ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်နဲ့ VAR က ရောမဒါဘီပွဲအရသာကို ဖျက်ဆီးခဲ့တယ်လို့ မော်ရင်ဟိုဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က လာဇီယိုနဲ့ရိုးမားအသင်းတို့ကစားခဲ့တဲ့ ရောမဒါဘီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ လာဇီယိုအသင်းကအနိုင်ရခဲ့ပြီး ရိုးမားအသင်းနည်းပြမော်ရင်ဟိုကတော့ ကွင်းလယ်ဒိုင်လူကြီးရဲ့အရည်အသွေးဟာ ဒီလိုပွဲကြီးမျိုးကို,ကိုင်တွယ်သင့်တဲ့အရည်အချင်းမရှိဘူးလို့ ပွဲအပြီးမှာဝေဖန်ပြောဆိုခဲ့ပါတယ်။

ရောမဒါဘီပွဲမှာ လာဇီယိုအသင်းအတွက် ဆာဗစ်က ပွဲအစ(၁၀)မိနစ်မှာပဲ အဖွင့်ဂိုးသွင်းယူခဲ့ပြီး နောက်ထပ်(၁၀)မိနစ်လောက်အကြာမှာပဲ ပတ်ဒရိုက အသင်းဟောင်းဘက်ကို ဂိုးသွင်းယူခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ရိုးမားအသင်းက အီဘာနက်ဇ်က ချေပဂိုးသွင်းယူခဲ့ပေမယ့် ဖိလစ်ပီအန်ဒါဆင်က လာဇီယိုအတွက် တတိယမြောက်ဂိုးသွင်းယူခဲ့ပြီး ရိုးမားအသင်းရဲ့ဒုတိယချေပဂိုးကို ပယ်နယ်တီကနေ ဗာတောက်က သွင်းယူခဲ့ပေမယ့်လည်း

သရေတစ်မှတ်အတွက် လိုအပ်တဲ့ချေပဂိုးမရခဲ့တာကြောင့် မော်ရင်ဟိုရဲ့ ပထမဆုံးရောမဒါဘီပွဲမှာ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီပွဲမှာ ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့သူ မာကိုဂွီဒါဟာ နှစ်သင်းပေါင်းအဝါကတ်(၆)ကြိမ်အထိပြသခဲ့ပြီး မော်ရင်ဟိုက မာကိုဂွီဒါနဲ့ VAR ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာ မော်ရင်ဟိုက “ရောမဒါဘီလို ပွဲကြီးပွဲကောင်းဟာ ဒိုင်လူကြီးနဲ့ VAR ရဲ့ စိတ်ပျက်စရာဆုံးဖြတ်ချက်တွေကြောင့် ကံမကောင်းစွာနဲ့ပဲ ပွဲအရသာပျက်စီးခဲ့ရပါတယ်။

ကျွန်တော်တို့ (၁-၁)ဂိုးဖြစ်သင့်တဲ့အနေအထားပိုင်ဆိုင်ခဲ့ပေမယ့် လာဇီယိုအသင်းကပဲ ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

(လာဇီယိုကွင်းလယ်လူ)လူးကပ်စ်လီဗာ ဒုတိယအဝါမပြခံခဲ့ရတာကလည်း ဒီပွဲအတွက်အဆုံးအဖြတ်ဖြစ်စေတဲ့အချက်ပါပဲ။

ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းဟာ အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။

ပွဲကို လွှမ်းမိုးနိုင်ခဲ့သလို လာဇီယိုအသင်းကိုလည်း ကြီးကြီးမားမားဒုက္ခပေးနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမိနစ်တွေကိုတော့ လာဇီယိုအသင်းက သူတို့လိုချင်တဲ့အတိုင်းဖြစ်အောင် ထိန်းချုပ်သွားခဲ့ပါတယ်။

အဲဒါကလည်း ဒိုင်လူကြီးက လာဇီယိုအသင်းကို မျက်နှာသာပေးခဲ့တာကြောင့်ပါပဲ”လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ပြီးခဲ့တဲ့စီးရီးအေပွဲစဉ်(၄)တုန်းက ဗီရိုနာအသင်းနဲ့ပွဲမှာ ဒီရာသီပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပြီး စီရီးအေနောက်ဆုံး(၃)ပွဲမှာ (၂)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် အခုဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးက နာပိုလီအသင်းနဲ့(၆)မှတ်အထိကွာဟနေပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္နဲ႔ VAR က ေရာမဒါဘီပြဲအရသာကို ဖ်က္ဆီးခဲ့တယ္လို႔ ေမာ္ရင္ဟိုေဝဖန္

မေန႔က လာဇီယိုနဲ႔႐ိုးမားအသင္းတို႔ကစားခဲ့တဲ့ ေရာမဒါဘီပြဲမွာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ လာဇီယိုအသင္းကအႏိုင္ရခဲ့ၿပီး ႐ိုးမားအသင္းနည္းျပေမာ္ရင္ဟိုကေတာ့ ကြင္းလယ္ဒိုင္လူႀကီးရဲ႕အရည္အေသြးဟာ ဒီလိုပြဲႀကီးမ်ိဳးကို,ကိုင္တြယ္သင့္တဲ့အရည္အခ်င္းမရွိဘူးလို႔ ပြဲအၿပီးမွာေဝဖန္ေျပာဆိုခဲ့ပါတယ္။ ေရာမဒါဘီပြဲမွာ လာဇီယိုအသင္းအတြက္ ဆာဗစ္က ပြဲအစ(၁၀)မိနစ္မွာပဲ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ေနာက္ထပ္(၁၀)မိနစ္ေလာက္အၾကာမွာပဲ ပတ္ဒ႐ိုက အသင္းေဟာင္းဘက္ကို ဂိုးသြင္းယူခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ႐ိုးမားအသင္းက အီဘာနက္ဇ္က ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ ဖိလစ္ပီအန္ဒါဆင္က လာဇီယိုအတြက္ တတိယေျမာက္ဂိုးသြင္းယူခဲ့ၿပီး ႐ိုးမားအသင္းရဲ႕ဒုတိယေခ်ပဂိုးကို ပယ္နယ္တီကေန ဗာေတာက္က သြင္းယူခဲ့ေပမယ့္လည္း သေရတစ္မွတ္အတြက္ လိုအပ္တဲ့ေခ်ပဂိုးမရခဲ့တာေၾကာင့္ ေမာ္ရင္ဟိုရဲ႕ ပထမဆုံးေရာမဒါဘီပြဲမွာ ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ အဲဒီပြဲမွာ ကြင္းလယ္ဒိုင္အျဖစ္ေဆာင္႐ြက္ခဲ့သူ မာကိုဂြီဒါဟာ ႏွစ္သင္းေပါင္းအဝါကတ္(၆)ႀကိမ္အထိျပသခဲ့ၿပီး ေမာ္ရင္ဟိုက မာကိုဂြီဒါနဲ႔ VAR ဒိုင္လူႀကီးေတြရဲ႕ဆုံးျဖတ္ခ်က္အေပၚ ေဝဖန္ခဲ့တာပဲျဖစ္ပါတယ္။

ပြဲအၿပီးအင္တာဗ်ဴးမွာ ေမာ္ရင္ဟိုက “ေရာမဒါဘီလို ပြဲႀကီးပြဲေကာင္းဟာ ဒိုင္လူႀကီးနဲ႔ VAR ရဲ႕ စိတ္ပ်က္စရာဆုံးျဖတ္ခ်က္ေတြေၾကာင့္ ကံမေကာင္းစြာနဲ႔ပဲ ပြဲအရသာပ်က္စီးခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ (၁-၁)ဂိုးျဖစ္သင့္တဲ့အေနအထားပိုင္ဆိုင္ခဲ့ေပမယ့္ လာဇီယိုအသင္းကပဲ ဒုတိယဂိုးသြင္းယူခဲ့ပါတယ္။ (လာဇီယိုကြင္းလယ္လူ)လူးကပ္စ္လီဗာ ဒုတိယအဝါမျပခံခဲ့ရတာကလည္း ဒီပြဲအတြက္အဆုံးအျဖတ္ျဖစ္ေစတဲ့အခ်က္ပါပဲ။

ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔အသင္းဟာ အေကာင္းဆုံးကစားႏိုင္ခဲ့တယ္လို႔ထင္ပါတယ္။ ပြဲကို လႊမ္းမိုးႏိုင္ခဲ့သလို လာဇီယိုအသင္းကိုလည္း ႀကီးႀကီးမားမားဒုကၡေပးႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမိနစ္ေတြကိုေတာ့ လာဇီယိုအသင္းက သူတို႔လိုခ်င္တဲ့အတိုင္းျဖစ္ေအာင္ ထိန္းခ်ဳပ္သြားခဲ့ပါတယ္။ အဲဒါကလည္း ဒိုင္လူႀကီးက လာဇီယိုအသင္းကို မ်က္ႏွာသာေပးခဲ့တာေၾကာင့္ပါပဲ”လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ေမာ္ရင္ဟိုရဲ႕ ႐ိုးမားအသင္းဟာ ၿပီးခဲ့တဲ့စီးရီးေအပြဲစဥ္(၄)တုန္းက ဗီ႐ိုနာအသင္းနဲ႔ပြဲမွာ ဒီရာသီပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့ရၿပီး စီရီးေအေနာက္ဆုံး(၃)ပြဲမွာ (၂)ပြဲအထိရႈံးနိမ့္ခဲ့တာေၾကာင့္ အခုဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံးက နာပိုလီအသင္းနဲ႔(၆)မွတ္အထိကြာဟေနၿပီျဖစ္ပါတယ္။