘဲ လန်းဆန်းနေမှာပါ။

အရင်အပတ်က အစောပိုင်းမှာတင် တစ်ယောက်ထုတ်ခံထားရတဲ့ ဆောက်သမ်တန်က အဆုံးထိ ယှဉ်ပြိုင်ကစားပြီး လက်စတာထံက ၁ မှတ် ရယူနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်ဟာ စိန့်မေရီမှာ လီဗာပူးကို အနိုင်ရထားခဲ့ပါတယ်။

အဲဒီအချိန်က လီဗာပူးမှာ ဒဏ်ရာရကစားသမားတွေ များပြားနေပြီး ဒီအချိန်မှာတော့ သိပ်အများကြီး မရှိတော့ပါဘူး။

ကျွန်တော် ကတော့ လီဗာပူးပဲ အနိုင် ၃ မှတ် ရသွားမယ်လို့ ထင်ပါတယ်။ အိုဝင်ရဲ့ ဂိုး ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-၀ ဆောက်သမ်တန်ဖြစ်ပါတယ်။

– အက်စတွန်ဗီလာ Vs ယူနိုက်တက်

တနင်္ဂနွေနေ့ ည ၇:၃၅ နာရီမှာ ကစားကြပါမယ်။

အတိတ်က ပွဲကောင်းတွေ ကစားခဲ့တာတွေနဲ့အတူ ဗီလာပက်ခ်က သရဲနီတွေ ပျော်ရွှင်စွာ ကစားနိုင်မယ့် ကွင်းတစ်ကွင်းလို့ ပြောလို့ မရနိုင်ပါဘူး။

ဒါပေမယ့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၂၄ ပွဲဆက် ရှုံးပွဲမရှိ ကစားထားတဲ့ အသင်း ဖြစ်နေပါတယ်။

ယူနိုက်တက်ကပြည့်စုံတဲ့ အနိုင် ရလဒ်တွေ ရယူသွားဖို့ လုံလောက်တယ်ဆိုပေမယ့် ဒီပွဲကတော့ ထိန်းကစားမယ့် ပွဲဖြစ်လာနိုင်ပါတယ်။ အိုဝင်ရဲ့ ဂိုး ခန့်မှန်းရလဒ်ကတော့ အက်စတွန်ဗီလာ ဝ-၁ ယူနိုက်တက်ဖြစ်ပါတယ်။

-အာဆင်နယ် Vs ဝက်စ်ဘရွန်း

တနင်္လာနေ့ နံနက် ၁၂း၃၀ နာရီပွဲစဉ်ဖြစ်ပြီး၊ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီးနောက် ဝက်စ်ဘရွန်းဟာ လန်ဒန်ကို ဂုဏ်သိက္ခာ အတွက်ပဲ လာကစားရတော့မှာပါ။

အာဆင်နယ်ကတော့ ယူရိုပါလိဂ်ကနေ ကံမကောင်းစွာနဲ့ ထွက်ခွာခဲ့ရပါတယ်။

ဝက်စ်ဘရွန်း အတွက် ကံမကောင်းတာက သူတို့ဟာ ကျားနာ တစ်ကောင် ကို ရင်ဆိုင်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။

ကျွန်တော် ကတော့ အာဆင်နယ်ရဲ့ ပေါက်ကွဲမှုကို ဝက်စ်ဘရွန်းတို့ ခံစားရလိမ့်မယ်လို့ ယူဆပါတယ်။

အိုဝင်ရဲ့ဂိုး ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၃-၁ ဝက်စ်ဘရွန်းဖြစ်ပါတယ်။

ပရိသတ်တွေအားလုံးပဲ ချင့်ယုံ စဉ်းစား ကြည့်ရှုခံစားနိုင်ပါစေ။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီတစ္ပတ္အတြက္ အိုဝင္ရဲ႕ ထင္ရာျမင္ရာသုံးသပ္ခ်က္မ်ား

ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၅ ကို မၾကာခင္မွာ ကစားၾကပါေတာ့မယ္။ ေဘာလုံးေလအိုးႀကီးတစ္ေယာက္ျဖစ္တဲ့ မိုက္ကယ္အိုဝင္ရဲ႕ မွန္ခ်င္လည္း မွန္မယ္၊ မွားခ်င္လည္း မွားႏိုင္တဲ့ ထင္ျမင္သုံးသပ္ခ်က္ေတြကို တင္ဆက္ေပးလိုက္ပါတယ္။

-မန္စီးတီး Vs ခ်ယ္လ္ဆီး

စေနေန႔ည ၁၁ နာရီမွာ ကစားမယ့္ပြဲပါ။ ဒီပြဲစဥ္မွာလည္း အေကာင္းဆုံး မန္ေနဂ်ာ ႏွစ္ဦးရဲ႕ ျပင္းထန္တဲ့ ဗ်ဴဟာတိုက္ပြဲကို စိတ္ဝင္စားစရာ ေစာင့္ၾကည့္သြားရမွာပါ။ ပိုၿပီးစိတ္ဝင္စားစရာေကာင္းတာ ကေတာ့ ဒီႏွစ္သင္းရဲ႕ မတူညီတဲ့ ကစားပုံပါ။

အက္ဖ္ေအ ဖလားပြဲမွာတုန္းက ခ်ယ္လ္ဆီးက အသာရထားတာကို ျမင္ခဲ့ပါတယ္။ ဒီပြဲမွာလည္း ခ်ယ္လ္ဆီးက တူညီတဲ့ ပြဲထြက္မႈကို လုပ္လာမွာျဖစ္ကာ မန္စီးတီးကို ေကာင္တာကစားဖို႔ ျပင္ဆင္ပါလိမ့္မယ္။

စီးတီးရဲ႕ ခံစစ္ဟာ တအားကို ထိုးေဖာက္ရ ခက္ခဲေနမွာပါ။ စီးတီးဟာ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားသြားမွာ ျဖစ္ၿပီး၊ ေနာက္ထပ္ အႀကိတ္အနယ္ ျဖစ္မယ့္ ပြဲတစ္ပြဲလို႔ ျမင္ထားပါတယ္။ အိုဝင္ရဲ႕ဂိုး ခန႔္မွန္းရလဒ္ကေတာ့ မန္စီးတီး ၁-၁ ခ်ယ္လ္ဆီးျဖစ္ပါတယ္။

-လိဒ္ Vs ေတာ့တင္ဟမ္

ရလဒ္ေတြ ေတာက္ေလွ်ာက္ ေကာင္းလာခဲ့တဲ့ လိဒ္ဟာ ၿပီးခဲ့တဲ့ တစ္ပတ္က ဘ႐ိုက္တန္ကို ရႈံးနိမ့္ကာ အရွိန္အဟုန္ေကာင္း ရပ္တန႔္ သြားခဲ့ပါတယ္။ ေတာ့တင္ဟမ္ဟာ ကာရာေဘာင္ဖလား ဗိုလ္လုပြဲ အရႈံးကို ရွက္ဖီးကို ၄-၀ နဲ႔ အႏိုင္ယူကာ ျပန္လည္ တုန႔္ျပန္သြားခဲ့ပါတယ္။ ေတာ့တင္ဟမ္သာ ရွက္ဖီးနဲ႔ ပြဲက ပုံစံေကာင္းကို ဆက္ထိန္းထားႏိုင္ခဲ့မယ္ ဆိုရင္ သူတို႔ အႏိုင္ရလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အိုဝင္ရဲ႕ ဂိုးခန႔္မွန္းခ်က္ကေတာ့ လိဒ္ ၁-၂ ေတာ့တင္ဟမ္ ျဖစ္ပါတယ္။

-လီဗာပူး Vs ေဆာက္သမ္တန္

တနဂၤေႏြေန႔ နံနက္ ၁း၄၅ နာရီပြဲစဥ္ျဖစ္ၿပီး၊ အရင္အပတ္က ယူႏိုက္တက္ နဲ႔ ပြဲစဥ္က ပ်က္ထားခဲ့တာေၾကာင့္မပင္ပန္းဘဲ လန္းဆန္းေနမွာပါ။ အရင္အပတ္က အေစာပိုင္းမွာတင္ တစ္ေယာက္ထုတ္ခံထားရတဲ့ ေဆာက္သမ္တန္က အဆုံးထိ ယွဥ္ၿပိဳင္ကစားၿပီး လက္စတာထံက ၁ မွတ္ ရယူႏိုင္ခဲ့ပါတယ္။

ေဆာက္သမ္တန္ဟာ စိန႔္ေမရီမွာ လီဗာပူးကို အႏိုင္ရထားခဲ့ပါတယ္။ အဲဒီအခ်ိန္က လီဗာပူးမွာ ဒဏ္ရာရကစားသမားေတြ မ်ားျပားေနၿပီး ဒီအခ်ိန္မွာေတာ့ သိပ္အမ်ားႀကီး မရွိေတာ့ပါဘူး။ ကြၽန္ေတာ္ ကေတာ့ လီဗာပူးပဲ အႏိုင္ ၃ မွတ္ ရသြားမယ္လို႔ ထင္ပါတယ္။ အိုဝင္ရဲ႕ ဂိုး ခန႔္မွန္းရလဒ္ကေတာ့ လီဗာပူး ၂-၀ ေဆာက္သမ္တန္ျဖစ္ပါတယ္။

– အက္စတြန္ဗီလာ Vs ယူႏိုက္တက္

တနဂၤေႏြေန႔ ည ၇:၃၅ နာရီမွာ ကစားၾကပါမယ္။ အတိတ္က ပြဲေကာင္းေတြ ကစားခဲ့တာေတြနဲ႔အတူ ဗီလာပက္ခ္က သရဲနီေတြ ေပ်ာ္႐ႊင္စြာ ကစားႏိုင္မယ့္ ကြင္းတစ္ကြင္းလို႔ ေျပာလို႔ မရႏိုင္ပါဘူး။ဒါေပမယ့္ ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ အေဝးကြင္း ၂၄ ပြဲဆက္ ရႈံးပြဲမရွိ ကစားထားတဲ့ အသင္း ျဖစ္ေနပါတယ္။ယူႏိုက္တက္ကျပည့္စုံတဲ့ အႏိုင္ ရလဒ္ေတြ ရယူသြားဖို႔ လုံေလာက္တယ္ဆိုေပမယ့္ ဒီပြဲကေတာ့ ထိန္းကစားမယ့္ ပြဲျဖစ္လာႏိုင္ပါတယ္။ အိုဝင္ရဲ႕ ဂိုး ခန႔္မွန္းရလဒ္ကေတာ့ အက္စတြန္ဗီလာ ဝ-၁ ယူႏိုက္တက္ျဖစ္ပါတယ္။

-အာဆင္နယ္ Vs ဝက္စ္ဘ႐ြန္း

တနလၤာေန႔ နံနက္ ၁၂း၃၀ နာရီပြဲစဥ္ျဖစ္ၿပီး၊ ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ရၿပီးေနာက္ ဝက္စ္ဘ႐ြန္းဟာ လန္ဒန္ကို ဂုဏ္သိကၡာ အတြက္ပဲ လာကစားရေတာ့မွာပါ။ အာဆင္နယ္ကေတာ့ ယူ႐ိုပါလိဂ္ကေန ကံမေကာင္းစြာနဲ႔ ထြက္ခြာခဲ့ရပါတယ္။ ဝက္စ္ဘ႐ြန္း အတြက္ ကံမေကာင္းတာက သူတို႔ဟာ က်ားနာ တစ္ေကာင္ ကို ရင္ဆိုင္ရတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ကြၽန္ေတာ္ ကေတာ့ အာဆင္နယ္ရဲ႕ ေပါက္ကြဲမႈကို ၀က္စ္ဘ႐ြန္းတို႔ ခံစားရလိမ့္မယ္လို႔ ယူဆပါတယ္။အိုဝင္ရဲ႕ဂိုး ခန႔္မွန္းရလဒ္ကေတာ့ အာဆင္နယ္ ၃-၁ ဝက္စ္ဘ႐ြန္းျဖစ္ပါတယ္။ ပရိသတ္ေတြအားလုံးပဲ ခ်င့္ယုံ စဥ္းစား ၾကည့္ရွဳခံစားႏိုင္ပါေစ။