ဒိုင်ရဲ့နာရီကိုတောင် စစ်ဆေးတဲ့ ရော်နယ်ဒို

အသက် ၃၆ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဂျူဗီက ရိုးမားကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၄ ပွဲကစားပြီး သွင်းဂိုး ၂၃ ဂိုးအထိ ရရှိခဲ့ကာ အကောင်းဆုံးပုံစံတွေကို ပြသနေဆဲဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရိုးမားနဲ့ပွဲမှာ ဧရိယာအစွန်နားနောက်မှာ ဘောလုံးရရှိခဲ့ပြီးနောက် ကောင်းကောင်းထိန်းသိမ်းပြခဲ့ကာ ရိုးမားဂိုးသမားပေါလိုပက်ဇ်ရဲ့ ဘယ်ဘက်ထောင့်ကို ညာခြေနဲ့ ကန်သွင်းပြီး ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ဂျူဗင်တပ်က၂-ဝဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူထားပြီးဖြစ်တဲ့ပေါ်တူဂီအသင်းခေါင်းဆောင်ဟာဂိုးလိုင်းနည်းပညာကိုသံသယဝင်ပြီးဒိုင်လူကြီးရဲ့နာရီကိုကြည့်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာရော်နယ်ဒိုရဲ့ကန်ချက်ဟာ အပေါ်ဘားထိပြီး မြေကြီးတွင်တစ်ချက်ခုန်သွားခဲ့ပြီး ရိုးမားကရှင်းထုတ်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သူ့လုပ်ဆောင်ချက်ဟာ ဂိုးဝင်သွားတယ်လို့ယူဆပြီး ဒိုင်လူကြီးကိုနာရီကြည့်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒိုင်လူကြီးဒါနီလီအော်ဆာတိုကလည်း ရော်နယ်ဒိုကိုသူ့ရဲ့ဂိုးလိုင်းနည်းပညာပါ နာရီကိုပြသခဲ့ပါတယ်။ အနှေးပြကွက်များအရ ရော်နယ်ဒိုကန်လိုက်တဲ့ဘောလုံးဟာဂိုးစည်းနဲ့တစ်ကိုက် (သို့မဟုတ်) နှစ်ကိုက်အကွာမှာ ကျခဲ့ကြောင်းတွေ့ရပါတယ်။

ရော်နယ်ဒိုကတော့ အသက် ၄၀ အထိ ကောင်းကောင်းကစားနိုင်ဦးမယ့်ကစားသမားတစ်ယောက်ဆိုပြီး အတော်များများက ယူဆထားကြပါတယ်။ ဂျူဗီရဲ့ ကျောနံပါတ် ၇ ပိုင်ရှင်ဟာ အသင်းအတွက် စီးရီးအေသွင်းဂိုး ၁၆ ဂိုးအထိ ရရှိခဲ့ပြီးဖြစ်ပါတယ်။

ဂျူဗင်တပ်အနေနဲ့ ဒီရာသီမှာ မီလန်မြို့ခံနှစ်သင်းဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်တို့နဲ့ အပြိုင်အဆိုင်ဖြစ်နေပြီး အဆိုပါနှစ်သင်းက အမှတ်ပေးဇယားအဆင့် ၁ နဲ့ ၂ နေရာတွေမှာ ရပ်တည်နေပါတယ်။ဂျူဗီတို့ကတော့ ရော်နယ်ဒိုကိုသာ အားကိုးရဖွယ်ရှိနေပါတယ်။

Zawgyi

ဒိုင္ရဲ႕နာရီကိုေတာင္ စစ္ေဆးတဲ့ ေရာ္နယ္ဒို

အသက္ ၃၆ ႏွစ္ျပည့္ခဲ့ၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ဂ်ဴဗီက ႐ိုးမားကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အႏိုင္ဂိုးတစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၂၄ ပြဲကစားၿပီး သြင္းဂိုး ၂၃ ဂိုးအထိ ရရွိခဲ့ကာ အေကာင္းဆုံးပုံစံေတြကို ျပသေနဆဲျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ႐ိုးမားနဲ႔ပြဲမွာ ဧရိယာအစြန္နားေနာက္မွာ ေဘာလုံးရရွိခဲ့ၿပီးေနာက္ ေကာင္းေကာင္းထိန္းသိမ္းျပခဲ့ကာ ႐ိုးမားဂိုးသမားေပါလိုပက္ဇ္ရဲ႕ ဘယ္ဘက္ေထာင့္ကို ညာေျခနဲ႔ ကန္သြင္းၿပီး ဦးေဆာင္ဂိုးရယူေပးႏိုင္ခဲ့ပါတယ္။ဂ်ဴဗင္တပ္က၂-ဝဂိုးနဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူထားၿပီးျဖစ္တဲ့ေပၚတူဂီအသင္းေခါင္းေဆာင္ဟာဂိုးလိုင္းနည္းပ ညာကိုသံသ ယဝင္ၿပီးဒိုင္လူႀကီးရဲ႕နာရီကိုၾကည့္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာေရာ္နယ္ဒိုရဲ႕ကန္ခ်က္ဟာအေပၚဘားထိၿပီးေျမႀကီးတြင္တစ္ခ်က္ခုန္သြားခဲ့ၿပီး ႐ိုးမားကရွင္းထုတ္ခဲ့ပါတယ္။ေရာ္နယ္ဒိုကေတာ့ သူ႔လုပ္ေဆာင္ခ်က္ဟာဂိုးဝင္သြားတယ္လို႔ယူဆၿပီးဒိုင္လူႀကီးကိုနာရီၾကည့္ခြင့္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။

ဒိုင္လူႀကီးဒါနီလီေအာ္ဆာတိုကလည္းေရာ္နယ္ဒိုကိုသူ႔ရဲ႕ဂိုးလိုင္းနည္းပညာပါနာရီကိုျပသခဲ့ပါတယ္။အေႏွးျပကြက္မ်ားအရေရာ္နယ္ဒိုကန္လိုက္တဲ့ေဘာလုံးဟာဂိုးစည္းနဲ႔တစ္ကိုက္(သို႔မဟုတ္)ႏွစ္ကိုက္အကြာမွာက်ခဲ့ေၾကာင္းေတြ႕ရပါတယ္။

ေရာ္နယ္ဒိုကေတာ့ အသက္ ၄၀ အထိ ေကာင္းေကာင္းကစားႏိုင္ဦးမယ့္ကစားသမားတစ္ေယာက္ဆိုၿပီး အေတာ္မ်ားမ်ားက ယူဆထားၾကပါတယ္။ ဂ်ဴဗီရဲ႕ ေက်ာနံပါတ္ ၇ ပိုင္ရွင္ဟာ အသင္းအတြက္ စီးရီးေအသြင္းဂိုး ၁၆ ဂိုးအထိ ရရွိခဲ့ၿပီးျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အေနနဲ႔ ဒီရာသီမွာ မီလန္ၿမိဳ႕ခံႏွစ္သင္းျဖစ္တဲ့ ေအစီမီလန္၊ အင္တာမီလန္တို႔နဲ႔ အၿပိဳင္အဆိုင္ျဖစ္ေနၿပီး အဆိုပါႏွစ္သင္းက အမွတ္ေပးဇယားအဆင့္ ၁ နဲ႔ ၂ ေနရာေတြမွာ ရပ္တည္ေနပါတယ္။ဂ်ဴဗီတို႔က​ေတာ့ ေရာ္နယ္ဒိုကိုသာ အားကိုးရဖြယ္ရွိေနပါတယ္။