ဒီဂီယာနဲ့ ဟန်ဒါဆန်တို့ထဲကတစ်ဦးကို ယူနိုက်တက် ရောင်းချသွားဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ဂိုးသမားတွေဖြစ်တဲ့ ဒီဂီယာနဲ့ ဟန်ဒါဆန်တို့ထဲက တစ်ဦးကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကျရင် ရောင်းချသွားဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီဂိုးသမားနှစ်ဦးဟာ ဒီရာသီမှာ ပွဲထွက်ခွင့်တစ်နေရာအတွက် အပြိုင်ဖြစ်နေကြပြီး ဒီဂီယာက ပရီးမီးယားလိဂ်(၂၂)ပွဲကစားခဲ့သလို ဟန်ဒါဆန်ကတော့ (၃)ပွဲသာပွဲထွက်ခွင့်ရခဲ့ပေမယ့် တခြားပြိုင်ပွဲတွေမှာ ပထမဂိုးသမားအဖြစ်ပါဝင်ကစားခွင့်ရနေတာပါ။

ဒါပေမဲ့ ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က ဒီဂီယာနဲ့ ဟန်ဒါဆန်တို့ရဲ့ပွဲထွက်ခွင့်ရရေးတိုက်ပွဲရဲ့ နောက်ကွယ်မှာ ပြဿနာတချို့ရှိနေတာကြောင့် ယူနိုက်တက်အသင်းက သူတို့နှစ်ဦးထဲကတစ်ဦးကို အငှား ဒါမှမဟုတ် အပြီးသတ်ရောင်းချသွားဖို့ ဆန္ဒရှိနေတယ်ဆိုပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း အရည်အချင်းရှိပြီး အရန်ဂိုးသမားအဖြစ် ကစားရတာကို လက်ခံနိုင်တဲ့ဂိုးသမားတစ်ဦး ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း(၄၀၀)ကျော်ကစားခဲ့တဲ့ ဒီဂီယာဟာ အခုလအစောပိုင်းက အဲဗာတန်နဲ့ကစားခဲ့တဲ့ပွဲမှာ အမှားတချို့ကျူးလွန်ခဲ့တာအပါအဝင် ပြီးခဲ့တဲ့ကာလအတွင်း အများဝေဖန်ချင်စရာ အမှားတွေပြုလုပ်ခဲ့တာကြောင့် နံပါတ်(၁)ဂိုးသမားနေရာကို စွန့်လွှတ်ရဖို့ နီးစပ်နေသူဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းမှာ (၂)ရာသီအငှားနဲ့ ကစားခဲ့ပြီးတဲ့နောက် ယူနိုက်တက်ကို ပြန်ရောက်လာတဲ့ ဟန်ဒါဆန်ဟာ အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ဆန္ဒပြင်းပြနေသလို အဲဒီကနေတစ်ဆင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံရဖို့ ပစ်မှတ်ထားနေသူပါ။

ယူနိုက်တက်အသင်းရဲ့ အစည်းအဝေးမှာ လာမယ့်ရာသီကျရင် ဟန်ဒါဆန်နဲ့ ဒီဂီယာတို့ထဲကတစ်ဦးသာ အသင်းမှာ ဆက်ရှိမယ့်အနေအထားဖြစ်လာနိုင်တယ်ဆိုပြီး ဆိုးလ်ရှားက ဟန်ဒါဆန်ကို အသိပေးထားတယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဒီဂီယာရဲ့လက်ရှိစာချုပ်က ၂၀၂၃ ခုနှစ်အထိကျန်ရှိနေသလို ဟန်ဒါဆန်ကလည်း (၄)နှစ်စာချုပ်သက်တမ်းကျန်နေသေးတာကြောင့် လာမယ့်နွေရာသီကျရင် ဒီဂိုးသမားတွေထဲက ဘယ်သူများ ယူနိုက်တက်နဲ့လမ်းခွဲရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီဂီယာနဲ႔ ဟန္ဒါဆန္တို႔ထဲကတစ္ဦးကို ယူႏိုက္တက္ ေရာင္းခ်သြားဖို႔ရွိေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔အသင္းရဲ႕ ဂိုးသမားေတြျဖစ္တဲ့ ဒီဂီယာနဲ႔ ဟန္ဒါဆန္တို႔ထဲက တစ္ဦးကို လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕က်ရင္ ေရာင္းခ်သြားဖို႔ရွိတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ဒီဂိုးသမားႏွစ္ဦးဟာ ဒီရာသီမွာ ပြဲထြက္ခြင့္တစ္ေနရာအတြက္ အၿပိဳင္ျဖစ္ေနၾကၿပီး ဒီဂီယာက ပရီးမီးယားလိဂ္(၂၂)ပြဲကစားခဲ့သလို ဟန္ဒါဆန္ကေတာ့ (၃)ပြဲသာပြဲထြက္ခြင့္ရခဲ့ေပမယ့္ တျခားၿပိဳင္ပြဲေတြမွာ ပထမဂိုးသမားအျဖစ္ပါဝင္ကစားခြင့္ရေနတာပါ။ ဒါေပမဲ့ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ The Sun က ဒီဂီယာနဲ႔ ဟန္ဒါဆန္တို႔ရဲ႕ပြဲထြက္ခြင့္ရေရးတိုက္ပြဲရဲ႕ ေနာက္ကြယ္မွာ ျပႆနာတခ်ိဳ႕ရွိေနတာေၾကာင့္ ယူႏိုက္တက္အသင္းက သူတို႔ႏွစ္ဦးထဲကတစ္ဦးကို အငွား ဒါမွမဟုတ္ အၿပီးသတ္ေရာင္းခ်သြားဖို႔ ဆႏၵရွိေနတယ္ဆိုၿပီးေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒ့ါအျပင္ ယူႏိုက္တက္နည္းျပဆိုးလ္ရွားကလည္း အရည္အခ်င္းရွိၿပီး အရန္ဂိုးသမားအျဖစ္ ကစားရတာကို လက္ခံႏိုင္တဲ့ဂိုးသမားတစ္ဦး ေခၚယူလိုေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။ ယူႏိုက္တက္အသင္းအတြက္ ပြဲေပါင္း(၄၀၀)ေက်ာ္ကစားခဲ့တဲ့ ဒီဂီယာဟာ အခုလအေစာပိုင္းက အဲဗာတန္နဲ႔ကစားခဲ့တဲ့ပြဲမွာ အမွားတခ်ိဳ႕က်ဴးလြန္ခဲ့တာအပါအဝင္ ၿပီးခဲ့တဲ့ကာလအတြင္း အမ်ားေဝဖန္ခ်င္စရာ အမွားေတြျပဳလုပ္ခဲ့တာေၾကာင့္ နံပါတ္(၁)ဂိုးသမားေနရာကို စြန႔္လႊတ္ရဖို႔ နီးစပ္ေနသူျဖစ္ပါတယ္။ ရွက္ဖီးယူႏိုက္တက္အသင္းမွာ (၂)ရာသီအငွားနဲ႔ ကစားခဲ့ၿပီးတဲ့ေနာက္ ယူႏိုက္တက္ကို ျပန္ေရာက္လာတဲ့ ဟန္ဒါဆန္ဟာ အသင္းအတြက္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ဆႏၵျပင္းျပေနသလို အဲဒီကေနတစ္ဆင့္ အဂၤလန္လက္ေ႐ြးစင္အသင္းမွာပါ ေ႐ြးခ်ယ္ခံရဖို႔ ပစ္မွတ္ထားေနသူပါ။

ယူႏိုက္တက္အသင္းရဲ႕ အစည္းအေဝးမွာ လာမယ့္ရာသီက်ရင္ ဟန္ဒါဆန္နဲ႔ ဒီဂီယာတို႔ထဲကတစ္ဦးသာ အသင္းမွာ ဆက္ရွိမယ့္အေနအထားျဖစ္လာႏိုင္တယ္ဆိုၿပီး ဆိုးလ္ရွားက ဟန္ဒါဆန္ကို အသိေပးထားတယ္လို႔လည္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။ ဒီဂီယာရဲ႕လက္ရွိစာခ်ဳပ္က ၂၀၂၃ ခုႏွစ္အထိက်န္ရွိေနသလို ဟန္ဒါဆန္ကလည္း (၄)ႏွစ္စာခ်ဳပ္သက္တမ္းက်န္ေနေသးတာေၾကာင့္ လာမယ့္ေႏြရာသီက်ရင္ ဒီဂိုးသမားေတြထဲက ဘယ္သူမ်ား ယူႏိုက္တက္နဲ႔လမ္းခြဲရမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။