ဒီဂီယာ လက်စွမ်းပုံမှန်မရှိလို့ ဟန်ဒါဆင်ကို ပြန်ခေါ်ဖို့ ဆိုးလ်ရှားစီစဉ်နေ

Photo- Internet
Photo- Internet

မန်ယူအသင်းဂိုးသမား ဒီဂီယာဟာ အမှားတွေပြုလုပ်ခဲ့ပြီး လက်စွမ်းကိုလည်းထိခိုက်လာတာကြောင့် ရှက်ဖီးယူနိုက်တက်အသင်းဆီအငှားချထားတဲ့ ဂိုးသမားဟန်ဒါဆင်ကို ပြန်လည်ခေါ်ယူပြီး ဦးစားပေးဖြစ်လာမယ့် အခွင့်အရေးပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဟန်ဒါဆင်ဟာ ဒီရာသီမှာ ရှက်ဖီးယူနိုက်တက်အတွက် လက်စွမ်းပြနေသူဖြစ်ပြီး အဲဒီမှာအငှားသွားကစားတာဟာ ဒီရာသီနဲ့ပါဆိုရင် ၂ နှစ်ဆက်ဖြစ်ပါတယ်။ ဒီဂီယာဟာ မကြာသေးခင်က အမှားများလာမှုနဲ့အတူ လက်စွမ်းပိုင်းလည်း ထိခိုက်လာလို့ မန်ယူဟာဘန်လေအသင်းဂိုးနည်းပြ ခရစ်မော်ဆန် ကိုခေါ်ယူပေးထားပြီးဖြစ်ပါတယ်။

Photo- Internet

ဒီဂီယာဟာ ဝက်ဖို့ဒ်ကို ၂-၀ နဲ့ရှုံ့းခဲ့တဲ့ပွဲမှာ သူ့ကြောင့်တစ်ဂိုးပေးလိုက်ရတဲ့အပြင် နောက်တစ်ဂိုးဟာလည်း သူ့အမှားမကင်းခဲ့ပါဘူး။ ဒါ့အပြင် အဲဗာတန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာဆိုရင်လည်း ဘောလုံးထွက်ပုတ်တာအားနည်းချက်တွေရှိခဲ့လို့ ပြိုင်ဘက်ကိုချေပဂိုးပေးလိုက်ရတဲ့ ဖြစ်ရပ်ရှိခဲ့ပါသေးတယ်။

Photo- Internet

ဒီအချိန်မှာ ဝုဗ်နဲ့ အက်ဖ်အေဖလားပွဲဝင်ကစားခဲ့တဲ့ ရိုမီယိုက လက်စွမ်းပြခဲ့တာကြောင့် ဒီဂီယာ ဖိအားဝင်လာချိန်မှာ အသက် ၂၂ နှစ်ရှိတဲ့ ဟန်ဒါဆင်ကိုပြန်ခေါ်ဖို့ လုပ်နေမှုကြောင့် သူ့ရဲ့ဦးစားပေးနေရာပျောက်ဆုံးရဖွယ်ရှိနေပါတယ်။ ဟန်ဒါဆင်ဟာ ၂၀၁၈ နွေရာသီက ရှက်ဖီးယူနိုက်တက်ကိုပြောင်းသွားပြီးနောက် လက်စွမ်းသိသာစွာ တိုးတက်လာတာပါ။

Photo- Internet

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဒီဂီယာဟာ အမှားများနေမှုကြောင့် စပိန်အသင်းမှာလည်း ကီပါနဲ့တစ်လှည့်စီကစားနေရသူဖြစ်ပါတယ်။ သူဟာ မန်ယူရဲ့တစ်နှစ်တာအကောင်းဆုံးဆုဖြစ်တဲ့ Sir Matt Busby Player of the Year ကို ၄ ကြိမ်တောင်ရခဲ့ဘူးတဲ့ ဒီဂီယာဟာ လက်ရှိမှာမန်ယူရဲ့လစာအများဆုံးရသူဖြစ်နေပြီး တစ်ပတ်ကိုပေါင် ၃၇၅၀၀၀ အထိရရှိနေပါတယ်။

Photo- Internet

Zawgyi

ဒီဂီယာ လက္စြမ္းပုံမွန္မရွိလို႔ ဟန္ဒါဆင္ကို ျပန္ေခၚဖို႔ ဆိုးလ္ရွားစီစဥ္ေန

မန္ယူအသင္းဂိုးသမား ဒီဂီယာဟာ အမွားေတြျပဳလုပ္ခဲ့ၿပီး လက္စြမ္းကိုလည္းထိခိုက္လာတာေၾကာင့္ ရွက္ဖီးယူႏိုက္တက္အသင္းဆီအငွားခ်ထားတဲ႔ ဂိုးသမားဟန္ဒါဆင္ကို ျပန္လည္ေခၚယူၿပီး ဦးစားေပးျဖစ္လာမယ္႔ အခြင့္အေရးေပးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဟန္ဒါဆင္ဟာ ဒီရာသီမွာ ရွက္ဖီးယူႏိုက္တက္အတြက္ လက္စြမ္းျပေနသူျဖစ္ၿပီး အဲဒီမွာအငွားသြားကစားတာဟာ ဒီရာသီနဲ႔ပါဆိုရင္ ၂ ႏွစ္ဆက္ျဖစ္ပါတယ္။ ဒီဂီယာဟာ မၾကာေသးခင္က အမွားမ်ားလာမႈနဲ႔အတူ လက္စြမ္းပိုင္းလည္း ထိခိုက္လာလို႔ မန္ယူဟာဘန္ေလအသင္းဂိုးနည္းျပ ခရစ္ေမာ္ဆန္ ကိုေခၚယူေပးထားၿပီးျဖစ္ပါတယ္။

ဒီဂီယာဟာ ၀က္ဖို႔ဒ္ကို ၂-၀ နဲ႔ရႈ့ံးခဲ့တဲ႔ပြဲမွာ သူ႔ေၾကာင့္တစ္ဂိုးေပးလိုက္ရတဲ႔အျပင္ ေနာက္တစ္ဂိုးဟာလည္း သူ႔အမွားမကင္းခဲ့ပါဘူး။ ဒါ့အျပင္ အဲဗာတန္နဲ႔ ၁-၁ သေရက်ခဲ့တဲ႔ပြဲမွာဆိုရင္လည္း ေဘာလုံးထြက္ပုတ္တာအားနည္းခ်က္ေတြရွိခဲ့လို႔ ၿပိဳင္ဘက္ကိုေခ်ပဂိုးေပးလိုက္ရတဲ႔ ျဖစ္ရပ္ရွိခဲ့ပါေသးတယ္။

ဒီအခ်ိန္မွာ ၀ုဗ္နဲ႔ အက္ဖ္ေအဖလားပြဲ၀င္ကစားခဲ့တဲ႔ ရိုမီယိုက လက္စြမ္းျပခဲ့တာေၾကာင့္ ဒီဂီယာ ဖိအား၀င္လာခ်ိန္မွာ အသက္ ၂၂ ႏွစ္ရွိတဲ႔ ဟန္ဒါဆင္ကိုျပန္ေခၚဖို႔ လုပ္ေနမႈေၾကာင့္ သူ႔ရဲ႕ဦးစားေပးေနရာေပ်ာက္ဆုံးရဖြယ္ရွိေနပါတယ္။ ဟန္ဒါဆင္ဟာ ၂၀၁၈ ေႏြရာသီက ရွက္ဖီးယူႏိုက္တက္ကိုေျပာင္းသြားၿပီးေနာက္ လက္စြမ္းသိသာစြာ တိုးတက္လာတာပါ။

အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ႔ ဒီဂီယာဟာ အမွားမ်ားေနမႈေၾကာင့္ စပိန္အသင္းမွာလည္း ကီပါနဲ႔တစ္လွည့္စီကစားေနရသူျဖစ္ပါတယ္။ သူဟာ မန္ယူရဲ႕တစ္ႏွစ္တာအေကာင္းဆုံးဆုျဖစ္တဲ႔ Sir Matt Busby Player of the Year ကို ၄ ႀကိမ္ေတာင္ရခဲ့ဘူးတဲ႔ ဒီဂီယာဟာ လက္ရွိမွာမန္ယူရဲ႕လစာအမ်ားဆုံးရသူျဖစ္ေနၿပီး တစ္ပတ္ကိုေပါင္ ၃၇၅၀၀၀ အထိရရွိေနပါတယ္။