ဒီဂီယာကို ဖိအားပေးဖို့အတွက် ရိုမဲရိုးကို လူစာရင်းမှာပြန်ထည့်ခဲ့တဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ အမှားများနေတဲ့ နံပါတ်(၁)ဂိုး ဒီဂီယာအတွက် ဖိအားဖြစ်စေဖို့ ရိုမဲရိုးကို အသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းမှာ ပြန်လည်ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားဂိုးသမား ရိုမဲရိုးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် တစ်ပွဲမှကစားခွင့်မရသေးဘဲ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အသင်းပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။

အခုလောလောဆယ်မှာ ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ စွမ်းဆောင်ရည်ကျဆင်းနေပြီး အမှားကျူးလွန်မှုကြောင့် ပေးဂိုးအများဆုံး ဂိုးသမားစာရင်းမှာ ပစ်ဖို့ဒ် (အဲဗာတန်-၆ဂိုး)၊ ဒူဘရက်ကာ (နယူးကာဆယ်-၅ဂိုး)တို့နောက် တတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ ဒီဂီယာနဲ့ ကျန်တဲ့ဂိုးသမားတွေကြားမှာ အပြိုင်အဆိုင်ဖြစ်စေဖို့ ရိုမဲရိုးကို အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် ဒီဂီယာကိုလည်း သတိပေးစကားဆိုခဲ့ပါသေးတယ်။ ဆိုးလ်ရှားက “အသင်းက ကစားသမားတိုင်းဟာ ပွဲထွက်ခွင့်တစ်နေရာရဖို့အတွက် ပုံမှန်ကြိုးစားအားထုတ်ဖို့လိုပါတယ်။

ဒီအသင်းမှာ ကစားသမားတစ်ဦးအတွက် အမြဲတမ်းပွဲထွက်ခွင့်ရမယ်ဆိုတဲ့ အာမခံချက်မရှိဘဲ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ကြိုးစားမှဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့(၃)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဒီဂီယာရဲ့ အမှားတချို့ကြောင့် မပေးသင့်တဲ့ဂိုးတွေ ပေးခဲ့ရတယ်လို့ ဝေဖန်မှုတွေထွက်ပေါ်နေပြီး ပရိသတ်တချို့ကတော့ ဟန်ဒါဆန်ကို ပွဲထွက်ခွင့်ပိုပေးသင့်တယ်လို့ တောင်းဆိုနေကြပါပြီ။

ယူနိုက်တက်အသင်းဟာ အခုအင်္ဂါနေ့မှာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ အဲဒီပွဲမှာ ဒီဂီယာအစား ဟန်ဒါဆန်ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုသွားဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီဂီယာကို ဖိအားေပးဖို႔အတြက္ ႐ိုမဲ႐ိုးကို လူစာရင္းမွာျပန္ထည့္ခဲ့တဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားဟာ အမွားမ်ားေနတဲ့ နံပါတ္(၁)ဂိုး ဒီဂီယာအတြက္ ဖိအားျဖစ္ေစဖို႔ ႐ိုမဲ႐ိုးကို အသင္းရဲ႕ ပရီးမီးယားလိဂ္လူစာရင္းမွာ ျပန္လည္ထည့္သြင္းလိုက္ၿပီျဖစ္ပါတယ္။ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အာဂ်င္တီးနားဂိုးသမား ႐ိုမဲ႐ိုးဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ တစ္ပြဲမွကစားခြင့္မရေသးဘဲ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕တုန္းက အသင္းေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အထမေျမာက္ခဲ့ပါဘူး။

အခုေလာေလာဆယ္မွာ ယူႏိုက္တက္ဂိုးသမား ဒီဂီယာဟာ စြမ္းေဆာင္ရည္က်ဆင္းေနၿပီး အမွားက်ဴးလြန္မႈေၾကာင့္ ေပးဂိုးအမ်ားဆုံး ဂိုးသမားစာရင္းမွာ ပစ္ဖို႔ဒ္ (အဲဗာတန္-၆ဂိုး)၊ ဒူဘရက္ကာ (နယူးကာဆယ္-၅ဂိုး)တို႔ေနာက္ တတိယအမ်ားဆုံးအျဖစ္ ရပ္တည္ေနပါတယ္။

အဲဒါေၾကာင့္ ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားဟာ ဒီဂီယာနဲ႔ က်န္တဲ့ဂိုးသမားေတြၾကားမွာ အၿပိဳင္အဆိုင္ျဖစ္ေစဖို႔ ႐ိုမဲ႐ိုးကို အသင္းလူစာရင္းမွာ ျပန္လည္ထည့္သြင္းခဲ့တာျဖစ္ၿပီး အဲဒီမတိုင္ခင္ ဒီဂီယာကိုလည္း သတိေပးစကားဆိုခဲ့ပါေသးတယ္။ ဆိုးလ္ရွားက “အသင္းက ကစားသမားတိုင္းဟာ ပြဲထြက္ခြင့္တစ္ေနရာရဖို႔အတြက္ ပုံမွန္ႀကိဳးစားအားထုတ္ဖို႔လိုပါတယ္။ ဒီအသင္းမွာ ကစားသမားတစ္ဦးအတြက္ အၿမဲတမ္းပြဲထြက္ခြင့္ရမယ္ဆိုတဲ့ အာမခံခ်က္မရွိဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ အၿပိဳင္အဆိုင္ႀကိဳးစားမွျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာပါ။

ၿပီးခဲ့တဲ့စေနေန႔က ကစားခဲ့တဲ့ အဲဗာတန္အသင္းနဲ႔(၃)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ဒီဂီယာရဲ႕ အမွားတခ်ိဳ႕ေၾကာင့္ မေပးသင့္တဲ့ဂိုးေတြ ေပးခဲ့ရတယ္လို႔ ေဝဖန္မႈေတြထြက္ေပၚေနၿပီး ပရိသတ္တခ်ိဳ႕ကေတာ့ ဟန္ဒါဆန္ကို ပြဲထြက္ခြင့္ပိုေပးသင့္တယ္လို႔ ေတာင္းဆိုေနၾကပါၿပီ။ ယူႏိုက္တက္အသင္းဟာ အခုအဂၤါေန႔မွာ FA ဖလား ပၪၥမအဆင့္ပြဲစဥ္အျဖစ္ ဝက္စ္ဟမ္းအသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ဆိုးလ္ရွားအေနနဲ႔ အဲဒီပြဲမွာ ဒီဂီယာအစား ဟန္ဒါဆန္ကို ပြဲထြက္ဂိုးသမားအျဖစ္ အသုံးျပဳသြားဖို႔ရွိေနပါတယ္။