ဒိုင်လူကြီးက ဝီစီ ၃ ကြိမ် မှုတ်ခဲ့တာတောင် ဂရုစိုက်ဟန်မပြလို့ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံလိုက်ရတဲ့ ဖီးလစ်ပီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုနောက်ခံလူဖီးလစ်ပီဟာဒိုင်လူကြီးရဲ့ဝီစီမှုတ်မှုကို သုံးကြိမ်တိုင်တိုင်ဂရုမစိုက်ခဲ့မှုအတွက်အငြင်းပွားဖွယ်ရာအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

မနေ့ညတုန်းကအန်ဖီးလ်တွင်လီဗာပူးအက်သလက်တီကိုအား၂-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပွဲချိန်၁၃မိနစ်မှာဘဲထရန်းအလက်ဇန္ဒားအာနိုးရဲ့တိကျတဲ့ဖြတ်တင်ဘောကနေဂျိုတာကဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက်ထရန်းဟာပွဲချိန်၂၁မိနစ်မှာလီဗာပူးအတွက်ဒုတိယဂိုးအားဆာဒေယိုမာနေးသွင်းနိုင်အောင်ထပ်မံဖန်တီးခဲ့ပါတယ်။

ပွဲချိန်၃၆မိနစ်မှာတော့မာနေးဟာဖီးလစ်ပီရဲ့ဖနောင့်ကိုကန်ခဲ့ခြင်းခံခဲ့ရပါတယ်။

ဒိုင်လူကြီးမက်ကီလီဟာချက်ချင်းပဲဝီစီမှုတ်ခဲ့ပါတယ်။

ဒိုင်လူကြီးဟာအက်သလက်တီကိုနောက်ခံလူကိုသူ့ဆီလာခိုင်းခဲ့ပါတယ်။

ဒါပေမယ့်ဖီးလစ်ပီဟာဒိုင်လူကြီးထံသို့သွားရန်ငြင်းခဲ့ပြီးဒိုင်လူကြီးဟာဝီစီသုံးကြိမ်မှုတ်ပြီးနောက်မှာတော့အနီကတ်ပြထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

ယင်းနောက်မှာတော့မက်ခီလီဟာအသက်၃၂နှစ်ရှိဘရာဇီးနောက်တန်းအစွန်လူကိုတိုက်ရိုက်အနီကတ်ပြထုတ်ပယ်မှုပြုလုပ်ခဲ့ပါတယ်။

အက်သလက်တီကိုကစားသမားများဟာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုစောဒကတက်ခဲ့ကြပေမယ့်မထူးခြားခဲ့ပါဘူး။

ဒုတိယပိုင်းမှာဂျိုတာနှင့်လူးဝစ်ဆွာရက်ဇ်တို့ဂိုးသွင်းခဲ့ကြပေမယ့်လူကျွံနေလို့ဂိုးမရခဲ့ကြဘဲလီဗာပူးက၂-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးဟာအက်သလက်တီကိုနိုင်ပွဲကြောင့်အုပ်စု(ခ)ရဲ့ထိပ်ဆုံးနေရာမှာသက်တောင့်သက်သာနဲ့ထိုင်ပြီးချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။

လီဗာပူးဟာလာမယ့်တနင်္ဂနွေနေ့မှာလန်ဒန်ကွင်းသို့သွားရောက်ပြီးခြေစွာနေတဲ့ဝက်စ်ဟမ်းကိုရင်ဆိုင်ကစားရပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒုိင္လူႀကီးက ၀ီစီ ၃ ႀကိမ္ မႈတ္ခဲ့တာေတာင္ ဂ႐ုစုိက္ဟန္မျပလုိ႔ တုိက္႐ုိက္အနီကတ္နဲ႔ အထုတ္ခံလုိက္ရတဲ့ ဖီးလစ္ပီ

အက္သလက္တီကိုေနာက္ခံလူဖီးလစ္ပီဟာဒိုင္လူႀကီးရဲ႕ဝီစီမႈတ္မႈကို သုံးႀကိမ္တိုင္တိုင္ဂ႐ုမစိုက္ခဲ့မႈအတြက္အျငင္းပြားဖြယ္ရာအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

မေန႔ညတုန္းကအန္ဖီးလ္တြင္လီဗာပူးအက္သလက္တီကိုအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပြဲခ်ိန္၁၃မိနစ္မွာဘဲထရန္းအလက္ဇႏၵားအာႏိုးရဲ႕တိက်တဲ့ျဖတ္တင္ေဘာကေနဂ်ိဳတာကဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။

ယင္းေနာက္ထရန္းဟာပြဲခ်ိန္၂၁မိနစ္မွာလီဗာပူးအတြက္ဒုတိယဂိုးအားဆာေဒယိုမာေနးသြင္းႏိုင္ေအာင္ထပ္မံဖန္တီးခဲ့ပါတယ္။

ပြဲခ်ိန္၃၆မိနစ္မွာေတာ့မာေနးဟာဖီးလစ္ပီရဲ႕ဖေနာင့္ကိုကန္ခဲ့ျခင္းခံခဲ့ရပါတယ္။ဒိုင္လူႀကီးမက္ကီလီဟာခ်က္ခ်င္းပဲဝီစီမႈတ္ခဲ့ပါတယ္။ဒိုင္လူႀကီးဟာအက္သလက္တီကိုေနာက္ခံလူကိုသူ႔ဆီလာခိုင္းခဲ့ပါတယ္။

ဒါေပမယ့္ဖီးလစ္ပီဟာဒိုင္လူႀကီးထံသို႔သြားရန္ျငင္းခဲ့ၿပီးဒိုင္လူႀကီးဟာဝီစီသုံးႀကိမ္မႈတ္ၿပီးေနာက္မွာေတာ့အနီကတ္ျပထုတ္ပယ္ဖို႔ဆုံးျဖတ္လိုက္ပါေတာ့တယ္။

ယင္းေနာက္မွာေတာ့မက္ခီလီဟာအသက္၃၂ႏွစ္ရွိဘရာဇီးေနာက္တန္းအစြန္လူကိုတိုက္႐ိုက္အနီကတ္ျပထုတ္ပယ္မႈျပဳလုပ္ခဲ့ပါတယ္။အက္သလက္တီကိုကစားသမားမ်ားဟာဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုေစာဒကတက္ခဲ့ၾကေပမယ့္မထူးျခားခဲ့ပါဘူး။

ဒုတိယပိုင္းမွာဂ်ိဳတာႏွင့္လူးဝစ္ဆြာရက္ဇ္တို႔ဂိုးသြင္းခဲ့ၾကေပမယ့္လူကြၽံေနလို႔ဂိုးမရခဲ့ၾကဘဲလီဗာပူးက၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

လီဗာပူးဟာအက္သလက္တီကိုႏိုင္ပြဲေၾကာင့္အုပ္စု(ခ)ရဲ႕ထိပ္ဆုံးေနရာမွာသက္ေတာင့္သက္သာနဲ႔ထိုင္ၿပီးခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

လီဗာပူးဟာလာမယ့္တနဂၤေႏြေန႔မွာလန္ဒန္ကြင္းသို႔သြားေရာက္ၿပီးေျခစြာေနတဲ့ဝက္စ္ဟမ္းကိုရင္ဆိုင္ကစားရပါမယ္။