ဒိုင်ဘာလာအနိုင်ဂိုးသွင်းချိန် လူကျွံဘောတောင်းခဲ့တယ်လို့ အချို့ပရိသတ်တွေရဲ့စွပ်စွဲမှုခံနေရတဲ့စီရော်နယ်ဒို

photo-sport bible

photo-gettyimages

လိုကိုမိုးတစ်မော်စကိုကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အင်္ဂါညချန်ပီယံလိဂ်ပွဲစဉ်မှာ စီရော်နယ်ဒိုတစ်ယောက် ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီအပြင် သူ့အသင်းဖော်က အနိုင်ဂိုးသွင်းတာကို လူကျွံဘောတောင်းပြီး တားဆီးဖို့ကြိုးစားခဲ့တယ်လို့တောင် ဆိုရှယ်မီဒီယာပေါ်မှာ တချို့သောပရိသတ်တွေက စွပ်စွဲမှုတွေလုပ်နေကြပါတယ်။ တကယ်လည်း အဲဒီပွဲမှာ ဂျူဗင်တပ်ရဲ့သူရဲကောင်းဖြစ်ခဲ့သူက ဒိုင်ဘာလာဖြစ်ပြီး ၁-၀ ဂိုးနဲ့ရှုံးနေချိန်မှာ အဲဒီအာဂျင်တီးနားသားရဲ့နောက်ကျသွင်းဂိုး ၂ ဂိုးကြောင့် ရှုံးနေရာက ပြန်နိုင်ခဲ့တာပါ။

photo-gettyimages

ဆန်ဒရိုရဲ့ကန်သွင်းချက်ကို လိုကိုမိုးတစ်ဂိုးသမားပုတ်အထုတ် ပြန်ထွက်အလာမှာ အနိုင်ဂိုးရသွားခဲ့တာပါ။ အဲဒီအချိန်က စီရော်နယ်ဒိုဟာ လူကျွံအနေအထားမှာရှိပြီး ဒိုင်ဘာလာဂိုးမသွင်းခင် ဘောလုံးဆီသွားဖို့ လုပ်ခဲ့ပါတယ်။ ဒိုင်ဘာလာဂိုးသွင်းတော့ သူဟာ လိုက်ပါအောင်ပွဲခံခြင်းမရှိဘဲ စည်းကြပ်ဒိုင်ဆီလက်ထောင်ပြခဲ့ပါတယ်။ ဒါဟာ ဂိုးအတွက်လား ဒါမှဟုတ် သူလူကျွံတာကို ပြောချင်တာလား မသိပါဘူး။

photo-social media

သူနဲ့အနီးဆုံးမှာရှိတဲ့အသင်းဖော်က အနိုင်ဂိုးသွင်းပြီး ကွင်းဘေးသွားရောက်အောင်ပွဲခံတာကို လိုက်ပါအောင်ပွဲခံခြင်းမရှိခဲ့လို့ တချို့က အဲဒါကို ဘဝင်မကျဖြစ်နေကြပါတယ်။ တကယ်လည်း စီရော်နယ်ဒိုဟာ ဒိုင်ဘာလာကို သွားရောက်ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့တဲ့ ၇ ယောက်မြောက်အသင်းဖော်သာ ဖြစ်ခဲ့ပါတယ်။ တချို့ကတော့ စီရော်နယ်ဒိုဟာ ဒိုင်ဘာလာ ဟီးရိုးဖြစ်သွားတာကို မနာလိုဖြစ်နေတာလို့ စွပ်စွဲကြပါတယ်။

[Zawgyi]

ဒိုင္ဘာလာအႏိုင္ဂိုးသြင္းခ်ိန္ လူကၽြံေဘာေတာင္းခဲ့တယ္လုိ႔ အခ်ိဳ႕ပရိသတ္ေတြရဲ႕စြပ္စြဲမႈခံေနရတဲ့စီေရာ္နယ္ဒုိ

လိုကိုမိုးတစ္ေမာ္စကိုကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အဂၤါညခ်န္ပီယံလိဂ္ပြဲစဥ္မွာ စီေရာ္နယ္ဒိုတစ္ေယာက္ ဂိုးသြင္းႏိုင္ျခင္း မရွိခဲ့ပါဘူး။ အဲဒီအျပင္ သူ႔အသင္းေဖာ္က အႏိုင္ဂိုးသြင္းတာကို လူကၽြံေဘာေတာင္းၿပီး တားဆီးဖုိ႔ႀကိဳးစားခ့ဲတယ္လို႔ေတာင္ ဆုိရွယ္မီဒီယာေပၚမွာ တခ်ိဳ႕ေသာပရိသတ္ေတြက စြပ္စြဲမႈေတြလုပ္ေနၾကပါတယ္။ တကယ္လည္း အဲဒီပြဲမွာ ဂ်ဴဗင္တပ္ရဲ႕သူရဲေကာင္းျဖစ္ခဲ့သူက ဒိုင္ဘာလာျဖစ္ၿပီး ၁-၀ ဂိုးနဲ႔ရႈံးေနခ်ိန္မွာ အဲဒီအာဂ်င္တီးနားသားရဲ႕ေနာက္က်သြင္းဂိုး ၂ ဂိုးေၾကာင့္ ရႈံးေနရာက ျပန္ႏိုင္ခဲ့တာပါ။

ဆန္ဒရိုရဲ႕ကန္သြင္းခ်က္ကုိ လိုကိုမိုးတစ္ဂိုးသမားပုတ္အထုတ္ ျပန္ထြက္အလာမွာ အႏိုင္ဂိုးရသြားခဲ့တာပါ။ အဲဒီအခ်ိန္က စီေရာ္နယ္ဒိုဟာ လူကၽြံအေနအထားမွာရွိၿပီး ဒုိင္ဘာလာဂိုးမသြင္းခင္ ေဘာလုံးဆီသြားဖို႔ လုပ္ခဲ့ပါတယ္။ ဒိုင္ဘာလာဂိုးသြင္းေတာ့ သူဟာ လုိက္ပါေအာင္ပြဲခံျခင္းမရွိဘဲ စည္းၾကပ္ဒိုင္ဆီလက္ေထာင္ျပခဲ့ပါတယ္။ ဒါဟာ ဂိုးအတြက္လား ဒါမွဟုတ္ သူလူကၽြံတာကို ေျပာခ်င္တာလား မသိပါဘူး။

သူန႔ဲအနီးဆုံးမွာရွိတဲ့အသင္းေဖာ္က အႏိုင္ဂိုးသြင္းၿပီး ကြငး္ေဘးသြားေရာက္ေအာင္ပြဲခံတာကို လုိက္ပါေအာင္ပြဲခံျခင္းမရွိခဲ့လုိ႔ တခ်ိဳ႕က အဲဒါကုိ ဘ၀င္မက်ျဖစ္ေနၾကပါတယ္။ တကယ္လည္း စီေရာ္နယ္ဒိုဟာ ဒုိင္ဘာလာကုိ သြားေရာက္ကြန္ဂရက္က်ဴေလးရွင္းလုပ္ခဲ့တဲ့ ၇ ေယာက္ေျမာက္အသင္းေဖာ္သာ ျဖစ္ခဲ့ပါတယ္။ တခ်ဳိ႕ကေတာ့ စီေရာ္နယ္ဒိုဟာ ဒုိင္ဘာလာ ဟီးရိုးျဖစ္သြားတာကို မနာလိုျဖစ္ေနတာလုိ႔ စြပ္စြဲၾကပါတယ္။