“ဒီကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် မက်ဆီအပေါ် ကျွန်တော်ရဲ့ လေးစားမှုက ကင်းမဲ့သွားမှာပေါ့”…အဂူရို

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ်တစ်ဦးဖြစ်ပေမယ့်သူ့ကို အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း လီယွန်နယ် မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ဖို့

အသင်းဘက်က ကမ်းလှမ်းခဲ့ရာမှာ ဘာကြောင့် ပယ်ချခဲ့တယ်ဆိုတဲ့ အကြောင်းကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

သူဟာ မက်ဆီဟာ အာဂျင်တီးနားအသင်းဖော်လည်းဖြစ် အရင်းနှီးဆုံး မိတ်ဆွေလည်းဖြစ်တာကြောင့် မက်ဆီရဲ့ ကျောနံပါတ်ကို ဆက်ခံ ဝတ်ဆင်သွားဖို့ ဆန္ဒမရှိပဲ သူရဲ့သူငယ်ချင်းအပေါ် လေးစားမှုမရှိတဲ့ လုပ်ရက်မျိုး ဖြစ်သွားမှာမလိုလားတာကြောင့် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့တာပါ။

အသက်(၃၃)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မန်စီးတီးအသင်းမှာ ဂန္တဝင်ကစားသမား ဖြစ်ခဲ့တဲ့ အဂူရိုဟာ သူငယ်ချင်းဖြစ်တဲ့ မက်ဆီရှိရာ ဘာစီလိုနာအသင်းကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

သူ့ကို ကမ်းလှမ်းနေတဲ့ ကလပ်အသင်းများစွာထဲကမှ မက်ဆီရှိတဲ့ ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပေမယ့် မထင်မှတ်တဲ့ လာလီဂါရဲ့စည်းမျဉ်းတွေကြောင့် အလှည့်အပြောင်းတွေဖြစ်ပြီး မက်ဆီက ဘာစီလိုနာအသင်းမှာ ဆက်လက်ရှိမနေနိုင်ခဲ့ပဲ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ဘာစီလိုနာကနေ မက်ဆီက မထင်မှတ်ဘဲ ထွက်ခွာသွားခဲ့ရချိန်မှာ ဘာစီလိုနာရဲ့ကျောနံပါတ် (၁၀) ဟာ ပိုင်ရှင်မဲ့လစ်လပ်သွားခဲ့ပါတယ်။

ဒီကျောနံပါတ်ကို အဂူရို၊ ကော်တင်ဟို တို့ကို ဆက်ခံ ဝတ်ဆင်ဖို့ ဘာစီလိုနာအသင်းက ကမ်းလှမ်းခဲ့ပေမယ့် ဒီကစားသမားတွေက ငြင်းဆန်သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဘာစီလိုနာရဲ့ ပါရမီရှင် လူငယ်ကစားသမားလေး အန်ဆူဖာတီကပဲ ဒီကျောနံပါတ်ကို ဝတ်ဆင်သွားဖို့ လက်ခံခဲ့ပါတယ်။

ကစားသမားဘဝနောက်ဆုံးအချိန်တွေမှာ သူငယ်ချင်းဖြစ်သူနဲ့ ကလပ် အသင်းတစ်သင်းထဲမှာ အတူကစားချင်ခဲ့တဲ့ အဂူရိုဟာ ဘာစီလိုနာအသင်းကနေ မက်ဆီ မမျှော်လင့်ပဲ လမ်းခွဲခဲ့ရတဲ့အပေါ် တခြားသူတွေထက် ပိုပြီးစိတ်မကောင်း ဖြစ်ခဲ့ရသူပါပဲ။

သူရဲ့သူငယ်ချင်းဖြစ်သူ အချိန်ကြာမြင့်စွာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၀)ကို ဆက်ခံသွားဖို့ ပယ်ချခဲ့ပေမယ့် (၂၀၀၆ -၂၀၀၈) (၂)ရာသီ မက်ဆီ ဝတ်ဆင်ခဲ့ဘူးတဲ့ ကျောနံပါတ်(၁၉)ကိုသာ ဝတ်ဆင်ဖို့ အဂူရိုက ရွေးချယ်ခဲ့ပါတယ်။

အခု လက်ရှိမှာ အဂူရိုဟာ ခြေသလုံးကြွက်သားဒဏ်ရာ ခံစားနေရပြီး လာမယ့်နိုဝင်ဘာလမှသာ ဘာစီလိုနာအတွက် ပြန်လည်ကစားနိုင်ဖို့ ရှိနေပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi






