ဒီဂီယာထက် ဟန်ဒါဆန်ကို ပွဲထွက်အသုံးပြုဖို့ရှိတယ်လို့ ဆိုးလ်ရှား ဖွင့်ဟ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ဟန်ဒါဆန်ကို အရန်အဖြစ်သာ ဆက်အသုံးပြုဖို့က မဖြစ်သင့်တော့ဘူးလို့ ဖွင့်ဟပြောဆိုခဲ့တာကြောင့် စွမ်းဆောင်ရည်ကျဆင်းနေတဲ့အတွက် ဝေဖန်ခံနေရတဲ့ နံပါတ် ၁ ဂိုးသမား ဒီဂီယာဟာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။

အသက် ၃၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂီယာဟာ ယူနိုက်တက်ကစားသမားဘဝ ၁၀ နှစ်တာကာလအတွင်း သူ့ရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဗာတန်နဲ့ ၃ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဒီဂီယာရဲ့ ဆုံးဖြတ်ချက်အားနည်းမှုကြောင့် ဂိုးတွေပေးခဲ့ရသလို အဲဒီမတိုင်ခင်ကလည်း အမှားတချို့ရှိခဲ့တာကြောင့် လက်စွမ်းကျဆင်းနေပြီလို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ဒီအချိန်မှာ အရန်ဂိုးသမားဖြစ်တဲ့ ဟန်ဒါဆန်က သူ ပွဲထွက်ခွင့်ရတဲ့ပွဲတိုင်း အကောင်းဆုံးစွမ်းဆောင်ပြနေပြီး ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ FA ဖလားပွဲမှာလည်း Clean Sheet ရယူနိုင်ခဲ့သလို ဒီညကစားမယ့် ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပွဲထွက်ကစားဖို့ရှိနေပါပြီ။ ဆိုးလ်ရှားက ”ပုံမှန်ကစားခွင့်ရဖို့ ဂိုးသမားနှစ်ဦးစလုံး အကောင်းဆုံးကြိုးစားနေကြတာ အားလုံးအသိဖြစ်ပါလိမ့်မယ်။

လက်ရှိအသင်းရဲ့ နေရာအလိုက်မှာ ရွေးချယ်စရာ ကစားသမား ၂ ဦးစီရှိပြီး ဂိုးသမားနေရာလည်း အပါအဝင်ဖြစ်ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်ရဖို့ဆိုတာက ကစားသမားတစ်ဦးရဲ့ စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်ပါတယ်။ ဒီဂီယာကို ဖိအားပေးနိုင်ဖို့ ဟန်ဒါဆန်ကို ပြန်ခေါ်ခဲ့တာက မှန်ကန်ခဲ့တယ်လို့ပြောရမှာပါ။ အခုဆိုရင် ဟန်ဒါဆန်က ပွဲထွက်ခွင့်ရတိုင်း အကောင်းဆုံးစွမ်းဆောင်ပြနေလို့ သူ့ကို အရန်အဖြစ်သာ ဆက်သုံးဖို့က သိပ်မဖြစ်သင့်တော့ပါဘူး။

ဘယ်သူက ဆုဖလားဘယ်နခုရခဲ့လဲဆိုတာ အရေးမကြီးဘဲ အခုလောလောဆယ် အသင်းအတွက် ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်လဲဆိုတာက ပိုအရေးပါပါတယ်။ ဒါက ဂိုးသမားနေရာတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး၊ ကျန်တဲ့နေရာ အားလုံးပါဝင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၉ ခှနှစ်တုန်းက ဒီဂီယာနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီး စာချုပ်သစ်ရ ဒီဂီယာဟာ တစ်ပတ်ကို ပေါင် ၃သိန်းခွဲအထိရရှိနေတာဖြစ်ပါတယ်။ ဒီဂီယာအနေနဲ့ နံပါတ် ၁ ဂိုးသမားဂုဏ်ပုဒ်ကို မစွန့်လွတ်ရဖို့ အခုထက်ပိုစွမ်းဆောင်ပြဖို့ လိုနေပြီး မဟုတ်ရင်တော့ ပွဲထွက်ခွင့်တစ်နေရာကို ဟန်ဒါဆန်ဆီ လွဲပေးရဖို့ရှိနေပါပြီ။

Zawgyi

ဒီဂီယာထက္ ဟန္ဒါဆန္ကို ပြဲထြက္အသုံးျပဳဖို႔ရွိတယ္လို႔ ဆိုးလ္ရွား ဖြင့္ဟ

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ဟန္ဒါဆန္ကို အရန္အျဖစ္သာ ဆက္အသုံးျပဳဖို႔က မျဖစ္သင့္ေတာ့ဘူးလို႔ ဖြင့္ဟေျပာဆိုခဲ့တာေၾကာင့္ စြမ္းေဆာင္ရည္က်ဆင္းေနတဲ့အတြက္ ေဝဖန္ခံေနရတဲ့ နံပါတ္ ၁ ဂိုးသမား ဒီဂီယာဟာ ပုံမွန္ပြဲထြက္ခြင့္ဆုံးရႈံးရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။ အသက္ ၃၀ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီဂီယာဟာ ယူႏိုက္တက္ကစားသမားဘဝ ၁၀ ႏွစ္တာကာလအတြင္း သူ႔ရဲ႕ လက္စြမ္းျပကာကြယ္မႈေတြေၾကာင့္ ကမာၻ႔အေကာင္းဆုံး ဂိုးသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

ဒါေပမဲ့လည္း အဲဗာတန္နဲ႔ ၃ ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ဒီဂီယာရဲ႕ ဆုံးျဖတ္ခ်က္အားနည္းမႈေၾကာင့္ ဂိုးေတြေပးခဲ့ရသလို အဲဒီမတိုင္ခင္ကလည္း အမွားတခ်ိဳ႕ရွိခဲ့တာေၾကာင့္ လက္စြမ္းက်ဆင္းေနၿပီလို႔ ေဝဖန္ခံေနရတာျဖစ္ပါတယ္။ ဒီအခ်ိန္မွာ အရန္ဂိုးသမားျဖစ္တဲ့ ဟန္ဒါဆန္က သူ ပြဲထြက္ခြင့္ရတဲ့ပြဲတိုင္း အေကာင္းဆုံးစြမ္းေဆာင္ျပေနၿပီး ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ FA ဖလားပြဲမွာလည္း Clean Sheet ရယူႏိုင္ခဲ့သလို ဒီညကစားမယ့္ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ပြဲထြက္ကစားဖို႔ရွိေနပါၿပီ။

ဆိုးလ္ရွားက ”ပုံမွန္ကစားခြင့္ရဖို႔ ဂိုးသမားႏွစ္ဦးစလုံး အေကာင္းဆုံးႀကိဳးစားေနၾကတာ အားလုံးအသိျဖစ္ပါလိမ့္မယ္။ လက္ရွိအသင္းရဲ႕ ေနရာအလိုက္မွာ ေ႐ြးခ်ယ္စရာ ကစားသမား ၂ ဦးစီရွိၿပီး ဂိုးသမားေနရာလည္း အပါအဝင္ျဖစ္ပါတယ္။ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ဆိုတာက ကစားသမားတစ္ဦးရဲ႕ စြမ္းေဆာင္ရည္အေပၚမွာပဲ မူတည္ပါတယ္။ ဒီဂီယာကို ဖိအားေပးႏိုင္ဖို႔ ဟန္ဒါဆန္ကို ျပန္ေခၚခဲ့တာက မွန္ကန္ခဲ့တယ္လို႔ေျပာရမွာပါ။ အခုဆိုရင္ ဟန္ဒါဆန္က ပြဲထြက္ခြင့္ရတိုင္း အေကာင္းဆုံးစြမ္းေဆာင္ျပေနလို႔ သူ႔ကို အရန္အျဖစ္သာ ဆက္သုံးဖို႔က သိပ္မျဖစ္သင့္ေတာ့ပါဘူး။ ဘယ္သူက ဆုဖလားဘယ္နခုရခဲ့လဲဆိုတာ အေရးမႀကီးဘဲ အခုေလာေလာဆယ္ အသင္းအတြက္ ဘယ္ေလာက္အထိ စြမ္းေဆာင္ျပႏိုင္လဲဆိုတာက ပိုအေရးပါပါတယ္။ ဒါက ဂိုးသမားေနရာတစ္ခုတည္းကို ဆိုလိုတာ မဟုတ္ပါဘူး၊ က်န္တဲ့ေနရာ အားလုံးပါဝင္ပါတယ္” လို႔ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၂၀၁၉ ခွႏွစ္တုန္းက ဒီဂီယာနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး စာခ်ဳပ္သစ္ရ ဒီဂီယာဟာ တစ္ပတ္ကို ေပါင္ ၃သိန္းခြဲအထိရရွိေနတာျဖစ္ပါတယ္။ ဒီဂီယာအေနနဲ႔ နံပါတ္ ၁ ဂိုးသမားဂုဏ္ပုဒ္ကို မစြန္႔လြတ္ရဖို႔ အခုထက္ပိုစြမ္းေဆာင္ျပဖို႔ လိုေနၿပီး မဟုတ္ရင္ေတာ့ ပြဲထြက္ခြင့္တစ္ေနရာကို ဟန္ဒါဆန္ဆီ လြဲေပးရဖို႔ရွိေနပါၿပီ။