ဒိုင်လူကြီးအက်ကင်ဆန်ကို ထုတ်ပယ်ဖို့ လီဗာပူးပရိသတ်တွေ အွန်လိုင်းကမ်ပိန်းတစ်ခု ဖန်တီး

Photo Credit

Photo Credit

လီဗာပူးပရိသတ်တွေဟာ အရေးပါတဲ့နောက်ကျဂိုးတွေ သွင်းယူပေးနေတဲ့တိုက်စစ်မှူး အိုရီဂီရဲ့ပုံတူရုပ်တုကို အန်ဖီးလ်ကွင်းအပြင်ဘက်မှာ ထုဆစ်ထားရှိဖို့ အွန်လိုင်းကနေ ပန်ကြားစာဖန်တီးကာ အများဆန္ဒအရ လက်မှတ်ထိုးတောင်းဆိုခဲ့ပြီးနောက် အခုလည်း Change.org ဝက်ဘ်ဆိုက်ဒ်မှာ ကွင်းလယ်ဒိုင်မာတင်အက်ကင်ဆန်ကို ထုတ်ပယ်ဖို့အတွက် အသနားခံစာတင်နိုင်ရေးအတွက် လက်မှတ်များစုဆောင်းနေကြောင်း သိရပါတယ်။

Photo Credit

လီဗာပူးဟာ စနေညက အက်စ်တွန်ဗီလာအသင်းကို နောက်ကျဂိုးတွေကြောင့် ၁-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာက ထပ်ဆင့်ချန်ပီယံ စီးတီးကို ၆ မှတ်ဆက်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ဘယ်နောက်ခံလူရောဘတ်ဆန်က ၈၇ မိနစ်နဲ့ တိုက်စစ်မှူး မာနေးက ၉၄ မိနစ်တွေမှာ ချေပဂိုးနဲ့အနိုင်ဂိုးတွေ အသီးသီးသွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ အဲဒီပွဲကလည်း အငြင်းပွားစရာတွေ ပေါ်ပေါက်ခဲ့ပြီး အစောပိုင်းမှာ လီဗာပူးတိုက်စစ်မှူး ဖာမီနိုရဲ့ဂိုးသွင်းမှုကို အက်ကင်ဆန်က လူကျွံနေတယ်ဆိုကာ ဂိုးမပေးခဲ့ရတာဖြစ်သလို အကြောင်းပြချက်ကတော့ ဘရာဇီးသားဖာမီနိုရဲ့ချိုင်းကြားက လူကျွံနေတာကြောင့်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

Photo Credit

နောက်ထပ်ထူးဆန်းတာက VAR ပြန်ကြည့်ချိန်မှာတောင် ဖာမီနို Onside အနေအထားမှာရှိနေတယ်ဆိုတာ ပြသတော့မယ့်အရိပ်အယောင်တွေရှိခဲ့ပေမယ့် အက်ကင်ဆန်ကတော့ ဖာမီနိုရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့သူ့ဆုံးဖြတ်ချက်ကို အတည်အဖြစ် ဆက်လက်ချမှတ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ လီဗာပူးပရိသတ်တွေလည်း ပေါက်ကွဲသွားပြီး လူမှုမီဒီယာမှာ ပွတ်လောရိုက်သွားပါတယ်။

Photo Credit

ပွဲအပြီးမှာ လီဗာပူးနည်းပြ ကလော့ပ်က အဆိုပါဖြစ်ရပ်ဟာ ရယ်စရာမဟုတ်ဘဲ တကယ့်ကိုအရေးကြီးကြောင်းနဲ့ မန်နေဂျာဆိုရင် ဘောလုံးပွဲရှုံးတာနဲ့ ရာထူးကနေ ထုတ်ပယ်ခံရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုလည်း လီဗာပူးပရိသတ်တွေက အက်ကင်ဆန်ကို ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖြစ်ကနေ ထုတ်ပယ်ရေးအတွက် အသနားခံစာတင်ဖို့ အွန်လိုင်းမှာ သဘောတူညီကြောင်း လက်မှတ်တွေ လိုက်စုနေပါတယ်။

Photo Credit

စနေ့နှောင်းပိုင်းမှာပဲ အဲဒီလက်မှတ်စုဆောင်းမှုကို ဖန်တီးခဲ့တာဖြစ်ပြီး လက်မှတ်ပေါင်း ၁၅၀၀ ရရှိဖို့ ရည်မှန်းထားကာ အခုဒီသတင်းရေးတဲ့အချိန်အထိ လက်မှတ်ပေါင်း ၁၂၀၀ လောက်ရရှိနေပြီဖြစ်ကာ လက်မှတ် ၁၅၀၀ ပြည့်ရင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။

Photo Credit

Change.org မှာတင်ထားတဲ့အဲဒီသနားခံစာမှာ အက်ကင်ဆန်ကို ထုတ်ပယ်ရေး လို့ ခေါင်းစဉ်တပ်ထားပြီး တကယ်လို့ ဒီအစီအစဉ်ကို သဘောတူလက်ခံရင် လက်မှတ်ထိုးသွားဖို့လည်း တိုက်တွန်းထားပါတယ်။

Photo Credit

Zawgyi

ဒုိင္လူႀကီးအက္ကင္ဆန္ကို ထုတ္ပယ္ဖို႔ လီဗာပူးပရိသတ္ေတြ အြန္လိုင္းကမ္ပိန္းတစ္ခု ဖန္တီး

လီဗာပူးပရိသတ္ေတြဟာ အေရးပါတဲ့ေနာက္က်ဂုိးေတြ သြင္းယူေပးေနတဲ့တုိက္စစ္မွဴး အုိရီဂီရဲ႕ပုံတူ႐ုပ္တုကို အန္ဖီးလ္ကြင္းအျပင္ဘက္မွာ ထုဆစ္ထားရွိဖို႔ အြန္လုိင္းကေန ပန္ၾကားစာဖန္တီးကာ အမ်ားဆႏၵအရ လက္မွတ္ထုိးေတာင္းဆုိခဲ့ၿပီးေနာက္ အခုလည္း Change.org ၀က္ဘ္ဆုိက္ဒ္မွာ ကြင္းလယ္ဒိုင္မာတင္အက္ကင္ဆန္ကို ထုတ္ပယ္ဖို႔အတြက္ အသနားခံစာတင္ႏိုင္ေရးအတြက္ လက္မွတ္မ်ားစုေဆာင္းေနေၾကာင္း သိရပါတယ္။
လီဗာပူးဟာ စေနညက အက္စ္တြန္ဗီလာအသင္းကို ေနာက္က်ဂိုးေတြေၾကာင့္ ၁-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ဒုတိယေနရာက ထပ္ဆင့္ခ်န္ပီယံ စီးတီးကို ၆ မွတ္ဆက္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့ၿပီး ဘယ္ေနာက္ခံလူေရာဘတ္ဆန္က ၈၇ မိနစ္နဲ႔ တုိက္စစ္မွဴး မာေနးက ၉၄ မိနစ္ေတြမွာ ေခ်ပဂိုးနဲ႔အႏိုင္ဂိုးေတြ အသီးသီးသြင္းယူခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ အဲဒီပြဲကလည္း အျငင္းပြားစရာေတြ ေပၚေပါက္ခဲ့ၿပီး အေစာပိုင္းမွာ လီဗာပူးတုိက္စစ္မွဴး ဖာမီႏိုရဲ႕ဂိုးသြင္းမႈကို အက္ကင္ဆန္က လူကၽြံေနတယ္ဆုိကာ ဂိုးမေပးခဲ့ရတာျဖစ္သလုိ အေၾကာင္းျပခ်က္ကေတာ့ ဘရာဇီးသားဖာမီႏိုရဲ႕ခ်ိဳင္းၾကားက လူကၽြံေနတာေၾကာင့္လုိ႔ အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္။
ေနာက္ထပ္ထူးဆန္းတာက VAR ျပန္ၾကည့္ခ်ိန္မွာေတာင္ ဖာမီႏို Onside အေနအထားမွာရွိေနတယ္ဆုိတာ ျပသေတာ့မယ့္အရိပ္အေယာင္ေတြရွိခဲ့ေပမယ့္ အက္ကင္ဆန္ကေတာ့ ဖာမီႏိုရဲ႕ဂိုးကို ခြင့္မျပဳခဲ့တဲ့သူ႕ဆုံးျဖတ္ခ်က္ကို အတည္အျဖစ္ ဆက္လက္ခ်မွတ္ခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ပဲ လီဗာပူးပရိသတ္ေတြလည္း ေပါက္ကြဲသြားၿပီး လူမႈမီဒီယာမွာ ပြတ္ေလာ႐ုိက္သြားပါတယ္။
ပြဲအၿပီးမွာ လီဗာပူးနည္းျပ ကေလာ့ပ္က အဆုိပါျဖစ္ရပ္ဟာ ရယ္စရာမဟုတ္ဘဲ တကယ့္ကိုအေရးႀကီးေၾကာင္းနဲ႔ မန္ေနဂ်ာဆုိရင္ ေဘာလုံးပြဲ႐ႈံးတာနဲ႔ ရာထူးကေန ထုတ္ပယ္ခံရႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အခုလည္း လီဗာပူးပရိသတ္ေတြက အက္ကင္ဆန္ကို ပရီးမီးယားလိဂ္ဒုိင္လူႀကီးအျဖစ္ကေန ထုတ္ပယ္ေရးအတြက္ အသနားခံစာတင္ဖုိ႔ အြန္လုိင္းမွာ သေဘာတူညီေၾကာင္း လက္မွတ္ေတြ လုိက္စုေနပါတယ္။
စေန႔ေႏွာင္းပိုင္းမွာပဲ အဲဒီလက္မွတ္စုေဆာင္းမႈကို ဖန္တီးခ့ဲတာျဖစ္ၿပီး လက္မွတ္ေပါင္း ၁၅၀၀ ရရွိဖုိ႔ ရည္မွန္းထားကာ အခုဒီသတင္းေရးတဲ့အခ်ိန္အထိ လက္မွတ္ေပါင္း ၁၂၀၀ ေလာက္ရရွိေနၿပီျဖစ္ကာ လက္မွတ္ ၁၅၀၀ ျပည့္ရင္ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ထံ တင္ျပသြားမယ္လုိ႔ သိရပါတယ္။
Change.org မွာတင္ထားတဲ့အဲဒီသနားခံစာမွာ အက္ကင္ဆန္ကို ထုတ္ပယ္ေရး လုိ႔ ေခါင္းစဥ္တပ္ထားၿပီး တကယ္လုိ႔ ဒီအစီအစဥ္ကို သေဘာတူလက္ခံရင္ လက္မွတ္ထိုးသြားဖို႔လည္း တုိက္တြန္းထားပါတယ္။