
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့ ပွဲစဉ်(၂)မှာတော့ မှန်းဆချက်တွေ အတော်ကို မှန်ကန်ခဲ့ပြီး တစ်ချို့ ပွဲစဉ်တွေဆိုရင် ဂိုးခန့်မှန်းမှုမှာ ကွက်တိတွေ မှန်ကန်ခဲ့တာကြောင့် ပရိသတ်တွေက ဒီတစ်ပတ်မှာ မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်တွေကို သတိထားကြည့်ရတော့မှာ ဖြစ်ပါတယ်။
အရင်ကလောက်တော့ မလွဲတော့ဘူးလေ။
ဒါပေမယ့် ဒီတစ်ပတ် ပွဲစဉ်တွေက ခန့်မှန်းသူတွေကို ခေါင်းကိုက်စေမှာတော့ သေချာပါတယ်။
မန်စီးတီး Vs အာဆင်နယ် နဲ့ လီဗာပူး Vs ချယ်ဆီး တို့ရဲ့ ပွဲစဉ်ဟာ သရေကျဖို့ မဖြစ်နိုင်သလို မထင်မှတ်တဲ့ရလဒ်တွေထွက်ပေါ်လာနိုင်တဲ့ ပွဲစဉ်တွေလို့ပဲဆိုရမှာပါ။
ဒီလိုအသင်းကြီးတွေထိပ်တိုက်တွေ့ဆုံမှုရှိနေတဲ့ ပွဲစဉ် (၃)ကို မိုက်ကယ်အိုဝင်က ဘယ်လို ခန့်မှန်းပေးထားပါသလဲ။
ခန့်မှန်းချက်တွေက လွဲမှာလား…ဒဲ့မှန်မှာလား…?
☆မန်စီးတီး Vs အာဆင်နယ်
ပွဲချိန် – သြဂုတ် ၂၈ ရက်၊ စနေနေ့၊ ညနေ ၆း၀၀ နာရီ။
နောဝစ်ချ်နဲ့ ပွဲကတော့ သူတို့ရဲ့ အကောင်းဆုံး ပုံစံ ပြန်ရဖို့ တကယ့် ပွဲကောင်း ဖြစ်ခဲ့တယ်။
သူတို့က နောဝစ်ချ်လို အသင်းနဲ့ တွေ့ရင် အမြဲ အခွင့်ကောင်းတွေ ဖန်တီးနိုင်တယ်။
ဂျက် ဂရေးလစ်ချ် အတွက်လည်း ဂိုးသွင်းနိုင်တဲ့ ပွဲ ဖြစ်ပြီး ပွဲကောင်း ဖြစ်ခဲ့တယ်။
အလှဆုံး ဂိုး မဟုတ်ပေမယ့် သူ့အတွက် ဂရုစိုက်စရာ မဟုတ်ပါဘူး။ အဲဒီပွဲက စီးတီးအတွက် အကျိုးရှိခဲ့တယ်။
အာဆင်နယ် အတွက်ကတော့ ဆိုးဝါးတဲ့ ဘောလုံးရာသီ အစပါ။
ဒီပွဲမှာလည်း တစ်ချက်မှ လွယ်ကူစရာ မမြင်ပါဘူး။
တနင်္ဂနွေနေ့က ချယ်ဆီးနဲ့ ပွဲမှာ သူတို့ ပွဲထွက် ကစားသမားတချို့ မပါနိုင်ခဲ့ဘူး ဆိုပေမယ့် ချယ်ဆီးအတွက် လွယ်ကူ သက်သာလွန်းတဲ့ နိုင်ပွဲ ဖြစ်ခဲ့တယ်။
အာဆင်နယ် ရုန်းကန်နေရတာ မြင်ရတာ အံ့သြစရာတော့ မဟုတ်ခဲ့ဘူး။
အိုဝင်ရဲ့ ဂိုး ခန့်မှန်းရလဒ် – မန်စီးတီး ၂-၀ အာဆင်နယ်
☆လီဗာပူး Vs ချယ်ဆီး
ပွဲချိန် – သြဂုတ် ၂၈ ရက်၊ စနေနေ့၊ ည ၁၁း၀၀ နာရီ။
တကယ့်ကို ပွဲကြီးပွဲကောင်းဖြစ်ပြီး လီဗာပူးဟာ ဒီရာသီ ၂ ပွဲကစား ၂ ပွဲစလုံးနိုင်ကာ အကောင်းဆုံး တာထွက်နိုင်ခဲ့ပါတယ်။
၂ ပွဲဆက်တိုက် clean sheet ရယူနိုင်တာကို ယာဂန်ကလော့ အနေနဲ့ အကျေနပ်ဆုံး ဖြစ်နေမယ်ဆိုတာ သေချာပါတယ်။
ချယ်ဆီးကလည်း ကစားပုံကောင်းနေကာ အားနည်းချက် မရှိတဲ့ ပုံစံမျိုး ဖြစ်နေပြီး လူအင်အား ကလည်း အရမ်း တောင့်တင်းနေပါတယ်။
အာဆင်နယ်နဲ့ ပွဲမှာ လူကာကူရဲ့ ကစားပုံကို ကျွန်တော် တကယ် နှစ်သက်မိပြီး အထူးသဖြင့် ၎င်းရဲ့ ရွေ့လျားမှုတွေပါ။
ကျွန်တော် ကတော့ ဒီပွဲမှာ လီဗာပူးတို့ အနိုင်ရဖို့ အခွင့်အရေး ပိုများတယ်လို့ ပြောချင်ပါတယ်။
အန်ဖီးကွင်းမှာ ပရိတ်သတ်တွေ ပြန်ရောက်လာပြီ ဖြစ်တာကြောင့် ဒါဟာ တကယ့် ပွဲကောင်း ဖြစ်လာမှာပါ။
အိုဝင်ရဲ့ဂိုး ခန့်မှန်းရလဒ် -လီဗာပူး ၂-၁ ချယ်ဆီး
☆စပါး Vs ဝက်ဖို့ဒ်
ပွဲချိန် – သြဂုတ် ၂၉ ရက်၊ တနင်္ဂနွေနေ့၊ ည ရး၃၀ နာရီ။
နူနိုရဲ့ စပါးအသင်းကို ထိန်းကျောင်းပြီး ရာသီ စတင်နိုင်ခဲ့ပုံက အသိအမှတ် ပြုရမှာပါ။
ဟယ်ရီကိန်း ဇာတ်ရှုပ်တွေ ကြားမှာ ပွဲတွေကို စတင်ခဲ့ရတယ်။
မန်စီးတီး ဝုဗ်တို့နဲ့ တွေ့ပြီး ၆ မှတ် ရထားတာက သိပ်ကောင်းတဲ့ ရလဒ်တွေပါ။
စပါးအသင်းမှာတော့ ခံစားမှုတွေ ကောင်းနေပါလိမ့်မယ်။ အလီကလည်း ပုံစံကောင်းတွေ ပြသနေတယ်။
ဝက်ဖို့ဒ်က ဘရိုက်တန်ကို အဝေးကွင်း သွားရင်ဆိုင်တဲ့ ပွဲမှာ အစွမ်းမပြနိုင်ဘူး။
သူတို့ကို ကြည့်ရတာ အိမ်ကွင်းမှာ ရလဒ်ကောင်း ရမယ့် အပေါ်ပဲ မှီတည်ရမယ့် ပုံပါ။
ဒီပွဲကလည်း သူတို့အတွက် အောင်မြင်တဲ့ အဝေးကွင်းပွဲတော့ ဖြစ်မှာ မဟုတ်ဘူး။
စပါးပဲ သက်တောင့်သက်သာ အနိုင်ရမှာပါ။
အိုဝင်ရဲ့ ဂိုးခန့်မှန်းရလဒ် -စပါး ၂-၀ ဝက်ဖို့ဒ်
☆ဝုဗ် Vs ယူနိုက်တက်
ဝုဗ်ဟာ သူတို့ရဲ့ ပထမပွဲစဉ် ၂ ပွဲမှာ ဂိုးကန်သွင်းမှု ၄၂ ကြိမ်ထိ လုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုးတော့ မရသေးပါဘူး။
၎င်းတို့အနေနဲ့ တိုက်စစ်မှာ အဆုံးသတ် သေချာဖို့ လိုအပ်နေပြီး ရာအူးဂျီနီနက် အသင်းအတွက် ဂိုးတွေ ပြန်လည် သွင်းယူပေးနိုင်ဖို့ မျှော်လင့်နေမှာပါ။
ဆောက်သမ်တန်နဲ့ ပွဲမှာ ယူနိုက်တက်ဟာ ပုံစံကောင်း မပြသနိုင်ခဲ့ဘဲ သရေတစ်မှတ်သာ ရခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ခြေစွမ်းကို မှန်းရခက်နေပြီး သေချာတာကတော့ အိုလီအနေနဲ့ ဂရင်းဝုဒ်ကို အခွင့်အရေးပေးမယ် ဆိုရင် ၎င်းဆီက သွင်းဂိုးတွေ ရမှာပါ။
ကျွန်တော် ကတော့ ဒီပွဲစဉ်မှာ ယူနိုက်တက်တို့ နိုင်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်လိမ့်မယ်လို့ ထင်ပါတယ်။
အိုဝင် ရဲ့ ဂိုးခန့်မှန်းရလဒ် -ဝုဗ် ဝ-၁ ယူနိုက်တက်
ကျန်ပွဲစဉ်များအတွက် မိုက်ကယ်အိုဝင်ရဲ့ ဂိုး ခန့်မှန်းရလဒ်များ
အက်စတွန်ဗီလာ 2-1 ဘရန်းဖို့ဒ်
ဘရိုက်တန် 1-1 အဲဗာတန်
နယူးကာဆယ် 1-0 ဆောက်သမ်တန်
နောဝစ် 1-2 လက်စတာ
ဝက်စ်ဟမ်း 2-0 ခရစ္စတယ်ပဲလေ့စ်
ဘန်လေ 1-0 လိဒ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒီတစ္ပတ္မွာလည္း ယူႏိုက္တက္ကို အႏိုင္ပဲဆိုၿပီး ခန႔္မွန္းေပးလိုက္တဲ့ မိုက္ကယ္အိုဝင္ရဲ႕ ပြဲစဥ္ (၃) ခန႔္မွန္းခ်က္မ်ား…
ၿပီးခဲ့တဲ့ ပြဲစဥ္(၂)မွာေတာ့ မွန္းဆခ်က္ေတြ အေတာ္ကို မွန္ကန္ခဲ့ၿပီး တစ္ခ်ိဳ႕ ပြဲစဥ္ေတြဆိုရင္ ဂိုးခန႔္မွန္းမႈမွာ ကြက္တိေတြ မွန္ကန္ခဲ့တာေၾကာင့္ ပရိသတ္ေတြက ဒီတစ္ပတ္မွာ မိုက္ကယ္အိုဝင္ရဲ႕ ခန႔္မွန္းခ်က္ေတြကို သတိထားၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။ အရင္ကေလာက္ေတာ့ မလြဲေတာ့ဘူးေလ။ ဒါေပမယ့္ ဒီတစ္ပတ္ ပြဲစဥ္ေတြက ခန႔္မွန္းသူေတြကို ေခါင္းကိုက္ေစမွာေတာ့ ေသခ်ာပါတယ္။ မန္စီးတီး Vs အာဆင္နယ္ နဲ႔ လီဗာပူး Vs ခ်ယ္ဆီး တို႔ရဲ႕ ပြဲစဥ္ဟာ သေရက်ဖို႔ မျဖစ္ႏိုင္သလို မထင္မွတ္တဲ့ရလဒ္ေတြထြက္ေပၚလာႏိုင္တဲ့ ပြဲစဥ္ေတြလို႔ပဲဆိုရမွာပါ။ ဒီလိုအသင္းႀကီးေတြထိပ္တိုက္ေတြ႕ဆုံမႈရွိေနတဲ့ ပြဲစဥ္ (၃)ကို မိုက္ကယ္အိုဝင္က ဘယ္လို ခန႔္မွန္းေပးထားပါသလဲ။ခန႔္မွန္းခ်က္ေတြက လြဲမွာလား…ဒဲ့မွန္မွာလား…?
☆မန္စီးတီး Vs အာဆင္နယ္
ပြဲခ်ိန္ – ၾသဂုတ္ ၂၈ ရက္၊ စေနေန႔၊ ညေန ၆း၀၀ နာရီ။
ေနာဝစ္ခ်္နဲ႔ ပြဲကေတာ့ သူတို႔ရဲ႕ အေကာင္းဆုံး ပုံစံ ျပန္ရဖို႔ တကယ့္ ပြဲေကာင္း ျဖစ္ခဲ့တယ္။ သူတို႔က ေနာဝစ္ခ်္လို အသင္းနဲ႔ ေတြ႕ရင္ အၿမဲ အခြင့္ေကာင္းေတြ ဖန္တီးႏိုင္တယ္။ ဂ်က္ ဂေရးလစ္ခ်္ အတြက္လည္း ဂိုးသြင္းႏိုင္တဲ့ ပြဲ ျဖစ္ၿပီး ပြဲေကာင္း ျဖစ္ခဲ့တယ္။ အလွဆုံး ဂိုး မဟုတ္ေပမယ့္ သူ႔အတြက္ ဂ႐ုစိုက္စရာ မဟုတ္ပါဘူး။ အဲဒီပြဲက စီးတီးအတြက္ အက်ိဳးရွိခဲ့တယ္။
အာဆင္နယ္ အတြက္ကေတာ့ ဆိုးဝါးတဲ့ ေဘာလုံးရာသီ အစပါ။ ဒီပြဲမွာလည္း တစ္ခ်က္မွ လြယ္ကူစရာ မျမင္ပါဘူး။ တနဂၤေႏြေန႔က ခ်ယ္ဆီးနဲ႔ ပြဲမွာ သူတို႔ ပြဲထြက္ ကစားသမားတခ်ိဳ႕ မပါႏိုင္ခဲ့ဘူး ဆိုေပမယ့္ ခ်ယ္ဆီးအတြက္ လြယ္ကူ သက္သာလြန္းတဲ့ ႏိုင္ပြဲ ျဖစ္ခဲ့တယ္။ အာဆင္နယ္ ႐ုန္းကန္ေနရတာ ျမင္ရတာ အံ့ၾသစရာေတာ့ မဟုတ္ခဲ့ဘူး။
အိုဝင္ရဲ႕ ဂိုး ခန႔္မွန္းရလဒ္ – မန္စီးတီး ၂-၀ အာဆင္နယ္
☆လီဗာပူး Vs ခ်ယ္ဆီး
ပြဲခ်ိန္ – ၾသဂုတ္ ၂၈ ရက္၊ စေနေန႔၊ ည ၁၁း၀၀ နာရီ။
တကယ့္ကို ပြဲႀကီးပြဲေကာင္းျဖစ္ၿပီး လီဗာပူးဟာ ဒီရာသီ ၂ ပြဲကစား ၂ ပြဲစလုံးႏိုင္ကာ အေကာင္းဆုံး တာထြက္ႏိုင္ခဲ့ပါတယ္။ ၂ ပြဲဆက္တိုက္ clean sheet ရယူႏိုင္တာကို ယာဂန္ကေလာ့ အေနနဲ႔ အေက်နပ္ဆုံး ျဖစ္ေနမယ္ဆိုတာ ေသခ်ာပါတယ္။ ခ်ယ္ဆီးကလည္း ကစားပုံေကာင္းေနကာ အားနည္းခ်က္ မရွိတဲ့ ပုံစံမ်ိဳး ျဖစ္ေနၿပီး လူအင္အား ကလည္း အရမ္း ေတာင့္တင္းေနပါတယ္။ အာဆင္နယ္နဲ႔ ပြဲမွာ လူကာကူရဲ႕ ကစားပုံကို ကြၽန္ေတာ္ တကယ္ ႏွစ္သက္မိၿပီး အထူးသျဖင့္ ၎ရဲ႕ ေ႐ြ႕လ်ားမႈေတြပါ။ကြၽန္ေတာ္ ကေတာ့ ဒီပြဲမွာ လီဗာပူးတို႔ အႏိုင္ရဖို႔ အခြင့္အေရး ပိုမ်ားတယ္လို႔ ေျပာခ်င္ပါတယ္။ အန္ဖီးကြင္းမွာ ပရိတ္သတ္ေတြ ျပန္ေရာက္လာၿပီ ျဖစ္တာေၾကာင့္ ဒါဟာ တကယ့္ ပြဲေကာင္း ျဖစ္လာမွာပါ။
အိုဝင္ရဲ႕ဂိုး ခန႔္မွန္းရလဒ္ -လီဗာပူး ၂-၁ ခ်ယ္ဆီး
☆စပါး Vs ဝက္ဖို႔ဒ္
ပြဲခ်ိန္ – ၾသဂုတ္ ၂၉ ရက္၊ တနဂၤေႏြေန႔၊ ည ရး၃၀ နာရီ။
ႏူႏိုရဲ႕ စပါးအသင္းကို ထိန္းေက်ာင္းၿပီး ရာသီ စတင္ႏိုင္ခဲ့ပုံက အသိအမွတ္ ျပဳရမွာပါ။ ဟယ္ရီကိန္း ဇာတ္ရႈပ္ေတြ ၾကားမွာ ပြဲေတြကို စတင္ခဲ့ရတယ္။ မန္စီးတီး ဝုဗ္တို႔နဲ႔ ေတြ႕ၿပီး ၆ မွတ္ ရထားတာက သိပ္ေကာင္းတဲ့ ရလဒ္ေတြပါ။ စပါးအသင္းမွာေတာ့ ခံစားမႈေတြ ေကာင္းေနပါလိမ့္မယ္။ အလီကလည္း ပုံစံေကာင္းေတြ ျပသေနတယ္။
ဝက္ဖို႔ဒ္က ဘ႐ိုက္တန္ကို အေဝးကြင္း သြားရင္ဆိုင္တဲ့ ပြဲမွာ အစြမ္းမျပႏိုင္ဘူး။ သူတို႔ကို ၾကည့္ရတာ အိမ္ကြင္းမွာ ရလဒ္ေကာင္း ရမယ့္ အေပၚပဲ မွီတည္ရမယ့္ ပုံပါ။ ဒီပြဲကလည္း သူတို႔အတြက္ ေအာင္ျမင္တဲ့ အေဝးကြင္းပြဲေတာ့ ျဖစ္မွာ မဟုတ္ဘူး။ စပါးပဲ သက္ေတာင့္သက္သာ အႏိုင္ရမွာပါ။
အိုဝင္ရဲ႕ ဂိုးခန႔္မွန္းရလဒ္ -စပါး ၂-၀ ဝက္ဖို႔ဒ္
☆ဝုဗ္ Vs ယူႏိုက္တက္
ဝုဗ္ဟာ သူတို႔ရဲ႕ ပထမပြဲစဥ္ ၂ ပြဲမွာ ဂိုးကန္သြင္းမႈ ၄၂ ႀကိမ္ထိ လုပ္ႏိုင္ခဲ့ေပမယ့္ သြင္းဂိုးေတာ့ မရေသးပါဘူး။ ၎တို႔အေနနဲ႔ တိုက္စစ္မွာ အဆုံးသတ္ ေသခ်ာဖို႔ လိုအပ္ေနၿပီး ရာအူးဂ်ီနီနက္ အသင္းအတြက္ ဂိုးေတြ ျပန္လည္ သြင္းယူေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာပါ။ ေဆာက္သမ္တန္နဲ႔ ပြဲမွာ ယူႏိုက္တက္ဟာ ပုံစံေကာင္း မျပသႏိုင္ခဲ့ဘဲ သေရတစ္မွတ္သာ ရခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ ေျခစြမ္းကို မွန္းရခက္ေနၿပီး ေသခ်ာတာကေတာ့ အိုလီအေနနဲ႔ ဂရင္းဝုဒ္ကို အခြင့္အေရးေပးမယ္ ဆိုရင္ ၎ဆီက သြင္းဂိုးေတြ ရမွာပါ။ ကြၽန္ေတာ္ ကေတာ့ ဒီပြဲစဥ္မွာ ယူႏိုက္တက္တို႔ ႏိုင္ပြဲလမ္းေၾကာင္းေပၚ ျပန္ေရာက္လိမ့္မယ္လို႔ ထင္ပါတယ္။
အိုဝင္ ရဲ႕ ဂိုးခန႔္မွန္းရလဒ္ -ဝုဗ္ ဝ-၁ ယူႏိုက္တက္
က်န္ပြဲစဥ္မ်ားအတြက္ မိုက္ကယ္အိုဝင္ရဲ႕ ဂိုး ခန႔္မွန္းရလဒ္မ်ား
အက္စတြန္ဗီလာ 2-1 ဘရန္းဖို႔ဒ္
ဘ႐ိုက္တန္ 1-1 အဲဗာတန္
နယူးကာဆယ္ 1-0 ေဆာက္သမ္တန္
ေနာဝစ္ 1-2 လက္စတာ
ဝက္စ္ဟမ္း 2-0 ခရစၥတယ္ပဲေလ့စ္
ဘန္ေလ 1-0 လိဒ္