”ဒိုင်က နေမာရဲ့အော်တိုလက်မှတ် လိုချင်ပုံရတယ်” – လစ်ပ်ဇစ်နည်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လစ်ပ်ဇစ်နည်းပြဂျက်ဆီမက်ချ်က ကွင်းလယ်ဒိုင်အက်ဘက်ဟာ ပီအက်စ်ဂျီကြယ်ပွင့်နေမာဆီကနေ အော်တိုလက်မှတ်လိုချင်ပုံရတယ်လို့ သူတို့နှစ်သင်း ၂-၂ သရေကျခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ စွပ်စွဲလိုက်ပါတယ်။

အဲဒီပွဲရဲ့ပထမပိုင်းမှာ လစ်ပ်ဇစ်နည်းပြဟာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေကို အပြင်းအထန်ကန့်ကွက်ခဲ့လို့ အဝါကတ်ပြသတိပေးခြင်းခံခဲ့ရပါတယ်။

လစ်ပ်ဇစ်ဟာ ပွဲချိန်အစောပိုင်းမှာကတည်းက စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီဘက်က ဝစ်နယ်ဒမ်ရဲ့ ၂ ဂိုးပြန်သွင်းခြင်းကို ခံခဲ့ရပြီး ဆိုဘော့လိုင်ရဲ့နာကျင်အချိန်ပိုပင်နယ်တီကြောင့်သာ အမှတ်ခွဲယူနိုင်ခဲ့တာပါ။

”ဒိုင်တွေက အသင်းငယ်တွေထက် အသင်းကြီးတွေကို ပိုမျက်နှာသာပေးနေတယ်ဗျာ။ ဒိုင်တွေဆီကနေ လေးစားမှုရဖို့က ခက်ပါတယ်။

ကြည့်ရတာ ဒိုင်လူကြီးက နေမာဆီကနေ အော်တိုလက်မှတ်လိုချင်ချင်နေတဲ့ပုံပါပဲ”လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ လစ်ပ်ဇစ်နည်ပြမက်ချ်က ဝေဖန်ခဲ့တာပါ။

အဲဒီပွဲမှာ လစ်ပ်ဇစ်ဟာ အန်ကွန်ကူရဲ့အစောပိုင်းဦးဆောင်ဂိုးအပြီး နောက်ထပ်ဦးဆောင်နိုင်မယ့်အခွင့်အရေးရခဲ့ပေမယ့် အန်ဒီရီဆေးလ်ဗားရဲ့ပင်နယ်တီကန်သွင်းမှုကို အေစီမီလန်ဂိုးသမားဒွန်နာရမ်မာက ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဆိုဘော့လိုင်ကန်တဲ့ပင်နယ်တီကျမှသာ ဒွန်နာရမ်မာဟာ ကာကွယ်နိုင်ခြင်း မရှိခဲ့တာပါ။

ဆိုဘော့လိုင်ကလည်း ပင်နယ်တီကန်ခါနီးမှာ နေမာနဲ့သူပြောခဲ့တာကို အခုလို ဖွင့်ဟခဲ့ပါတယ်။

”မင်း ကန်မှာလားလို့ သူက ကျွန်တော့်ကို မေးပါတယ်။

ဒါပေါ့လို့ ပြန်ဖြေတော့ သေချာသွင်းနိုင်မှာလား ထပ်မေးလို့ ဘယ်တော့မှမလွဲဘူးလို့ သူ့ကို ပြောလိုက်ပါတယ်”လို့ နေမာနဲ့ပြောခဲ့တာကို ဆိုဘော့လိုင်က ဖွင့်ဟခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

”ဒိုင္က ေနမာရဲ႕ေအာ္တိုလက္မွတ္ လိုခ်င္ပုံရတယ္” – လစ္ပ္ဇစ္နည္းျပ

လစ္ပ္ဇစ္နည္းျပဂ်က္ဆီမက္ခ်္က ကြင္းလယ္ဒိုင္အက္ဘက္ဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္ေနမာဆီကေန ေအာ္တိုလက္မွတ္လိုခ်င္ပုံရတယ္လို႔ သူတို႔ႏွစ္သင္း ၂-၂ သေရက်ခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ စြပ္စြဲလိုက္ပါတယ္။

အဲဒီပြဲရဲ႕ပထမပိုင္းမွာ လစ္ပ္ဇစ္နည္းျပဟာ ကြင္းလယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္ေတြကို အျပင္းအထန္ကန႔္ကြက္ခဲ့လို႔ အဝါကတ္ျပသတိေပးျခင္းခံခဲ့ရပါတယ္။

လစ္ပ္ဇစ္ဟာ ပြဲခ်ိန္အေစာပိုင္းမွာကတည္းက စတင္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီဘက္က ဝစ္နယ္ဒမ္ရဲ႕ ၂ ဂိုးျပန္သြင္းျခင္းကို ခံခဲ့ရၿပီး ဆိုေဘာ့လိုင္ရဲ႕နာက်င္အခ်ိန္ပိုပင္နယ္တီေၾကာင့္သာ အမွတ္ခြဲယူႏိုင္ခဲ့တာပါ။

”ဒိုင္ေတြက အသင္းငယ္ေတြထက္ အသင္းႀကီးေတြကို ပိုမ်က္ႏွာသာေပးေနတယ္ဗ်ာ။ ဒိုင္ေတြဆီကေန ေလးစားမႈရဖို႔က ခက္ပါတယ္။ ၾကည့္ရတာ ဒိုင္လူႀကီးက ေနမာဆီကေန ေအာ္တိုလက္မွတ္လိုခ်င္ခ်င္ေနတဲ့ပုံပါပဲ”လို႔ ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ လစ္ပ္ဇစ္နည္ျပမက္ခ်္က ေဝဖန္ခဲ့တာပါ။

အဲဒီပြဲမွာ လစ္ပ္ဇစ္ဟာ အန္ကြန္ကူရဲ႕အေစာပိုင္းဦးေဆာင္ဂိုးအၿပီး ေနာက္ထပ္ဦးေဆာင္ႏိုင္မယ့္အခြင့္အေရးရခဲ့ေပမယ့္ အန္ဒီရီေဆးလ္ဗားရဲ႕ပင္နယ္တီကန္သြင္းမႈကို ေအစီမီလန္ဂိုးသမားဒြန္နာရမ္မာက ကာကြယ္ႏိုင္ခဲ့ပါတယ္။

ပြဲၿပီးခါနီးမွာ ဆိုေဘာ့လိုင္ကန္တဲ့ပင္နယ္တီက်မွသာ ဒြန္နာရမ္မာဟာ ကာကြယ္ႏိုင္ျခင္း မရွိခဲ့တာပါ။ ဆိုေဘာ့လိုင္ကလည္း ပင္နယ္တီကန္ခါနီးမွာ ေနမာနဲ႔သူေျပာခဲ့တာကို အခုလို ဖြင့္ဟခဲ့ပါတယ္။

”မင္း ကန္မွာလားလို႔ သူက ကြၽန္ေတာ့္ကို ေမးပါတယ္။ ဒါေပါ့လို႔ ျပန္ေျဖေတာ့ ေသခ်ာသြင္းႏိုင္မွာလား ထပ္ေမးလို႔ ဘယ္ေတာ့မွမလြဲဘူးလို႔ သူ႔ကို ေျပာလိုက္ပါတယ္”လို႔ ေနမာနဲ႔ေျပာခဲ့တာကို ဆိုေဘာ့လိုင္က ဖြင့္ဟခဲ့တာပါ။