
Photo Credit
Photo Credit
ပြီးခဲ့တဲ့တနင်္ဂနွေညက အန်ဖီးလ်မှာ လီဗာပူးကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် ပွဲကစားချိန်အတွင်း အငြင်းပွားဖွယ်ရာတွေဖြစ်ပေါ်ခဲ့သလို ပွဲအပြီးမှာလည်း စီးတီးနည်းပြဂွါဒီယိုလာက ကွင်းထဲကနေထွက်လာတဲ့ ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာကို နှုတ်ခွန်းဆက်ကြိုဆိုခဲ့ပေမယ့် ကာယကံရှင်ဖြစ်သူကတော့ အဲဒီလိုလုပ်တာဟာ ထေ့ငေါ့တာမျိုးမဟုတ်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။
The fourth official's Mic picked up what Pep Guardiola was shouting during his rant 😂 pic.twitter.com/gG4hTcdQAU
— Paxton Lower (@PaxtonRoadLower) November 10, 2019
Video Credit
စီးတီးဟာ အဲဒီပွဲမှာ ဖာဘင်ညို၊ ဆာလာနဲ့ မာနေးတို့ရဲ့ဂိုးတွေကြောင့် ဂိုးပြတ်အရေးနိမ့်သွားခဲ့ပြီးနောက် ၃နှစ်အမှတ်ပေးချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်နည်းသွားခဲ့ရပြီး လီဗာပူးက လက်စတာနဲ့ချဲလ်ဆီးတို့ထက် ၈မှတ်အသာရနေသလို အဆင့် ၄နေရာရောက်သွားတဲ့ လက်ရှိချန်ပီယံစီးတီးကိုလည်း ၉မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။
Photo Credit
စီးတီးဟာ ပွဲချိန်အစောပိုင်းမှာ ဖာဘင်ညိုရဲ့အဝေးကန်ချက်ကနေ ဦးဆောင်ဂိုးမပေးရခင် အဲဒီဂိုးအတွက် Build-up လုပ်ရာမှာ လီဗာပူးအသင်းပင်နယ်တီဧရိယာအတွင်း အိမ်ရှင်နောက်ခံလူ အာနိုးလ် လက်ထိဘောဖြစ်ခဲ့တယ်လို့ စောဒကတက်ခဲ့သလို ဒုတိယပိုင်းမှာလည်း ပင်နယ်တီရဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။
Photo Credit
ဒုတိယပိုင်းမှာ မာနေးရဲ့ဖျက်ထုတ်မှုကြောင့် တိုက်စစ်မှူးစတာလင်း ပင်နယ်တီဧရိယာထဲလဲကျသွားခဲ့သလို နောက်တစ်ကြိမ်မှာလည်း အာနိုးလ် လက်ထိခဲ့တယ်လို့ စီးတီးပရိသတ်တွေ ထင်မှတ်ခဲ့ကြပါတယ်။
Photo Credit
ပွဲသိမ်းခရာမှုတ်အပြီးမှာ ဂွါဒီယိုလာက ကွင်းလယ်ဒိုင် အိုလီဗာနဲ့ စည်းကြပ်ဒိုင်တွေကို ”ကျေးဇူးအများကြီးတင်ပါတယ်”လို့ နှုတ်ဆက်ခဲ့ရာ အများစုက ပွဲကစားချိန်အတွင်းမှာလည်း အာနိုးလ် လက်ထိဘော ၂ကြိမ်ဖြစ်ခဲ့တယ်လို့ လက်ဟန်ခြေဟန်နဲ့ ကွင်းဘေးမှာ ဒိုင်လူကြီးကို စောဒကတက်ခဲ့တဲ့ စပိန်သားအနေနဲ့ ဒိုင်လူကြီးတွေကို ထေ့လိုက်တာဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။
Photo Credit
ဒါပေမဲ့ ပွဲအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက ”အခုလိုကိုယ့်အသင်း ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဒိုင်လူကြီးတွေအကြောင်း ပြောရတာ သိပ်မကောင်းပါဘူး။ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လု့ိ ဒိုင်လူကြီးအကြီးအကဲ မိုက်ခ်ရီလေးကို သွားမေးကြည့်ပါ။ ကျွန်တော့်ကို လာမမေးပါနဲ့။ ဒိုင်လူကြီးတွေကို နှုတ်ခွန်းဆက်တာကလည်း ထေ့ငေါ့တာမျိုးမဟုတ်ပါဘူး”
Which mate is as sarcastic as Pep Guardiola? 🥶 pic.twitter.com/euFqju6mdv
— Soccer AM (@SoccerAM) November 10, 2019
Video Credit
”ဂျီးဆပ်ရဲ့နာကျင်အချိန်ပိုဂိုး VAR ကြည့်ပြီး ငြင်းဆန်ခံခဲ့ရတဲ့ စပါးနဲ့အိမ်ကွင်းပွဲအပြီးမှာလည်း ဒိုင်လူကြီးတွေကို ဒီအတိုင်းပဲပြောခဲ့ပါတယ်။ ပွဲအများစုမှာ ဒိုင်လူကြီးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဒီအတိုင်းပဲပြောလေ့ရှိပါတယ်။ ကံကောင်းပါစေ၊ ကျေးဇူးအများကြီးတင်ပါတယ် စသဖြင့်ပေါ့”လို့ ဂွါဒီယိုလာက ပြောပါတယ်။
Photo Credit
Zawgyi
ဒိုင္လူႀကီးကို ေထ့ေင့ါခဲ့တာမဟုတ္ေၾကာင္း ဂြါဒီယိုလာရွင္းလင္း
ၿပီးခဲ့တဲ့တနဂၤေႏြညက အန္ဖီးလ္မွာ လီဗာပူးကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ ပြဲကစားခ်ိန္အတြင္း အျငင္းပြားဖြယ္ရာေတြျဖစ္ေပၚခဲ့သလုိ ပြဲအၿပီးမွာလည္း စီးတီးနည္းျပဂြါဒီယိုလာက ကြင္းထဲကေနထြက္လာတ့ဲ ကြင္းလယ္ဒိုင္မုိက္ကယ္အိုလီဗာကို ႏႈတ္ခြန္းဆက္ႀကိဳဆုိခဲ့ေပမယ့္ ကာယကံရွင္ျဖစ္သူကေတာ့ အဲဒီလုိလုပ္တာဟာ ေထ့ေငါ့တာမ်ိဳးမဟုတ္ေၾကာင္း ရွင္းလင္းေျပာၾကားသြားပါတယ္။
စီးတီးဟာ အဲဒီပြဲမွာ ဖာဘင္ညိဳ၊ ဆာလာနဲ႔ မာေနးတုိ႔ရဲ႕ဂုိးေတြေၾကာင့္ ဂိုးျပတ္အေရးနိမ့္သြားခဲ့ၿပီးေနာက္ ၃ႏွစ္အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္နည္းသြားခဲ့ရၿပီး လီဗာပူးက လက္စတာနဲ႔ခ်ဲလ္ဆီးတို႔ထက္ ၈မွတ္အသာရေနသလုိ အဆင့္ ၄ေနရာေရာက္သြားတဲ့ လက္ရွိခ်န္ပီယံစီးတီးကိုလည္း ၉မွတ္အထိျဖတ္ထားႏိုင္ခဲ့ပါတယ္။
စီးတီးဟာ ပြဲခ်ိန္အေစာပိုင္းမွာ ဖာဘင္ညိဳရဲ႕အေ၀းကန္ခ်က္ကေန ဦးေဆာင္ဂိုးမေပးရခင္ အဲဒီဂိုးအတြက္ Build-up လုပ္ရာမွာ လီဗာပူးအသင္းပင္နယ္တီဧရိယာအတြင္း အိမ္ရွင္ေနာက္ခံလူ အာႏုိးလ္ လက္ထိေဘာျဖစ္ခဲ့တယ္လုိ႔ ေစာဒကတက္ခဲ့သလုိ ဒုတိယပိုင္းမွာလည္း ပင္နယ္တီရဖုိ႔ ေတာင္းဆုိမႈေတြရွိခဲ့ပါတယ္။ ဒုတိယပိုင္းမွာ မာေနးရဲ႕ဖ်က္ထုတ္မႈေၾကာင့္ တုိက္စစ္မွဴးစတာလင္း ပင္နယ္တီဧရိယာထဲလဲက်သြားခဲ့သလုိ ေနာက္တစ္ႀကိမ္မွာလည္း အာႏိုးလ္ လက္ထိခ့ဲတယ္လုိ႔ စီးတီးပရိသတ္ေတြ ထင္မွတ္ခဲ့ၾကပါတယ္။
ပဲြသိမ္းခရာမႈတ္အၿပီးမွာ ဂြါဒီယိုလာက ကြင္းလယ္ဒိုင္ အိုလီဗာနဲ႔ စည္းၾကပ္ဒုိင္ေတြကို ”ေက်းဇူးအမ်ားႀကီးတင္ပါတယ္”လုိ႔ ႏႈတ္ဆက္ခဲ့ရာ အမ်ားစုက ပြဲကစားခ်ိန္အတြင္းမွာလည္း အာႏိုးလ္ လက္ထိေဘာ ၂ႀကိမ္ျဖစ္ခဲ့တယ္လုိ႔ လက္ဟန္ေျခဟန္နဲ႔ ကြင္းေဘးမွာ ဒုိင္လူႀကီးကို ေစာဒကတက္ခ့ဲတ့ဲ စပိန္သားအေနနဲ႔ ဒိုင္လူႀကီးေတြကို ေထ့လုိက္တာျဖစ္တယ္လုိ႔ ယူဆခဲ့ၾကပါတယ္။
ဒါေပမ့ဲ ပြဲအၿပီးျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေတာ့ ဂြါဒီယိုလာက ”အခုလုိကိုယ့္အသင္း ႐ႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ဒုိင္လူႀကီးေတြအေၾကာင္း ေျပာရတာ သိပ္မေကာင္းပါဘူး။ ျဖစ္ပ်က္ခဲ့တာေတြနဲ႔ပတ္သက္လု႔ိ ဒိုင္လူႀကီးအႀကီးအကဲ မုိက္ခ္ရီေလးကို သြားေမးၾကည့္ပါ။ ကၽြန္ေတာ့္ကို လာမေမးပါနဲ႔။ ဒိုင္လူႀကီးေတြကို ႏႈတ္ခြန္းဆက္တာကလည္း ေထ့ေငါ့တာမ်ိဳးမဟုတ္ပါဘူး”
”ဂ်ီးဆပ္ရဲ႕နာက်င္အခ်ိန္ပိုဂိုး VAR ၾကည့္ၿပီး ျငင္းဆန္ခံခဲ့ရတဲ့ စပါးနဲ႔အိမ္ကြင္းပြဲအၿပီးမွာလည္း ဒုိင္လူႀကီးေတြကို ဒီအတုိင္းပဲေျပာခဲ့ပါတယ္။ ပဲြအမ်ားစုမွာ ဒုိင္လူႀကီးေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို ဒီအတုိင္းပဲေျပာေလ့ရွိပါတယ္။ ကံေကာင္းပါေစ၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ စသျဖင့္ေပါ့”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။