ဒီဂီယာကိုပွဲမထုတ်တဲ့ အကြောင်းရှင်းပြလာတဲ့ နည်းပြဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီးနောက်မှာတော့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံမှာ သုံးပွဲဆက် ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။ ယမန်နေ့က ပွဲမှာ ဂိုးသမားဒီဂီယာမပါဝင်နိုင်ခဲ့တာဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဖြစ်တယ်ဆိုပြီး ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ပြောပါတယ်။ ဒီဂီယာ မထွက်နိုင်လို့ ဟန်ဒါဆန်တစ်ယောက် အခွင့်အရေးရခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက“ဒီဂီယာဟာကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်အသင်းပွဲစဉ်ကို မပါဝင် နိုင်တာပါ။ ဒီဂီယာဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာ ကျွန်တော်ပြန်ပြောမှာပါ။” “ယူနိုက်တက် ဂိုးသမားဆိုတာ အာရုံစူးစိုက်မှုတွေအမြဲတမ်း ရှိထားရပါမယ်။ အခုပြီးခဲ့တဲ့ပွဲမှာ ဟန်ဒါဆန်ရဲ့လက်စွမ်းပြ ကာကွယ်မှုတွေအတွက် ကျေးဇူးတင်ရှိပါတယ်။” လို့ပြောပါတယ်။

ဂိုးသမား ဟန်ဒါဆန်ဟာ ယခုနှစ်ဘောလုံးရာသီ တွင် ယူနိုက်တက်အတွက်(14)ပွဲအထိပါဝင်ကစားပြီး နောက် Clean Sheet (10)ပွဲအထိရှိခဲ့ပြီး ပေးဂိုးမှာ (7) ဂိုးအထိသာရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေညမှာတော့ မန်ချက်စတာဒါဘီအဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အဝေးကွင်းပွဲစဉ် သွားရောက်ကစားရမှာဖြစ်ပါတယ်။ ဂိုးပေါက်ဆက်တိုက်ပျောက်နေတဲ့ ယူနိုက်တက်ရဲ့ အနေအထားကို ဆက်လက်စောင့်ကြည့်ရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီဂီယာကိုပြဲမထုတ္တဲ့ အေၾကာင္းရွင္းျပလာတဲ့ နည္းျပဆိုးလ္ရွား

ယူႏိုက္တက္အသင္းဟာ ခရစၥတယ္ပဲေလ့စ္အသင္းကို အေဝးကြင္းမွာ ဂိုးမရွိသေရသာ ကစားႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ၿပိဳင္ပြဲစုံမွာ သုံးပြဲဆက္ ဂိုးမရွိသေရက်ခဲ့တာျဖစ္ပါတယ္။ ယမန္ေန႔က ပြဲမွာ ဂိုးသမားဒီဂီယာမပါဝင္ႏိုင္ခဲ့တာဟာသူ႔ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ျဖစ္တယ္ဆိုၿပီး ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားကေျပာပါတယ္။ ဒီဂီယာ မထြက္ႏိုင္လို႔ ဟန္ဒါဆန္တစ္ေယာက္ အခြင့္အေရးရခဲ့ပါတယ္။

နည္းျပဆိုးလ္ရွားက“ဒီဂီယာဟာကိုယ္ေရးကိုယ္တာကိစၥေတြေၾကာင့္အသင္းပြဲစဥ္ကို မပါဝင္ ႏိုင္တာပါ။ ဒီဂီယာဘယ္အခ်ိန္ျပန္ကစားႏိုင္မလဲဆိုတာကြၽန္ေတာ္ျပန္ေျပာမွာပါ။” “ယူႏိုက္တက္ ဂိုးသမားဆိုတာ အာ႐ုံစူးစိုက္မႈေတြအၿမဲတမ္း ရွိထားရပါမယ္။ အခုၿပီးခဲ့တဲ့ပြဲမွာ ဟန္ဒါဆန္ရဲ႕လက္စြမ္းျပ ကာကြယ္မႈေတြအတြက္ ေက်းဇူးတင္ရွိပါတယ္။” လို႔ေျပာပါတယ္။

ဂိုးသမား ဟန္ဒါဆန္ဟာ ယခုႏွစ္ေဘာလုံးရာသီ တြင္ ယူႏိုက္တက္အတြက္(14)ပြဲအထိပါဝင္ကစားၿပီး ေနာက္ Clean Sheet (10)ပြဲအထိရွိခဲ့ၿပီး ေပးဂိုးမွာ (7) ဂိုးအထိသာရွိခဲ့ပါတယ္။ ယူႏိုက္တက္ဟာ လာမယ့္ တနဂၤေႏြညမွာေတာ့ မန္ခ်က္စတာဒါဘီအျဖစ္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းနဲ႔ အေဝးကြင္းပြဲစဥ္ သြားေရာက္ကစားရမွာျဖစ္ပါတယ္။ ဂိုးေပါက္ဆက္တိုက္ေပ်ာက္ေနတဲ့ ယူႏိုက္တက္ရဲ႕ အေနအထားကို ဆက္လက္ေစာင့္ၾကည့္ရေအာင္ပါ။