ဒီကလန်ရိုက်စ် ကို ပေါင်သန်း ၁၀၀ ပေးရင်တောင် ရောင်းမှာမဟုတ်တဲ့ ဝက်စ်ဟမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်စတားဒီကလန်ရိုက်စ်ဟာပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာလက်ရှိအချိန်တွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၃နေရာတွင်ရပ်တည်လာနိုင်မှုနဲ့အတူ ဒီကလန်ရိုက်စ် ကိုထွက်ခွာခွင့်ပေးဖို့အစီအစဉ်မရှိတော့ပါဘူး။

ဝက်စ်ဟမ်းကအသက်၂၂နှစ်ရှိဒီကလန်ရိုက်စ် ကိုအသင်းတွင်ကာလရှည်ကြာထိန်းထားနိုင်မယ်ဆိုပါကအသင်းရဲ့အနာဂတ်တည်ဆောက်မှုတွင်အရေးပါလာမယ်လို့ယုံကြည်နေပါတယ်။

ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူတွေက အသင်းရဲ့အနာဂတ်အစီအစဉ်တွေမှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်က အရေးပါတာကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေက ပေါင်သန်း ၁၀၀ ပေးပြီးခေါ်ရင် တောင် ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့အတွက် မန်စီးတီး၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

တစ်ဖက်တွင်ဒီကလန်ရိုက်စ်ဟာကလပ်ဘက်ကစာချုပ်သစ်နှစ်ကြိမ်ကမ်းလှမ်းမှုကိုပယ်ချထားသူဖြစ်ပြီးလက်ရှိအချိန်တွင်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုပြုလုပ်ကြခြင်းမရှိပါဘူး။

ဒါပေမယ့်စာချုပ်သက်တမ်းမှာသုံးနှစ်တိုင်တိုင်ကျန်နေသေးရာဝက်စ်ဟမ်းအနေနဲ့ ဒီကလန်ရိုက်စ် ရဲ့အနာဂတ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာစိုးရိမ်စရာရှိမနေပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



