ဒိုင်နမိုကိဗစ်နဲ့ဘင်ဖီကာတို့ရဲ့ပွဲမှာ အရှက်ရစရာအဖြစ်အပျက်နဲ့ရင်ဆိုင်ခဲ့ရတဲ့ အင်္ဂလန်နာမည်ကျော်ဒိုင်လူကြီးအန်သိုနီတေလာ

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

ပရီးမီးယားလိဂ်နာမည်ကျော်ဒိုင်လူကြီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်သူ အန်သိုနီတေလာဟာ မနေ့က ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတစ်ပွဲဖြစ်တဲ့ ဒိုင်နမိုကိဗ်နဲ့ဘင်ဖီကာတို့ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူခဲ့ပြီး အရှက်ရစရာကောင်းတဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

အဲဒီပွဲက ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပေမယ့် ပြောစရာဖြစ်ခဲ့တာက အန်သိုနီတေလာဟာ ဒိုင်နမိုကိဗစ်ကွင်းလယ်လူဂါမက်ရှ်ကို မှားယွင်းပြီးတော့ အနီကတ်ပြသခဲ့တာပါပဲ။

ပွဲပြီးဖို့ (၁၀)မိနစ်လောက်အလိုမှာ ဂါမက်ရှ်ဟာ ပြိုင်ဘက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အန်သိုနီတေလာက အဝါကတ်ပြပြီး ချက်ချင်းဆိုသလို အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။

ဒါပေမဲ့ ဂါမက်ရှ်ဟာ ပထမတစ်ဝါမထိထားတဲ့အတွက် အန်သိုနီတေလာရဲ့ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့သလို အန်သိုနီတေလာကလည်း သူ့အမှားကို သိသွားတာကြောင့် အနီကတ်အစား အဝါကတ်သာ ပြောင်းလဲပြသခဲ့တာဖြစ်ပါတယ်။

အသက်(၄၂)နှစ်အရွယ်ရှိပြီဖြစ်သူ အန်သိုနီတေလာဟာ ပရီးမီးယားလိဂ်မှာ ၂၀၁၀ ခုနှစ်ကတည်းက ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးတစ်ဦးဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ယူရို-၂၀၂၀ ပြိုင်ပွဲမှာလည်း အန်သိုနီတေလာက ဒိုင်လူကြီးအဖြစ်ရွေးချယ်ခံခဲ့ရသလို ဒိန်းမတ်နဲ့ဖင်လန်တို့ကစားခဲ့တဲ့ပွဲမှာ ရုတ်တရက်နှလုံးခုန်ရပ်သွားတဲ့ အဲရစ်ဆင်ကို ဆေးကုသမှုအမြန်ခံယူနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ချီးကျူးတာခံခဲ့ရပါတယ်။

ဒါပေမဲ့ အခုပွဲမှာတော့ အန်သိုနီတေလာဟာ စိတ်ပျက်စရာကောင်းတဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ပရိသတ်တွေက “ပရီးမီးယားလိဂ်မှာ ပုံမှန်တာဝန်ထမ်းဆောင်နေတဲ့ ဒိုင်လူကြီးတစ်ယောက်က အခုလို ကြီးမားတဲ့အမှားကျူးလွန်ဖို့လိုလား ..တကယ် မယုံနိုင်ပါဘူး”၊

“ဒီလို ဒိုင်လူကြီးတစ်ယောက်ကို ဘာကြောင့်များ ဘောလုံးပွဲတွေမှာ ဒိုင်လူကြီးအဖြစ်သတ်မှတ်ထားလဲ မသိပါဘူး”စသဖြင့် ဝေဖန်ရေးသားခဲ့ကြပါတယ်။

အင်္ဂလန်နာမည်ကျော်ဒိုင်လူကြီးတွေအနေနဲ့ အခုလိုမျိုး အရှက်ရစရာဆုံးဖြတ်ချက်တွေချမှတ်ခဲ့တာ ဟိုးအရင်ကတည်းကဖြစ်ပြီး နာမည်ကျော်ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်သူ ဂရေဟမ်ပူးလ်ဟာ

၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ခရိုအေးရှားနဲ့သြစတြေးလျတို့ကစားတဲ့ပွဲမှာ ခရိုအေးရှားနောက်ခံလူဆီမြူနစ်ကို အဝါကတ်(၃)ကြိမ်အထိပြပြီးမှ အနီကတ်ပြသခဲ့တာကြောင့် အကြီးအကျယ်ဝေဖန်ခံခဲ့ရဖူးပါတယ်။

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

zawgyi

ဒိုင္နမိုကိဗစ္နဲ႔ဘင္ဖီကာတို႔ရဲ႕ပြဲမွာ အရွက္ရစရာအျဖစ္အပ်က္နဲ႔ရင္ဆိုင္ခဲ့ရတဲ့ အဂၤလန္နာမည္ေက်ာ္ဒိုင္လူႀကီးအန္သိုနီေတလာ

ပရီးမီးယားလိဂ္နာမည္ေက်ာ္ဒိုင္လူႀကီးေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္သူ အန္သိုနီေတလာဟာ မေန႔က ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲတစ္ပြဲျဖစ္တဲ့ ဒိုင္နမိုကိဗ္နဲ႔ဘင္ဖီကာတို႔ပြဲမွာ ကြင္းလယ္ဒိုင္အျဖစ္တာဝန္ယူခဲ့ၿပီး အရွက္ရစရာေကာင္းတဲ့ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ပါတယ္။ အဲဒီပြဲက ဂိုးမရွိသေရနဲ႔ၿပီးဆုံးခဲ့ေပမယ့္ ေျပာစရာျဖစ္ခဲ့တာက အန္သိုနီေတလာဟာ ဒိုင္နမိုကိဗစ္ကြင္းလယ္လူဂါမက္ရွ္ကို မွားယြင္းၿပီးေတာ့ အနီကတ္ျပသခဲ့တာပါပဲ။

ပြဲၿပီးဖို႔ (၁၀)မိနစ္ေလာက္အလိုမွာ ဂါမက္ရွ္ဟာ ၿပိဳင္ဘက္ကစားသမားကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ အန္သိုနီေတလာက အဝါကတ္ျပၿပီး ခ်က္ခ်င္းဆိုသလို အနီကတ္နဲ႔ထုတ္ပယ္ခဲ့ပါတယ္။ ဒါေပမဲ့ ဂါမက္ရွ္ဟာ ပထမတစ္ဝါမထိထားတဲ့အတြက္ အန္သိုနီေတလာရဲ႕ဆုံးျဖတ္ခ်က္ကို ေစာဒကတက္ခဲ့သလို အန္သိုနီေတလာကလည္း သူ႔အမွားကို သိသြားတာေၾကာင့္ အနီကတ္အစား အဝါကတ္သာ ေျပာင္းလဲျပသခဲ့တာျဖစ္ပါတယ္။ အသက္(၄၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အန္သိုနီေတလာဟာ ပရီးမီးယားလိဂ္မွာ ၂၀၁၀ ခုႏွစ္ကတည္းက ဒိုင္လူႀကီးအျဖစ္ေဆာင္႐ြက္ခဲ့သူျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွာ ဖီဖာအသိအမွတ္ျပဳ ဒိုင္လူႀကီးတစ္ဦးျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာလည္း အန္သိုနီေတလာက ဒိုင္လူႀကီးအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရသလို ဒိန္းမတ္နဲ႔ဖင္လန္တို႔ကစားခဲ့တဲ့ပြဲမွာ ႐ုတ္တရက္ႏွလုံးခုန္ရပ္သြားတဲ့ အဲရစ္ဆင္ကို ေဆးကုသမႈအျမန္ခံယူႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ခ်ီးက်ဴးတာခံခဲ့ရပါတယ္။ ဒါေပမဲ့ အခုပြဲမွာေတာ့ အန္သိုနီေတလာဟာ စိတ္ပ်က္စရာေကာင္းတဲ့ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ၿပီး ဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ အြန္လိုင္းေပၚမွာ ပရိသတ္ေတြက “ပရီးမီးယားလိဂ္မွာ ပုံမွန္တာဝန္ထမ္းေဆာင္ေနတဲ့ ဒိုင္လူႀကီးတစ္ေယာက္က အခုလို ႀကီးမားတဲ့အမွားက်ဴးလြန္ဖို႔လိုလား ..တကယ္ မယုံႏိုင္ပါဘူး”၊ “ဒီလို ဒိုင္လူႀကီးတစ္ေယာက္ကို ဘာေၾကာင့္မ်ား ေဘာလုံးပြဲေတြမွာ ဒိုင္လူႀကီးအျဖစ္သတ္မွတ္ထားလဲ မသိပါဘူး”စသျဖင့္ ေဝဖန္ေရးသားခဲ့ၾကပါတယ္။

အဂၤလန္နာမည္ေက်ာ္ဒိုင္လူႀကီးေတြအေနနဲ႔ အခုလိုမ်ိဳး အရွက္ရစရာဆုံးျဖတ္ခ်က္ေတြခ်မွတ္ခဲ့တာ ဟိုးအရင္ကတည္းကျဖစ္ၿပီး နာမည္ေက်ာ္ဒိုင္လူႀကီးေဟာင္းတစ္ဦးျဖစ္သူ ဂေရဟမ္ပူးလ္ဟာ ၂၀၀၆ ကမာၻ႔ဖလားတုန္းက ခ႐ိုေအးရွားနဲ႔ၾသစေၾတးလ်တို႔ကစားတဲ့ပြဲမွာ ခ႐ိုေအးရွားေနာက္ခံလူဆီျမဴနစ္ကို အဝါကတ္(၃)ႀကိမ္အထိျပၿပီးမွ အနီကတ္ျပသခဲ့တာေၾကာင့္ အႀကီးအက်ယ္ေဝဖန္ခံခဲ့ရဖူးပါတယ္။