ဒီဂီယာကို ဒင်းဟန်ဒါဆန်နဲ့အစားထိုးဖို့က စောလွန်းသေးကြောင်း ရှမိုက်ကယ်သတိပေး

photo-goal

photo-REX

ဦးစားပေးဂိုးသမားနေရာအတွက် ဒီဂီယာကို ဒင်းဟန်ဒါဆန်စိန်ခေါ်နိုင်မလားဆိုတာကို စဉ်းစားဖို့က စောလွန်းနေသေးကြောင်း မန်ယူဂန္ထဝင်ဂိုးသမားပီတာရှမိုက်ကယ်က ကလပ်ကို သတိပေးလိုက်ပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ဒင်းဟန်ဒါဆန်ဟာ ၂ နှစ်ကြာအငှားသွားရောက်ကစားနေတဲ့ ရှက်ဖီးယူနိုက်တက်မှာ အထူးလက်စွမ်းပြနေတာကြောင့် လာမယ့်ရာသီရောက်ရင် မကြာသေးခင်နှစ်တွေအတွင်း အမှားတွေရှိလာတဲ့ဒီဂီယာနဲ့ အစားထိုးသင့်တယ်ဆိုတဲ့ ပရိသတ်အချို့ရဲ့တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

photo-EPA

ဒါကြောင့် မိခင်ကလပ်ဖြစ်တဲ့မန်ယူအနေနဲ့လည်း လာမယ့်ရာသီမတိုင်ခင် ဒင်းဟန်ဒါဆန်ရဲ့အနာဂါတ်အတွက် ဆုံးဖြတ်ချက်ကြီးတစ်ခု လုပ်ရတော့မှာပါ။ မန်ယူသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ရှမိုက်ကယ်ရဲ့အမြင်မှာတော့ ဒင်းဟန်ဒါဆန်ရဲ့အရည်အသွေးကို သံသယမရှိပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ဒီဂီယာကြုံခဲ့ရတဲ့ဖိအားမျိုး အဲဒီအင်္ဂလန်ဂိုးသမားလေးမှာ မရှိသေးဘူးလို့ ယုံကြည်နေတာပါ။

photo-daily mail

”ဟန်ဒါဆန်ရဲ့အလားအလာကို သံသယဝင်စရာမလိုပါဘူး။ ဒါပေမဲ့ သူဟာ ပရီးမီးယားလိဂ်မှာ မယုံနိုင်ဖွယ်ရာဖြတ်သန်းမှုတစ်ခုရှိထားတဲ့ကလပ်တစ်ခုမှာ တစ်ရာသီသာရှိသေးတာပါ။ နောက်ထပ်နောက်ထပ်ရာသီတွေမှာလည်း သူသက်သေပြနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒါမှာ သူဟာ မှန်ကန်တဲ့သူဆိုတာ အားလုံးက ယုံကြည်သွားကြမှာပါ။ ဘရာမောလိန်း(ရှက်ဖီးယူအိမ်ကွင်း)က နံပါတ် ၁ ဖြစ်ရတာနဲ့ အိုးလ်ထရက်ဖို့ဒ်က နံပါတ် ၁ ဖြစ်ရတာဟာ တကယ်တမ်းမှာ အများကြီးကွာခြားပါတယ်။ အဲဒီနှစ်သင်းကကစားသမားတစ်ယောက်အဖြစ် ဆိုရင်တောင်မှပေါ့လေ။ နာမည်ကြီးလာမှုနဲ့အတူ အိုးလ်ထရက်ဖို့ဒ်ကိုရောက်လာကြပြီး တကယ်တမ်းမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့သူများစွာကိုလည်း ကျွန်တော်တွေ့ခဲ့ပြီးပါပြီ။ ဒါက ရှင်းရှင်းလေးပါပဲ။ အိုးလ်ထရက်ဖို့ဒ်က ဖိအားက တခြားနဲ့တူမှ မတူတာ”လို့ ပီတာရှမိုက်ကယ်က ပြောခဲ့တာပါ။

[Zawgyi]

ဒီဂီယာကို ဒင္းဟန္ဒါဆန္နဲ႔အစားထုိးဖုိ႔က ေစာလြန္းေသးေၾကာင္း ရွမိုက္ကယ္သတိေပး

ဦးစားေပးဂိုးသမားေနရာအတြက္ ဒီဂီယာကို ဒင္းဟန္ဒါဆန္စိန္ေခၚႏိုင္မလားဆုိတာကို စဥ္းစားဖုိ႔က ေစာလြန္းေနေသးေၾကာင္း မန္ယူဂႏၳ၀င္ဂိုးသမားပီတာရွမိုက္ကယ္က ကလပ္ကို သတိေပးလုိက္ပါတယ္။ အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ဒင္းဟန္ဒါဆန္ဟာ ၂ ႏွစ္ၾကာအငွားသြားေရာက္ကစားေနတဲ့ ရွက္ဖီးယူႏိုက္တက္မွာ အထူးလက္စြမ္းျပေနတာေၾကာင့္ လာမယ့္ရာသီေရာက္ရင္ မၾကာေသးခင္ႏွစ္ေတြအတြင္း အမွားေတြရွိလာတဲ့ဒီဂီယာနဲ႔ အစားထုိးသင့္တယ္ဆိုတဲ့ ပရိသတ္အခ်ိဳ႕ရဲ႕ေတာင္းဆုိမႈေတြ ရွိလာခဲ့ပါတယ္။

ဒါေၾကာင့္ မိခင္ကလပ္ျဖစ္တဲ့မန္ယူအေနနဲ႔လည္း လာမယ့္ရာသီမတိုင္ခင္ ဒင္းဟန္ဒါဆန္ရဲ႕အနာဂါတ္အတြက္ ဆုံးျဖတ္ခ်က္ႀကီးတစ္ခု လုပ္ရေတာ့မွာပါ။ မန္ယူသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ ရွမိုက္ကယ္ရဲ႕အျမင္မွာေတာ့ ဒင္းဟန္ဒါဆန္ရဲ႕အရည္အေသြးကို သံသယမရွိေပမယ့္ အိုးလ္ထရက္ဖုိ႔ဒ္မွာ ဒီဂီယာႀကဳံခ့ဲ့ရတဲ့ဖိအားမ်ိဳး အဲဒီအဂၤလန္ဂိုးသမားေလးမွာ မရွိေသးဘူးလုိ႔ ယုံၾကည္ေနတာပါ။

”ဟန္ဒါဆန္ရဲ႕အလားအလာကို သံသယ၀င္စရာမလုိပါဘူး။ ဒါေပမဲ့ သူဟာ ပရီးမီးယားလိဂ္မွာ မယုံႏိုင္ဖြယ္ရာျဖတ္သန္းမႈတစ္ခုရွိထားတဲ့ကလပ္တစ္ခုမွာ တစ္ရာသီသာရွိေသးတာပါ။ ေနာက္ထပ္ေနာက္ထပ္ရာသီေတြမွာလည္း သူသက္ေသျပႏိုင္ဖုိ႔ လိုအပ္ပါလိမ့္မယ္။ အဲဒါမွာ သူဟာ မွန္ကန္တဲ့သူဆုိတာ အားလုံးက ယုံၾကည္သြားၾကမွာပါ။ ဘရာေမာလိန္း(ရွက္ဖီးယူအိမ္ကြင္း)က နံပါတ္ ၁ ျဖစ္ရတာနဲ႔ အုိးလ္ထရက္ဖို႔ဒ္က နံပါတ္ ၁ ျဖစ္ရတာဟာ တကယ္တမ္းမွာ အမ်ားႀကီးကြာျခားပါတယ္။ အဲဒီႏွစ္သင္းကကစားသမားတစ္ေယာက္အျဖစ္ ဆုိရင္ေတာင္မွေပါ့ေလ။ နာမည္ႀကီးလာမႈနဲ႔အတူ အိုးလ္ထရက္ဖို႔ဒ္ကိုေရာက္လာၾကၿပီး တကယ္တမ္းမွာ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ခဲ့သူမ်ားစြာကိုလည္း ကၽြန္ေတာ္ေတြ႕ခဲ့ၿပီးပါၿပီ။ ဒါက ရွင္းရွင္းေလးပါပဲ။ အိုးလ္ထရက္ဖုိ႔ဒ္က ဖိအားက တျခားနဲ႔တူမွ မတူတာ”လို႔ ပီတာရွမိုက္ကယ္က ေျပာခဲ့တာပါ။