ဒီတစ်ပတ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် ဘယ်သူ့ကို ရွေးချယ်မလဲ

Photo Credit

Photo Credit

ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ ဘယ်ကစားသမားက ပရိသတ်ကြီးရဲ့အကောင်းဆုံးကစားသမားဖြစ်မလဲ။ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေထဲကနေ အဆင့်သတ်မှတ်ချက်နဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ၅ဦးရွေးချယ်လိုပါတယ်။ အဲဒီ ၅ဦးထဲကနေ ကိုယ့်အကြိုက်ဆုံးကစားသမားကို ပရိသတ်ကြီးလည်း ရွေးချယ်ပေးပါဦး။

Photo Credit

အင်မိုဘီလီ(လာဇီယို)
အင်မိုဘီလီဟာ ဆမ်ဒိုးရီးယားအသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ယူကာ လာဇီယိုအသင်း စံချိန်တင် စီးရီးအေ ၁၁ပွဲဆက်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ်ပါ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit

ပြီးခဲ့တဲ့ကြားရက်မှာလည်း သူ့ရဲ့ပင်နယ်တီဂိုးကြောင့် လာဇီယိုအသင်းဟာ ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး စီးရီးအေမှာ ၂၃ဂိုးအထိ သွင်းယူကာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးထက်အောင် ၃ဂိုးပိုများနေပါတယ်။

Photo Credit

အာလင်းဟာလန်း (ဒေါ့မွန်)
ကစားသမားသစ်တွေအနေနဲ့ သူတို့ရဲ့ပရိသတ်တွေဆီက အသိအမှတ်ပြုခံရဖို့ အချိန်ဘယ်လောက်များ လိုအပ်မယ်ထင်ပါလဲ။ ဟာလန်းကတော့ အဲဒီအတွက် မိနစ် ၂၀ပဲ အချိန်ယူခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီ သူပါဝင်ကစားခဲ့တဲ့ ကလပ်အသင်းအဆင့်ပြိုင်ပွဲတိုင်း (၄ခု)မှာ ဟက်ထရစ်သွင်းယူထားနိုင်ပြီး အကြိမ်အရေအတွက်ကလည်း ၆ကြိမ်အထိ ရှိနေပါတယ်။

Photo Credit

ဒေါ့မွန်ဟာ ဟာလန်းအတွက် ရင်းနှီးမြှုပ်နှံခဲ့တဲ့ ယူရိုသန်း ၂၀ က အတော်လေးတန်တယ်လို့ ခံစားနေရပြီး ၁၉နှစ်အရွယ်ရှိ ဟာလန်းကလည်း အော့စ်ဘတ်ကို ဒေါ့မွန်အသင်း ၃-၁ ဂိုးနဲ့ အရေးနိမ့်နေချိန် လူစားဝင်လာပြီးနောက် မိနစ် ၂၀အကြာမှာပဲ ဟက်ထရစ်သွင်းယူကာ အသင်းလည်း ၅-၃ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

Photo Credit

ခရစ္စတီယာနိုရော်နယ်ဒို (ဂျူဗင်တပ်စ်)
ရော်နယ်ဒိုဟာ သူပါဝင်ကစားတဲ့အသင်းက အကူအညီလိုအပ်နေချိန်မှာ အမြဲတမ်းလိုလို ကူညီပေးနိုင်စွမ်းရှိပါတယ်။ ပါးမားနဲ့ကစားခဲ့တဲ့ပွဲမှာ သူဟာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို ချေပဂိုးပေးရပြီးသိပ်မကြာခင်မှာပဲ လိုအပ်နေတဲ့ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

ပေါ်တူဂီလက်ရွေးစင် ရော်နယ်ဒိုဟာ သူပါဝင်ကစားခဲ့တဲ့ နောက်ဆုံးစီးရီးအေ ၇ပွဲဆက် ဂိုးသွင်းထားပြီး အဲဒီကာလအတွင်း သွင်းဂိုးအရေအတွက်ကလည်း ၁၁ဂိုးအထိရှိခဲ့ပါတယ်။

Photo Credit

အန်တီရီဘစ် (အေစီမီလန်)
ပထမရာသီဝက်မှာ စိတ်ပျက်စရာတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ရီဘစ်ဟာ အူဒီးနိစ်နဲ့ပွဲမှာတော့ သူ့ရဲ့အရည်အသွေးကို ပြသနိုင်ခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို ၉၃ မိနစ်မှာလည်း လိုအပ်နေတဲ့အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

အသင်းကို အီဘရာဟီမိုဗစ် ပြန်လည်ရောက်ရှိလာမှုနဲ့အတူ အသင်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီး ခရိုအေးရှားလက်ရွေးစင် ရီဘစ်အတွက်လည်း နေရာလွတ်တွေ ပိုမိုရရှိလာပါတယ်။

Photo Credit

အဒါမာထရာအိုရေး (ဝုဗ်)
ထရာအိုရေးဟာ ဒီရာသီမှာ ရပ်တန့်လို့မရအောင် အထူးခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၅ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ကြိမ်ပြုလုပ်ပေးထားပါတယ်။ သူဟာ ပြီးခဲ့ဲတဲ့ရက်သတ္တပတ်ကလည်း ၂ပွဲကစား ဘောလုံးနဲ့အတူ ပြိုင်ဘက်ကို ကျော်ဖြတ်မှု ၁၇ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ်ပြုုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ဒီတစ္ပတ္ရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ ဘယ္သူ႔ကို ေ႐ြးခ်ယ္မလဲ

ၿပီးခဲ့တဲ့ရက္သတၱပတ္အကုန္မွာ ဘယ္ကစားသမားက ပရိသတ္ႀကီးရဲ႕အေကာင္းဆုံးကစားသမားျဖစ္မလဲ။ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကစားသမားေတြထဲကေန အဆင့္သတ္မွတ္ခ်က္နဲ႔ စြမ္းေဆာင္ရည္အေပၚ မူတည္ၿပီး ၅ဦးေ႐ြးခ်ယ္လိုပါတယ္။ အဲဒီ ၅ဦးထဲကေန ကိုယ့္အႀကိဳက္ဆုံးကစားသမားကို ပရိသတ္ႀကီးလည္း ေ႐ြးခ်ယ္ေပးပါဦး။
အင္မိုဘီလီ(လာဇီယို)
အင္မိုဘီလီဟာ ဆမ္ဒိုးရီးယားအသင္းကို ၅-၁ ဂိုးနဲ႔ အႏိုင္ယူကာ လာဇီယိုအသင္း စံခ်ိန္တင္ စီးရီးေအ ၁၁ပြဲဆက္အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ ၁ႀကိမ္ပါ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ၾကားရက္မွာလည္း သူ႔ရဲ႕ပင္နယ္တီဂိုးေၾကာင့္ လာဇီယိုအသင္းဟာ ကိုပါအီတာလီယာဖလား ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္ခဲ့ၿပီး စီးရီးေအမွာ ၂၃ဂိုးအထိ သြင္းယူကာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးထက္ေအာင္ ၃ဂိုးပိုမ်ားေနပါတယ္။
အာလင္းဟာလန္း (ေဒါ့မြန္)
ကစားသမားသစ္ေတြအေနနဲ႔ သူတို႔ရဲ႕ပရိသတ္ေတြဆီက အသိအမွတ္ျပဳခံရဖို႔ အခ်ိန္ဘယ္ေလာက္မ်ား လိုအပ္မယ္ထင္ပါလဲ။ ဟာလန္းကေတာ့ အဲဒီအတြက္ မိနစ္ ၂၀ပဲ အခ်ိန္ယူခဲ့ပါတယ္။ ဟာလန္းဟာ ဒီရာသီ သူပါဝင္ကစားခဲ့တဲ့ ကလပ္အသင္းအဆင့္ၿပိဳင္ပြဲတိုင္း (၄ခု)မွာ ဟက္ထရစ္သြင္းယူထားႏိုင္ၿပီး အႀကိမ္အေရအတြက္ကလည္း ၆ႀကိမ္အထိ ရွိေနပါတယ္။
ေဒါ့မြန္ဟာ ဟာလန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံခဲ့တဲ့ ယူ႐ိုသန္း ၂၀ က အေတာ္ေလးတန္တယ္လို႔ ခံစားေနရၿပီး ၁၉ႏွစ္အ႐ြယ္ရွိ ဟာလန္းကလည္း ေအာ့စ္ဘတ္ကို ေဒါ့မြန္အသင္း ၃-၁ ဂိုးနဲ႔ အေရးနိမ့္ေနခ်ိန္ လူစားဝင္လာၿပီးေနာက္ မိနစ္ ၂၀အၾကာမွာပဲ ဟက္ထရစ္သြင္းယူကာ အသင္းလည္း ၅-၃ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒို (ဂ်ဴဗင္တပ္စ္)
ေရာ္နယ္ဒိုဟာ သူပါဝင္ကစားတဲ့အသင္းက အကူအညီလိုအပ္ေနခ်ိန္မွာ အၿမဲတမ္းလိုလို ကူညီေပးႏိုင္စြမ္းရွိပါတယ္။ ပါးမားနဲ႔ကစားခဲ့တဲ့ပြဲမွာ သူဟာ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့သလို ေခ်ပဂိုးေပးရၿပီးသိပ္မၾကာခင္မွာပဲ လိုအပ္ေနတဲ့ အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ေပၚတူဂီလက္ေ႐ြးစင္ ေရာ္နယ္ဒိုဟာ သူပါဝင္ကစားခဲ့တဲ့ ေနာက္ဆုံးစီးရီးေအ ၇ပြဲဆက္ ဂိုးသြင္းထားၿပီး အဲဒီကာလအတြင္း သြင္းဂိုးအေရအတြက္ကလည္း ၁၁ဂိုးအထိရွိခဲ့ပါတယ္။
အန္တီရီဘစ္ (ေအစီမီလန္)
ပထမရာသီဝက္မွာ စိတ္ပ်က္စရာေတြနဲ႔ရင္ဆိုင္ခဲ့ရတဲ့ ရီဘစ္ဟာ အူဒီးနိစ္နဲ႔ပြဲမွာေတာ့ သူ႔ရဲ႕အရည္အေသြးကို ျပသႏိုင္ခဲ့ၿပီး အသင္းအတြက္ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့သလို ၉၃ မိနစ္မွာလည္း လိုအပ္ေနတဲ့အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
အသင္းကို အီဘရာဟီမိုဗစ္ ျပန္လည္ေရာက္ရွိလာမႈနဲ႔အတူ အသင္းက လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာၿပီး ခ႐ိုေအးရွားလက္ေ႐ြးစင္ ရီဘစ္အတြက္လည္း ေနရာလြတ္ေတြ ပိုမိုရရွိလာပါတယ္။
အဒါမာထရာအိုေရး (ဝုဗ္)
ထရာအိုေရးဟာ ဒီရာသီမွာ ရပ္တန႔္လို႔မရေအာင္ အထူးေျခစြမ္းျပသေနၿပီး ၿပိဳင္ပြဲစုံ ၅ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၈ႀကိမ္ျပဳလုပ္ေပးထားပါတယ္။ သူဟာ ၿပီးခဲ့ဲတဲ့ရက္သတၱပတ္ကလည္း ၂ပြဲကစား ေဘာလုံးနဲ႔အတူ ၿပိဳင္ဘက္ကို ေက်ာ္ျဖတ္မႈ ၁၇ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳုလုပ္ေပးႏိုင္ခဲ့ပါတယ္။