ဒိုင်လူကြီးက မန်ယူဘက်ကို ယိမ်းခဲ့လေသလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးနဲ့ မန်ယူတို့ ဂိုးမရှိသရေကျတဲ့ပွဲမှာ ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီယာနေးက ပထပိုင်းပြီးချိန် ခရာမှုတ်တာကို ၅ စက္ကန့်စောခဲ့လို့ လီဗာပူးအသင်းဘက်က မကျေမနပ်ဖြစ်နေပါတယ်။

မန်ယူဟာ ဒီပွဲမှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာ တို့ရဲ့အပိုင်အခွင့်အရေးတွေလွဲချော်ခဲ့လို့ နစ်နာခဲ့ရပေမယ့် ပထမပိုင်းမှာပိုပြီးခြေစွမ်းပြနိုင်ခဲ့တာက လီဗာပူးဘဲဖြစ်ခဲ့ပါတယ်။ အဲဒီပွဲပထမပိုင်းအတွက် နာကျင်အချိန်ပိုကို ၁ မိနစ်ပေးခဲ့တာပါ။

ဒါပေမယ့်လည်း တီယာနေးက ၅ စက္ကန့်စောပြီး ခရာမှုတ်ခဲ့တဲ့အတွက် လီဗာပူးတို့ ဦးဆောင်ဂိုးရမယ့်အခွင့်အရေး တစ်ရပ်ဆုံးရှုံးခဲ့ရတာပါ။ ဒိုင်လူကီးက ခရာမမှုတ်ခင်မှာ လီဗာပူးတိုက်စစ်မှူး မာနေးဟာ မန်ယူနောက်ခံလူတွေဖြစ်တဲ့ လင်ဒီလော့ဖ်နဲ့ ဝမ်ဘစ်ဆာကာ တို့ကြားထဲကနေပြေးလမ်းပွင့်နေပြီး ဘောလုံးကလည်း သူ့ပြေးလမ်းကြောင်းထဲရောက်ရှိခဲ့တာပါ။

ဒါပေမယ့်လည်း အဲဒီအချိန်မှာ ဒိုင်ကခရာမှုတ်လိုက်တဲ့အတွက် ဘာမှမလုပ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။ ဒိုင်လူကြီးသာ အချိန်အတိအကျခရာမှုတ်ခဲ့မယ်ဆိုရင် မာနေးရဲ့လျင်မြန်မှုကြောင့် လီဗာပူး ဂိုးရသွားနိုင်တဲ့အခြေအနေရှိခဲ့တာပါ။

ဒါကြောင့်လည်း အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ဒီပွဲမှာ ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့တဲ့ ဟန်ဒါဆန်ကကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကအတွက် အသင်းသားတွေမကျေနပ်ကြဘူးလို့ ပွဲအပြီးမှာပြောခဲ့သလို ပထမပိုင်းပြီးချိန်မှာလည်း သူကိုယ်တိုင်ဒိုင်လူကြီး ကိုကွင်းထဲမှာတင်မေးခွန်းထုတ်ခဲ့ပါသေးတယ်။

သူက” မာနေးဂိုးရနိုင်တဲ့အခြေအနေရှိခဲ့လို့ ဒီဆုံးဖြတ်ချက်က ကျေနပ်စရာမရှိပါဘူး။ ထူးဆန်းပါတယ်။ သိပ်ကိုထူးဆန်းပါတယ်။ ဂိုးတကယ်ရနိုင်လားဆိုတာတော့ မသိပေမယ့်ဒိုင်လူကြီးအနေနဲ့ ပွဲချိန်စေ့မှသာ ခရာမှုတ်သင့်တာပေါ့” လို့ပြောခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် လီဗာပူးပရိသတ်တွေကလည်း မကျေနပ်ကြဘဲ အွန်လိုင်းပေါ်ကနေ ဝေဖန်မှုတွေအမျိုးမျိုးလုပ်ခဲ့ကြပါတယ်။

လီဗာပူးအသင်း ပရိသတ်အဖွဲ့တစ်ခုဖြစ်တဲ့ Reds faithful က အဖွဲ့ဝင်တစ်ဦးကဆိုရင် တီယာနေးကို ပွဲပယ်သင့်တယ်လို့တောင် ပြင်းထန်စွာဝေဖန်ခဲ့တာပါ။ သူက” တုန်လှုပ်ခဲ့ရတဲ့ ပွဲပါဘဲ။

တီယာနေးအနေနဲ့ ပထမပိုင်းကို ၆ စက္ကန့်စောပြီးရပ်တန့်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်အတွက် ပွဲပယ်ခံရသင့်ပါတယ်။ တစ်ဦးချင်းရင်ဆိုင်ရမယ့်အခြေအနေ ဖြစ်နေချိန်မှာ ဒီလိုဆုံးဖြတ်လိုက်တာ ကျက်သရေတုံးပါတယ်” လို့တွစ်တာ ကနေရေးသားသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒိုင္လူႀကီးက မန္ယူဘက္ကို ယိမ္းခဲ့ေလသလား

လီဗာပူးနဲ႔ မန္ယူတို႔ ဂိုးမရွိသေရက်တဲ့ပြဲမွာ ကြင္းလယ္ဒိုင္လူႀကီး ေပါလ္တီယာေနးက ပထပိုင္းၿပီးခ်ိန္ ခရာမႈတ္တာကို ၅ စကၠန႔္ေစာခဲ့လို႔ လီဗာပူးအသင္းဘက္က မေက်မနပ္ျဖစ္ေနပါတယ္။ မန္ယူဟာ ဒီပြဲမွာ ဖာနန္ဒက္စ္နဲ႔ ေပါ့ဂ္ဘာ တို႔ရဲ႕အပိုင္အခြင့္အေရးေတြလြဲေခ်ာ္ခဲ့လို႔ နစ္နာခဲ့ရေပမယ့္ ပထမပိုင္းမွာပိုၿပီးေျခစြမ္းျပႏိုင္ခဲ့တာက

လီဗာပူးဘဲျဖစ္ခဲ့ပါတယ္။ အဲဒီပြဲပထမပိုင္းအတြက္ နာက်င္အခ်ိန္ပိုကို ၁ မိနစ္ေပးခဲ့တာပါ။ ဒါေပမယ့္လည္း တီယာေနးက ၅ စကၠန႔္ေစာၿပီး ခရာမႈတ္ခဲ့တဲ့အတြက္ လီဗာပူးတို႔ ဦးေဆာင္ဂိုးရမယ့္အခြင့္အေရး တစ္ရပ္ဆုံးရႈံးခဲ့ရတာပါ။ ဒိုင္လူကီးက ခရာမမႈတ္ခင္မွာ လီဗာပူးတိုက္စစ္မႉး မာေနးဟာ မန္ယူေနာက္ခံလူေတြျဖစ္တဲ့ လင္
ဒီေလာ့ဖ္နဲ႔ ဝမ္ဘစ္ဆာကာ တို႔ၾကားထဲကေနေျပးလမ္းပြင့္ေနၿပီး ေဘာလုံးကလည္း သူ႔ေျပးလမ္းေၾကာင္းထဲေရာက္ရွိခဲ့တာပါ။

ဒါေပမယ့္လည္း အဲဒီအခ်ိန္မွာ ဒိုင္ကခရာမႈတ္လိုက္တဲ့အတြက္ ဘာမွမလုပ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။ ဒိုင္လူႀကီးသာ အခ်ိန္အတိအက်ခရာမႈတ္ခဲ့မယ္ဆိုရင္ မာေနးရဲ႕လ်င္ျမန္မႈေၾကာင့္ လီဗာပူး ဂိုးရသြားႏိုင္တဲ့အေျခအေနရွိခဲ့တာပါ။ ဒါေၾကာင့္လည္း အသင္းေခါင္းေဆာင္ျဖစ္ခဲ့ၿပီး ဒီပြဲမွာ ဗဟိုေနာက္ခံလူအျဖစ္ ကစားခဲ့တဲ့ ဟန္ဒါဆန္ကကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ကအတြက္ အသင္းသားေတြမေက်နပ္ၾကဘူးလို႔ ပြဲအၿပီးမွာေျပာခဲ့သလို ပထမပိုင္းၿပီးခ်ိန္မွာလည္း သူကိုယ္တိုင္ဒိုင္လူႀကီး ကိုကြင္းထဲမွာတင္ေမးခြန္းထုတ္ခဲ့ပါေသးတယ္။

သူက” မာေနးဂိုးရႏိုင္တဲ့အေျခအေနရွိခဲ့လို႔ ဒီဆုံးျဖတ္ခ်က္က ေက်နပ္စရာမရွိပါဘူး။ ထူးဆန္းပါတယ္။ သိပ္ကိုထူးဆန္းပါတယ္။ ဂိုးတကယ္ရႏိုင္လားဆိုတာေတာ့ မသိေပမယ့္ဒိုင္လူႀကီးအေနနဲ႔ ပြဲခ်ိန္ေစ့မွသာ ခရာမႈတ္သင့္တာေပါ့” လို႔ေျပာခဲ့ပါတယ္။ ဒီဆုံးျဖတ္ခ်က္အတြက္ လီဗာပူးပရိသတ္ေတြကလည္း မေက်နပ္ၾကဘဲ အြန္လိုင္းေပၚကေန ေဝဖန္မႈေတြအမ်ိဳးမ်ိဳးလုပ္ခဲ့ၾကပါတယ္။ လီဗာပူးအသင္း ပရိသတ္အဖြဲ႕တစ္ခုျဖစ္တဲ့ Reds faithful ကအဖြဲ႕ဝင္တစ္ဦးကဆိုရင္ တီယာေနးကို ပြဲပယ္သင့္တယ္လို႔ေတာင္ ျပင္းထန္စြာေဝဖန္ခဲ့တာပါ။ သူက” တုန္လႈပ္ခဲ့ရတဲ့ ပြဲပါဘဲ။တီယာေနးအေနနဲ႔ ပထမပိုင္းကို ၆ စကၠန႔္ေစာၿပီးရပ္တန႔္ခဲ့တဲ့ သူ႔ဆုံးျဖတ္ခ်က္အတြက္ ပြဲပယ္ခံရသင့္ပါတယ္။ တစ္ဦးခ်င္းရင္ဆိုင္ရမယ့္အေျခအေန ျဖစ္ေနခ်ိန္မွာ ဒီလိုဆုံးျဖတ္လိုက္တာ က်က္သေရတုံးပါတယ္” လို႔တြစ္တာကေနေရးသားသြားပါတယ္။