
Photo Credit ; Getty Images
Photo Credit
ယူနိုက်တက်အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာအနေနဲ့ ဒီဇင်ဘာလအထိ အနားယူရဖွယ်ရှိနေကြောင်း နည်းပြ ဆိုးလ်ရှားက အတည်ပြုပြောကြားလိုက်ပါတယ်။
Photo Credit
အသက် ၂၆နှစ်အရွယ်ရှိ ပေါ့ဂ်ဘာဟာ စက်တင်ဘာလ ၃၀ ရက်နေ့ကတည်းက ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပြီး ၂၀၁၉ နွေရာသီက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ယခုရာသီမှာ ၆ပွဲပဲကစားထားနိုင်ပါတယ်။
Photo Credit
သူဟာ နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ဒူဘိုင်းမြို့ကို သွားရောက်ပြီး အမြန်ဆုံးပြန်ကစားနိုင်ဖို့ ပူနွေးတဲ့ရာသီဥတုအောက် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပေမယ့် ဆိုးလ်ရှားရဲ့အတည်ပြုချက်အရ နောက်ထပ် ၁လတော့ ထပ်မံအနားယူရဦးမှာဖြစ်ပါတယ်။
Photo Credit
”ဒီဇင်ဘာလမတိုင်ခင် သူ့ကို ကွင်းထဲမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ဘူး။ ဒီကာလမှာတော့ သူအနားယူရဦးမှာပါ။ သူ့အနေနဲ့ အပြည့်အဝကြံ့ခိုင်မှုရရှိဖို့ အချိန်လိုအပ်နေပြီး နောက်ထပ်နိုင်ငံတကာရက်သတ္တပတ်အပြီး ကစားရမယ့် ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာ သူပြန်ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး”
Photo Credit
”ဒီဇင်ဘာလအထိတော့ သူပြန်ကစားနိုင်သေးမှာမဟုတ်ပါဘူး။ ပေါ့ဂ်ဘာက အံ့အားသင့်စရာကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့လိုအပ်တဲ့ ဖန်တီးမှုအားကောင်းတဲ့ကွင်းလယ်လူဖြစ်ပေမယ့် အခုက တခြားရွေးချယ်စရာတွေလုပ်ရတော့မှာပါ”လို့ ဆိုးလ်ရှားက ပြောပါတယ်။
Photo Credit
ဒူဘိုင်းမှာရှိနေခဲ့တဲ့ကာလအတွင်း ပေါ့ဂ်ဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းနဲ့ တွေ့ဆုံခဲ့ပေမယ့် ဆိုးလ်ရှားကတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘာပြဿနာမှမရှိကြောင်း၊ ဒဏ်ရာရရှိနေလျက်နဲ့ အသင်းအတွက် ကစားပေးလိုတဲ့ပေါ့ဂ်ဘာရဲ့စိတ်ဓာတ်က ချီးကျူးစရာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
Photo Credit
Zawgyi
ဒီဇင္ဘာလအထိ ေပါ့ဂ္ဘာ အနားယူရဖြယ္ရွိေၾကာင္း ဆုိးလ္ရွား အတည္ျပဳ
ယူႏိုက္တက္အသင္းကြင္းလယ္လူ ေပါ့ဂ္ဘာအေနနဲ႔ ဒီဇင္ဘာလအထိ အနားယူရဖြယ္ရွိေနေၾကာင္း နည္းျပ ဆုိးလ္ရွားက အတည္ျပဳေျပာၾကားလိုက္ပါတယ္။
အသက္ ၂၆ႏွစ္အရြယ္ရွိ ေပါ့ဂ္ဘာဟာ စက္တင္ဘာလ ၃၀ ရက္ေန႔ကတည္းက ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ အနားယူေနရၿပီး ၂၀၁၉ ေႏြရာသီက အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ၿပီးေနာက္ ယခုရာသီမွာ ၆ပဲြပဲကစားထားႏိုင္ပါတယ္။
သူဟာ ႏိုင္ငံတကာရက္သတၱပတ္ကာလအတြင္း ဒူဘုိင္းၿမိဳ႕ကို သြားေရာက္ၿပီး အျမန္ဆုံးျပန္ကစားႏိုင္ဖုိ႔ ပူေႏြးတ့ဲရာသီဥတုေအာက္ ျပင္းျပင္းထန္ထန္ႀကိဳးစားခဲ့ေပမယ့္ ဆုိးလ္ရွားရဲ႕အတည္ျပဳခ်က္အရ ေနာက္ထပ္ ၁လေတာ့ ထပ္မံအနားယူရဦးမွာျဖစ္ပါတယ္။
”ဒီဇင္ဘာလမတုိင္ခင္ သူ႕ကို ကြင္းထဲမွာ ျပန္ေတြ႕ရလိမ့္မယ္လုိ႔ မထင္ဘူး။ ဒီကာလမွာေတာ့ သူအနားယူရဦးမွာပါ။ သူ႕အေနနဲ႔ အျပည့္အ၀ႀကံ့ခိုင္မႈရရွိဖို႔ အခ်ိန္လိုအပ္ေနၿပီး ေနာက္ထပ္ႏိုင္ငံတကာရက္သတၱပတ္အၿပီး ကစားရမယ့္ ရွက္ဖီးလ္ယူႏုိက္တက္နဲ႔ပြဲမွာ သူျပန္ကစားႏုိင္ဖို႔ မျဖစ္ႏိုင္ပါဘူး”
”ဒီဇင္ဘာလအထိေတာ့ သူျပန္ကစားႏိုင္ေသးမွာမဟုတ္ပါဘူး။ ေပါ့ဂ္ဘာက အံ့အားသင့္စရာေကာင္းတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ကၽြန္ေတာ္တုိ႔လိုအပ္တဲ့ ဖန္တီးမႈအားေကာင္းတဲ့ကြင္းလယ္လူျဖစ္ေပမယ့္ အခုက တျခားေရြးခ်ယ္စရာေတြလုပ္ရေတာ့မွာပါ”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။
ဒူဘုိင္းမွာရွိေနခဲ့တဲ့ကာလအတြင္း ေပါ့ဂ္ဘာဟာ ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းနဲ႔ ေတြ႕ဆုံခဲ့ေပမယ့္ ဆုိးလ္ရွားကေတာ့ အဲဒီကိစၥနဲ႔ပတ္သက္လုိ႔ ဘာျပႆနာမွမရွိေၾကာင္း၊ ဒဏ္ရာရရွိေနလ်က္နဲ႔ အသင္းအတြက္ ကစားေပးလုိတဲ့ေပါ့ဂ္ဘာရဲ႕စိတ္ဓာတ္က ခ်ီးက်ဴးစရာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။