ဒိုင်ကို ရှူံးမဲမဲ အပြစ်ပြောတဲ့ လီဗာပူးနည်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပထမအကျော့ ပွဲစဉ်မှာတော့ အိမ်ရှင်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးအသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဘယ်တောင်ပံကစားသမားဖြစ်သူ ဗီနီးစီးယပ်ဟာ ပွဲကစားချိန် ၂၇မိနစ်နဲ့ ၆၅မိနစ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

နောက်ထပ် သွင်းဂိုးတစ်ဂိုးကို တော့အဆန်စီယိုက ပွဲကစားချိန် ၃၆မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးအသင်းအတွက် ဂိုးကိုတော့ ပွဲကစားချိန် ၅၁မိနစ်မှာ ဆာလက်က သွင်းယူပေးခဲ့ပါတယ်။

အဲဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင်ဖိလစ် ဘက်လိုက်ခဲ့တယ်လို့ လီဗာပူးနည်းပြကလော့ပ်က စွပ်စွဲပြောဆိုပါတယ်။
အဆန်စီယို ဂိုးမသွင်းခင် စက္ကန့် ၂၀ အလိုမှာ မာနေးကို ဖျက်ထုတ်မှုနဲ့ ပတ်သက်ပြီးပြစ်ဒဏ်ဘောမပေးဘဲ ဆီနီဂေါတိုက်စစ်မှူးကိုသာ အဝါကတ်ပြသခဲ့တဲ့အပေါ် ကလော့ပ်က ဒေါသထွက်ခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က“အဲဒီလိုဖျက်ထုတ်တဲ့ အနေအထားမျိုးမှာ ကွင်းလယ်ဒိုင်က ဘယ်လိုတွေ ဆုံးဖြတ်ခဲ့လည်း ဆိုတာ ကျွန်တော်မသိတော့ပါဘူး။ ဒိုင်က စိတ်ခံစားချက်သက်သက် ဆုံးဖြတ်ချက်မျိုးကို ချခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”

“မာနေးနဲ့ ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က မမျှတပါဘူး။ ကွင်းလယ်ဒိုင်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေက မျှတအဆင်ပြေနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဆာလက်ရဲ့ ဂိုးအတွက်တော့ ကျွန်တော်ဝမ်းသာမိပါတယ်။ ဒါက ဒုတိယအကျော့အတွက် ကျွန်တော်တို့ကို အသက်ဆက်ပေးခဲ့တဲ့ ဂိုးပါပဲ။” လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒိုင္ကို ရႉံးမဲမဲ အျပစ္ေျပာတဲ့ လီဗာပူးနည္းျပ

မေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ လီဗာပူးအသင္းတို႔ရဲ႕ ပထမအေက်ာ့ ပြဲစဥ္မွာေတာ့ အိမ္ရွင္အသင္း ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ လီဗာပူးအသင္းကို ၃-၁ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

အဲဒီပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဘယ္ေတာင္ပံကစားသမားျဖစ္သူ ဗီနီးစီးယပ္ဟာ ပြဲကစားခ်ိန္ ၂၇မိနစ္နဲ႔ ၆၅မိနစ္မွာ အသင္းအတြက္ ႏွစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ေနာက္ထပ္ သြင္းဂိုးတစ္ဂိုးကို ေတာ့အဆန္စီယိုက ပြဲကစားခ်ိန္ ၃၆မိနစ္မွာ သြင္းယူေပးခဲ့ပါတယ္။ လီဗာပူးအသင္းအတြက္ ဂိုးကိုေတာ့ ပြဲကစားခ်ိန္ ၅၁မိနစ္မွာ ဆာလက္က သြင္းယူေပးခဲ့ပါတယ္။

အဲဒီပြဲစဥ္နဲ႔ ပတ္သက္ၿပီး ကြင္းလယ္ဒိုင္ဖိလစ္ ဘက္လိုက္ခဲ့တယ္လို႔ လီဗာပူးနည္းျပကေလာ့ပ္က စြပ္စြဲေျပာဆိုပါတယ္။
အဆန္စီယို ဂိုးမသြင္းခင္ စကၠန႔္ ၂၀ အလိုမွာ မာေနးကို ဖ်က္ထုတ္မႈနဲ႔ ပတ္သက္ၿပီးျပစ္ဒဏ္ေဘာမေပးဘဲ ဆီနီေဂါတိုက္စစ္မႉးကိုသာ အဝါကတ္ျပသခဲ့တဲ့အေပၚ ကေလာ့ပ္က ေဒါသထြက္ခဲ့တာပါ။

လီဗာပူးနည္းျပ ကေလာ့ပ္က“အဲဒီလိုဖ်က္ထုတ္တဲ့ အေနအထားမ်ိဳးမွာ ကြင္းလယ္ဒိုင္က ဘယ္လိုေတြ ဆုံးျဖတ္ခဲ့လည္း ဆိုတာ ကြၽန္ေတာ္မသိေတာ့ပါဘူး။ ဒိုင္က စိတ္ခံစားခ်က္သက္သက္ ဆုံးျဖတ္ခ်က္မ်ိဳးကို ခ်ခဲ့တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္”

“မာေနးနဲ႔ ပတ္သက္ၿပီး ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္က မမွ်တပါဘူး။ ကြင္းလယ္ဒိုင္တစ္ေယာက္ရဲ႕ ဆုံးျဖတ္ခ်က္ေတြက မွ်တအဆင္ေျပေနဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ ဆာလက္ရဲ႕ ဂိုးအတြက္ေတာ့ ကြၽန္ေတာ္ဝမ္းသာမိပါတယ္။ ဒါက ဒုတိယအေက်ာ့အတြက္ ကြၽန္ေတာ္တို႔ကို အသက္ဆက္ေပးခဲ့တဲ့ ဂိုးပါပဲ။” လို႔ ေျပာပါတယ္။