ဒီဆယ်စုနှစ်ထဲမှာ ဝင်ငွေအကောင်းဆုံးဘောလုံးသမားက စီရော်နယ်ဒိုဖြစ်ပြီး မက်ဆီက ဒုတိယချိတ်

photo-gettyimages

photo-gettyimages

အမေရိကန်စီးပွားရေးမဂ္ဂဇင်းဖြစ်တဲ့ Forbes ဟာ ၂၀၁၀ နှစ်ကာလတွေအတွင်း ဝင်ငွေအကောင်းဆုံးအားကစားသမား ၁၀ ဦစားရင်းကို ထုတ်ပြန်လိုက်ရာ အမေရိကန်လက်ဝှေ့ကျော်ဖလွိုက်မေဝယ်သာက ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။ မေဝယ်သာပြီးရင် ဒုတိယနဲ့ တတိယဝင်ငွေအကောင်းဆုံးသူတွေက ဘောလုံးက ဖြစ်ကြတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ဖြစ်ပါတယ်။ လက်ဝှေ့လောကရဲ့အိုင်ကွန်တစ်ယောက်ဖြစ်တဲ့ ၄၂ နှစ်အရွယ် မေဝယ်သာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သူ့ကစားသမားဘဝကနေ ပေါင် ၇၀၆ သန်းရရှိခဲ့တာပါ။

photo-gettyimages

စီရော်နယ်ဒိုကတော့ နောက်ဆုံး ၁၀ နှစ်အတွင်းမှာ ဝင်ငွေစုစုပေါင်း ပေါင် ၆၁၇ သန်းရှိခဲ့ပါတယ်။ တတိယနေရာက မက်ဆီကလည်း ဝင်ငွေအကောင်းဆုံးစာရင်းမှာ စီရော်နယ်ဒိုနဲ့ သိပ်ကွာခဲ့တာ မဟုတ်ပါဘူး။ အဲဒီအာဂျင်တီးနားကြယ်ပွင့်ဟာ နောက်ဆုံး ၁၀ နှစ်အတွင်းမှာ ပေါင် ၅၇၈.၅ သန်း ရရှိခဲ့တာပါ။

photo-the sun

စီရော်နယ်ဒိုရဲ့ကွင်းပြင်ပကျော်ကြားမှုဟာ ဘယ်သူမှ လိုက်မမီနိုင်လောက်အောင်ပါပဲ။ အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကြီးမားတဲ့ပရိသတ်အင်အားထုပိုင်ဆိုင်ထားပြီး တန်ဖိုးကြီးမားတဲ့စပွန်ဆာစာချုပ်တွေလည်း ရရှိထားပါတယ်။ တကယ်လည်း သူဟာ Instagram နဲ့ Facebook တို့မှာ Follower ပရိသတ်အများဆုံးဖြစ်ပါတယ်။ မက်ဆီကလည်း ဘောလုံးသမားတွေထဲမှာ လစာအများဆုံးရထားသူပါ။

[Zawgyi]



