
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဆိုးလ်ရှားနဲ့ ဘာမှအလုပ်မဖြစ်ဘူးဆိုတာ ပရိသတ်တွေအားလုံးလက်ခံထားပေမယ့် မန်ချက်စတာယူနိုက်တက်ပိုင်ရှင်ဂလေဇာမိသားစုကတော့ ဂန္ထဝင်ကစားသမားဆိုတဲ့မျက်နှာကြောင့် ဆိုးလ်ရှားကို ဆက်လက်ဖက်တွယ်နေတဲ့ အကျိုးဆက်ကို မန်ချက်စတာယူနိုက်တက်အသင်း ဆက်တိုက်ခံစားနေရပြီ။
မိနစ်(၆၀)ကျော်တဲ့အထိ ဒီကစားဟန်၊ ဒီကစားကွက်က အလုပ်မဖြစ်ဘူးဆိုတာ သိသိလျက်နဲ့ ဘာမှမပြင်ဆင်ဘဲ ဆိုးလ်ရှားတစ်ယောက် ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေတာကတော့ အံ့အားသင့်စရာပါပဲ။
ယူနိုက်တက်အသင်းဟာ အသင်းကြီးတစ်သင်းဆိုတဲ့အရှိန်အဝါကို အခုထိပြန်မရသေးသလို စီရော်နယ်လ်ဒို၊ ဗာရန်းစတဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေတောင် ယူနိုက်တက်ရောက်မှ ခြေစွမ်းပျက်ချင်သလိုဖြစ်လာတယ်။
ဗီလာလိုအသင်းမျိုးကို ကိုယ့်အိမ်ကွင်း၊ ကိုယ့်ပရိသတ်တွေရှေ့မှာကစားရတာတောင် Dominant မလုပ်နိုင်ဘဲ အယောင်ယောင်အမှားမှားတွေလုပ်ခဲ့တာကတော့ တကယ်စိတ်ပျက်စရာပါပဲ။
ဒဏ်ရာက ပြန်လာပြီးကတည်းက တွမ်မီနေးဟာ ကစားသမားသစ်တစ်ယောက်လိုဖြစ်သွားပြီး အခုမှ ယူနိုက်တက်အသင်းကို စရောက်တဲ့ပုံစံမျိုးနဲ့ ကြောင်တောင်တောင်ဖြစ်နေသလို ဖရက်ဒ်နဲ့ပါ အတွဲအဖက်မမိဖြစ်ခဲ့တယ်။
ဂရင်းဝုဒ်ကလည်း တစ်ကိုယ်ကောင်းဆန်ချင်စိတ်တွေများနေလို့ တခြားတိုက်စစ်ကစားသမားတွေနဲ့ တွဲဖက်ကစားရမယ့်အစား မဖြစ်နိုင်တဲ့အနေအထားတွေကနေ ဂိုးပေါက်ကန်သွင်းခဲ့ပြီး အခွင့်အရေးတွေအများကြီးဖြုန်းတီးခဲ့တယ်။
ပေ့ါဘာကို ဘယ်ခြမ်းထွက်ကစားခိုင်းတာက အရမ်းကို ခန့်မှန်းရလွယ်တဲ့ကစားပုံဖြစ်နေပြီး ပေ့ါဘာက ဘယ်ခြမ်းကနေ Cut Inside လုပ်ပြီးတော့ ဘရူနိုဖာနန်ဒက်စ်နဲ့တွဲဆော့မယ်ဆိုတာ ပြိုင်ဘက်နည်းပြတွေ ကြိုတင်ခန့်မှန်းနိုင်နေပြီဆိုတာ ဆိုးလ်ရှား မသိသေးတဲ့ပုံပါပဲ။
ဒီပွဲမှာ မက်တီကတ်ရှ်နဲ့ မက်ဂင်းတို့ကြောင့် ပေ့ါဘာ ဘာမှမလုပ်နိုင်ဘဲ ပိုဆိုးတာက Overlap တက်လုပ်မယ့် လုခ်ရှော ဒဏ်ရာရသွားလို့ ပထမပိုင်းကတည်းက ဒါလော့တ်နဲ့လူစားလဲခံခဲ့ရပြီး
ဒါလော့တ်က တိုက်စစ်ကစားတဲ့နေရာမှာ သိပ်အကောင်းကြီးမဟုတ်တဲ့အပြင် ပေ့ါဘာနဲ့အချိတ်အဆက်မမိလို့ ယူနိုက်တက်ရဲ့ဘယ်ခြမ်းတိုက်စစ် လုံးဝသေသွားတယ်။
ကွင်းလယ်မှာ ဖရက်ဒ်နဲ့တွမ်မီနေးက သုံးစားမရ၊ ဂရင်းဝုဒ်က တစ်ကိုယ်တော်လူစွမ်းကောင်းလုပ်ဖို့ ကြိုးစား၊ ဘရူနိုဖာနန်ဒက်စ်ကလည်း တောင်ပြေးရမလား၊ မြောက်ပြေးရမလားမသိပုံစံနဲ့ တစ်သင်းလုံးဖြစ်ချင်တိုင်းဖြစ်နေတော့ ဒီလို ရလဒ်ထွက်လာတာက သိပ်တော့မဆန်းပါဘူး။
ပထမပိုင်းကတည်းက ခံစစ်အမှားတွေကြေင့် ဗီလာ ဂိုးရလုနီးပါးဖြစ်ခဲ့ရပြီး ယူနိုက်တက်အသင်းဘက်က မက်ဂွိုင်းယားအပိုင်ခေါင်းတိုက်ချက်ကို ဗီလာဂိုးသမားမာတီနက်ဇ် ကာကွယ်နိုင်ခဲ့သလို တခြားအခွင့်အရေးတွေကိုလည်း လွဲချော်ခဲ့တယ်။
ဒုတိယပိုင်းမှာ မက်ဂွိုင်းယားပါ ထပ်နာသွားတာကြောင့် လင်ဒီလော့ဖ်နဲ့လူစားလဲခဲ့ရတဲ့အတွက် လာမယ့်တစ်ပတ် ချန်ပီယံလိဂ်ကစားဖို့ရှိနေတဲ့ ယူနိုက်တက်အတွက်တော့ ဒုက္ခရောက်ပြီလို့ပဲပြောရတော့မယ်။
(၈၈)မိနစ်မှာ ထောင့်ကန်ဘောကနေ ကာဗာနီ လူကပ်ထားတဲ့ကြားကနေ ဗီလာနောက်ခံလူဟူဆေးက အပိုင်ခေါင်းတိုက်သွားပြီးတော့ ဗီလာအသင်းအတွက် (၃)မှတ်ရစေမယ့်ဂိုးသွင်းယူခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ ၅၀-၅ဝအနေအထားကနေ ယူနိုက်တက်အသင်း ပယ်နယ်တီရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က အပေါ်ထောင်ကန်ခဲ့လို့ ယူနိုက်တက် သရေတစ်မှတ်တောင်မရဘဲ အိမ်ကွင်းမှာ ဗီလာကို အရှုံးပေးခဲ့ရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပယ်နယ်တီ(၂၃)ကြိမ်ကန်တာမှာ ဒုတိယအကြိမ်မြောက်လွဲချော်ခဲ့တာဖြစ်ပြီး ၂၀၂၀၊ အောက်တိုဘာလတုန်းက နယူးကာဆယ်နဲ့ပွဲမှာလည်း ပယ်နယ်တီလွဲချော်ခဲ့ပါတယ်။
ဒီပွဲအနိုင်ရခဲ့တဲ့ ဗီလာအသင်းကတော့ ၂၀၀၉ ဒီဇင်ဘာလနောက်ပိုင်း ယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ်နိုင်ပွဲပြန်ရခဲ့ပြီး ယူနိုက်တက်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄၆)ပွဲမှာ ဒုတိယမြောက် နိုင်ပွဲရယူခဲ့တာပဲဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒိုင္ကူေပးတာေတာင္ သေရတစ္မွတ္မယူႏိုင္ဘဲ အိမ္ကြင္းမွာ ဗီလာကို အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ ယူႏိုက္တက္
ဆိုးလ္ရွားနဲ႔ ဘာမွအလုပ္မျဖစ္ဘူးဆိုတာ ပရိသတ္ေတြအားလုံးလက္ခံထားေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ပိုင္ရွင္ဂေလဇာမိသားစုကေတာ့ ဂႏၴဝင္ကစားသမားဆိုတဲ့မ်က္ႏွာေၾကာင့္ ဆိုးလ္ရွားကို ဆက္လက္ဖက္တြယ္ေနတဲ့ အက်ိဳးဆက္ကို မန္ခ်က္စတာယူႏိုက္တက္အသင္း ဆက္တိုက္ခံစားေနရၿပီ။ မိနစ္(၆၀)ေက်ာ္တဲ့အထိ ဒီကစားဟန္၊ ဒီကစားကြက္က အလုပ္မျဖစ္ဘူးဆိုတာ သိသိလ်က္နဲ႔ ဘာမွမျပင္ဆင္ဘဲ ဆိုးလ္ရွားတစ္ေယာက္ ၾကည့္ေကာင္းေကာင္းနဲ႔ ဆက္ၾကည့္ေနတာကေတာ့ အံ့အားသင့္စရာပါပဲ။ ယူႏိုက္တက္အသင္းဟာ အသင္းႀကီးတစ္သင္းဆိုတဲ့အရွိန္အဝါကို အခုထိျပန္မရေသးသလို စီေရာ္နယ္လ္ဒို၊ ဗာရန္းစတဲ့ ကမာၻ႔အဆင့္ကစားသမားေတြေတာင္ ယူႏိုက္တက္ေရာက္မွ ေျခစြမ္းပ်က္ခ်င္သလိုျဖစ္လာတယ္။
ဗီလာလိုအသင္းမ်ိဳးကို ကိုယ့္အိမ္ကြင္း၊ ကိုယ့္ပရိသတ္ေတြေရွ႕မွာကစားရတာေတာင္ Dominant မလုပ္ႏိုင္ဘဲ အေယာင္ေယာင္အမွားမွားေတြလုပ္ခဲ့တာကေတာ့ တကယ္စိတ္ပ်က္စရာပါပဲ။ ဒဏ္ရာက ျပန္လာၿပီးကတည္းက တြမ္မီေနးဟာ ကစားသမားသစ္တစ္ေယာက္လိုျဖစ္သြားၿပီး အခုမွ ယူႏိုက္တက္အသင္းကို စေရာက္တဲ့ပုံစံမ်ိဳးနဲ႔ ေၾကာင္ေတာင္ေတာင္ျဖစ္ေနသလို ဖရက္ဒ္နဲ႔ပါ အတြဲအဖက္မမိျဖစ္ခဲ့တယ္။ ဂရင္းဝုဒ္ကလည္း တစ္ကိုယ္ေကာင္းဆန္ခ်င္စိတ္ေတြမ်ားေနလို႔ တျခားတိုက္စစ္ကစားသမားေတြနဲ႔ တြဲဖက္ကစားရမယ့္အစား မျဖစ္ႏိုင္တဲ့အေနအထားေတြကေန ဂိုးေပါက္ကန္သြင္းခဲ့ၿပီး အခြင့္အေရးေတြအမ်ားႀကီးျဖဳန္းတီးခဲ့တယ္။
ေပ့ါဘာကို ဘယ္ျခမ္းထြက္ကစားခိုင္းတာက အရမ္းကို ခန႔္မွန္းရလြယ္တဲ့ကစားပုံျဖစ္ေနၿပီး ေပ့ါဘာက ဘယ္ျခမ္းကေန Cut Inside လုပ္ၿပီးေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔တြဲေဆာ့မယ္ဆိုတာ ၿပိဳင္ဘက္နည္းျပေတြ ႀကိဳတင္ခန႔္မွန္းႏိုင္ေနၿပီဆိုတာ ဆိုးလ္ရွား မသိေသးတဲ့ပုံပါပဲ။ ဒီပြဲမွာ မက္တီကတ္ရွ္နဲ႔ မက္ဂင္းတို႔ေၾကာင့္ ေပ့ါဘာ ဘာမွမလုပ္ႏိုင္ဘဲ ပိုဆိုးတာက Overlap တက္လုပ္မယ့္ လုခ္ေရွာ ဒဏ္ရာရသြားလို႔ ပထမပိုင္းကတည္းက ဒါေလာ့တ္နဲ႔လူစားလဲခံခဲ့ရၿပီး ဒါေလာ့တ္က တိုက္စစ္ကစားတဲ့ေနရာမွာ သိပ္အေကာင္းႀကီးမဟုတ္တဲ့အျပင္ ေပ့ါဘာနဲ႔အခ်ိတ္အဆက္မမိလို႔ ယူႏိုက္တက္ရဲ႕ဘယ္ျခမ္းတိုက္စစ္ လုံးဝေသသြားတယ္။
ကြင္းလယ္မွာ ဖရက္ဒ္နဲ႔တြမ္မီေနးက သုံးစားမရ၊ ဂရင္းဝုဒ္က တစ္ကိုယ္ေတာ္လူစြမ္းေကာင္းလုပ္ဖို႔ ႀကိဳးစား၊ ဘ႐ူႏိုဖာနန္ဒက္စ္ကလည္း ေတာင္ေျပးရမလား၊ ေျမာက္ေျပးရမလားမသိပုံစံနဲ႔ တစ္သင္းလုံးျဖစ္ခ်င္တိုင္းျဖစ္ေနေတာ့ ဒီလို ရလဒ္ထြက္လာတာက သိပ္ေတာ့မဆန္းပါဘူး။ ပထမပိုင္းကတည္းက ခံစစ္အမွားေတြေၾကင့္ ဗီလာ ဂိုးရလုနီးပါးျဖစ္ခဲ့ရၿပီး ယူႏိုက္တက္အသင္းဘက္က မက္ဂြိဳင္းယားအပိုင္ေခါင္းတိုက္ခ်က္ကို ဗီလာဂိုးသမားမာတီနက္ဇ္ ကာကြယ္ႏိုင္ခဲ့သလို တျခားအခြင့္အေရးေတြကိုလည္း လြဲေခ်ာ္ခဲ့တယ္။ ဒုတိယပိုင္းမွာ မက္ဂြိဳင္းယားပါ ထပ္နာသြားတာေၾကာင့္ လင္ဒီေလာ့ဖ္နဲ႔လူစားလဲခဲ့ရတဲ့အတြက္ လာမယ့္တစ္ပတ္ ခ်န္ပီယံလိဂ္ကစားဖို႔ရွိေနတဲ့ ယူႏိုက္တက္အတြက္ေတာ့ ဒုကၡေရာက္ၿပီလို႔ပဲေျပာရေတာ့မယ္။
(၈၈)မိနစ္မွာ ေထာင့္ကန္ေဘာကေန ကာဗာနီ လူကပ္ထားတဲ့ၾကားကေန ဗီလာေနာက္ခံလူဟူေဆးက အပိုင္ေခါင္းတိုက္သြားၿပီးေတာ့ ဗီလာအသင္းအတြက္ (၃)မွတ္ရေစမယ့္ဂိုးသြင္းယူခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ ၅၀-၅ဝအေနအထားကေန ယူႏိုက္တက္အသင္း ပယ္နယ္တီရခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္က အေပၚေထာင္ကန္ခဲ့လို႔ ယူႏိုက္တက္ သေရတစ္မွတ္ေတာင္မရဘဲ အိမ္ကြင္းမွာ ဗီလာကို အရႈံးေပးခဲ့ရပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ ပယ္နယ္တီ(၂၃)ႀကိမ္ကန္တာမွာ ဒုတိယအႀကိမ္ေျမာက္လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ၂၀၂၀၊ ေအာက္တိုဘာလတုန္းက နယူးကာဆယ္နဲ႔ပြဲမွာလည္း ပယ္နယ္တီလြဲေခ်ာ္ခဲ့ပါတယ္။ ဒီပြဲအႏိုင္ရခဲ့တဲ့ ဗီလာအသင္းကေတာ့ ၂၀၀၉ ဒီဇင္ဘာလေနာက္ပိုင္း ယူႏိုက္တက္အသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ ပထမဆုံးအႀကိမ္ႏိုင္ပြဲျပန္ရခဲ့ၿပီး ယူႏိုက္တက္နဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၄၆)ပြဲမွာ ဒုတိယေျမာက္ ႏိုင္ပြဲရယူခဲ့တာပဲျဖစ္ပါတယ္။