ဒီတစ်ကြိမ် Ballon d’Or ဆုပေးပွဲကိုလည်း တက်ရောက်ဖို့ စီရော်နယ်ဒိုငြင်းဦးမှာလား

photo-gettyimages

photo-sportbible

ဒီနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or ဆုကို မက်ဆီရရှိလိမ့်မယ်လို့ သတင်းပေါက်ကြားမှုတွေကြားမှာ ဒီတစ်ကြိမ်မှာလည်း Ballon d’Or ဆုပေးပွဲကို ကာလရှည်ပြိုင်ဘက်ဖြစ်သူ စီရော်နယ်ဒိုတက်ရောက်ဖို့ ငြင်းဆန်နိုင်တယ်ဆိုတဲ့အသံတွေ ထွက်ပေါ်လာပါတယ်။ ဒီနှစ်ရဲ့ Ballon d’Or ဆုပေးပွဲကို လာမယ့်ဒီဇင်ဘာ ၂ ရက်နေ့(တနင်္လာနေ့) ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ခမ်းခမ်းနားနားကျင်းပသွားမှာပါ။အခုအပတ်အစောပိုင်းတုန်းက စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Mundo Deportivo က ဆုရမယ်ဆိုတဲ့အကြောင်း ဆုပေးတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက မက်ဆီထံ လာရောက်အကြောင်းကြားခဲ့ကြောင်း ဖော်ပြခဲ့တာပါ။

photo-gettyimages

အဲဒီသတင်းနဲ့ပတ်သက်လို့ မက်ဆီရဲ့အေးဂျင့်က ငြင်းဆန်ခဲ့ခြင်းမရှိသလို တုံ့ပြန်မှုလည်း မလုပ်ခဲ့ပါဘူး။ တကယ်လို့ အဲဒီသတင်းသာ အမှန်ဆိုရင် မက်ဆီအတွက် ၂၀၁၅ နောက်ပိုင်း ပထမဆုံး Ballon d’Or ဆုဖြစ်လာမှာပါ။ အဲဒါဆိုရင် သူဟာ Ballon d’Or ဆုကို ၆ ကြိမ်ရရှိခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်မှာပါ။ ဒါပေမဲ့လည်း စီရော်နယ်ဒိုအဖို့ကတော့ ဆုမရမယ့်အပြင် ဗန်ဒစ်ဂျ်ရဲ့နောက် တတိယနေရာမှာသာ ရပ်တည်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ Mundo Deprotivo သတင်းစာရဲ့ဂျာနယ်လစ်ဖြစ်သူအဂွီလာကလည်း ဗန်ဒစ်ဂျ်ရဲ့နောက် တတိယနေရာမှာ ရပ်တည်ရမယ့်အဖြစ်ကို စီရော်နယ်ဒိုစိတ်ပျက်မှာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း Ballon d’Or ဆုပေးပွဲကို ငြင်းဆန်နိုင်တယ်လို့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ရေးခဲ့တာပါ။

photo-gettyimages

စီရော်နယ်ဒိုဟာ အဲဒီဆုကို ၂၀၁၇ က နောက်ဆုံးရရှိခဲ့ပြီး ၂၀၁၈ မှာတော့ လွဲချော်ခဲ့ကာ မိုဒရစ်က ရသွားခဲ့တာပါ။ ရီးရဲလ်အသင်းဖော်ဟောင်းမိုဒရစ်ဆုရတဲ့နှစ်မှာ စီရော်နယ်ဒိုဟာ ဆုပေးပွဲတက်ရောက်ခြင်းမရှိခဲ့တာကြောင့် အဲဒီခရိုအေးရှားသားကတောင် ပြန်လည်ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မက်ဆီဆုရသွားတဲ့ ဒီနှစ်ရဲ့ ဖီဖာ The Best ဆုပေးပွဲကိုလည်း တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဒါတောင် သူလက်ရှိနေတဲ့တူရင်မြို့ကနေ ဆုပေးပွဲကျင်းပတဲ့မီလန်မြို့ကို တစ်နာရီလောက်သာ သွားရတာပါ။

[Zawgyi]

ဒီတစ္ႀကိမ္ Ballon d’Or ဆုေပးပြဲကိုလည္း တက္ေရာက္ဖို႔ စီေရာ္နယ္ဒိုျငင္းဦးမွာလား

ဒီႏွစ္ရဲ႕ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon d’Or ဆုကို မက္ဆီရရွိလိမ့္မယ္လုိ႔ သတင္းေပါက္ၾကားမႈေတြၾကားမွာ ဒီတစ္ႀကိမ္မွာလည္း Ballon d’Or ဆုေပးပြဲကို ကာလရွည္ၿပဳိဳင္ဘက္ျဖစ္သူ စီေရာ္နယ္ဒိုတက္ေရာက္ဖို႔ ျငင္းဆန္ႏိုင္တယ္ဆိုတဲ့အသံေတြ ထြက္ေပၚလာပါတယ္။ ဒီႏွစ္ရဲ႕ Ballon d’Or ဆုေပးပြဲကို လာမယ့္ဒီဇင္ဘာ ၂ ရက္ေန႔(တနလၤာေန႔) ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕မွာ ခမ္းခမ္းနားနားက်ငး္ပသြားမွာပါ။ အခုအပတ္အေစာပိုင္းတုန္းက စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Mundo Deportivo က ဆုရမယ္ဆုိတဲ့အေၾကာင္း ဆုေပးတဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းက မက္ဆီထံ လာေရာက္အေၾကာင္းၾကားခဲ့ေၾကာင္း ေဖာ္ျပခဲ့တာပါ။

အဲဒီသတင္းနဲ႔ပတ္သက္လုိ႔ မက္ဆီရဲ႕ေအးဂ်င့္က ျငင္းဆန္ခဲ့ျခင္းမရွိသလို တုံ႔ျပန္မႈလည္း မလုပ္ခဲ့ပါဘူး။ တကယ္လုိ႔ အဲဒီသတင္းသာ အမွန္ဆုိရင္ မက္ဆီအတြက္ ၂၀၁၅ ေနာက္ပိုင္း ပထမဆုံး Ballon d’Or ဆုျဖစ္လာမွာပါ။ အဲဒါဆုိရင္ သူဟာ Ballon d’Or ဆုကို ၆ ႀကိမ္ရရွိခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္မွာပါ။ ဒါေပမဲ့လည္း စီေရာ္နယ္ဒိုအဖို႔ကေတာ့ ဆုမရမယ့္အျပင္ ဗန္ဒစ္ဂ်္ရဲ႕ေနာက္ တတိယေနရာမွာသာ ရပ္တည္ႏိုင္မယ္လုိ႔ ယုံၾကည္ရပါတယ္။ Mundo Deprotivo သတင္းစာရဲ႕ဂ်ာနယ္လစ္ျဖစ္သူအဂီြလာကလည္း ဗန္ဒစ္ဂ်္ရဲ႕ေနာက္ တတိယေနရာမွာ ရပ္တည္ရမယ့္အျဖစ္ကို စီေရာ္နယ္ဒိုစိတ္ပ်က္မွာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာလည္း Ballon d’Or ဆုေပးပဲြကို ျငင္းဆန္ႏိုင္တယ္လုိ႔ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ေရးခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ အဲဒီဆုကို ၂၀၁၇ က ေနာက္ဆုံးရရွိခဲ့ၿပီး ၂၀၁၈ မွာေတာ့ လြဲေခ်ာ္ခဲ့့ကာ မိုဒရစ္က ရသြားခဲ့တာပါ။ ရီးရဲလ္အသင္းေဖာ္ေဟာင္းမိုဒရစ္ဆုရတဲ့ႏွစ္မွာ စီေရာ္နယ္ဒိုဟာ ဆုေပးပြဲတက္ေရာက္ျခင္းမရွိခဲ့တာေၾကာင့္ အဲဒီခရိုေအးရွားသားကေတာင္ ျပန္လည္ေ၀ဖန္မႈျပဳလုပ္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ မက္ဆီဆုရသြားတဲ့ ဒီႏွစ္ရဲ႕ ဖီဖာ The Best ဆုေပးပြဲကိုလည္း တက္ေရာက္ျခင္းမရွိခဲ့ပါဘူး။ ဒါေတာင္ သူလက္ရွိေနတဲ့တူရင္ၿမိဳ႕ကေန ဆုေပးပြဲက်င္းပတဲ့မီလန္ၿမိဳ႕ကို တစ္နာရီေလာက္သာ သြားရတာပါ။