ဒိုင်ဘာလာနဲ့ လူကာကူ ကိုလဲလှယ်ဖို့ နီးစပ်နေပြီလို့ အီတလီမှာသတင်းထွက်ပေါ်

မန်ယူအသင်းနဲ့ ဂျူ ဗင်တပ်အသင်းတို့ဟာ သူတို့ရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူနဲ့ ဒိုင်ဘာလာတို့ကိုလဲလှယ်ဖို့ နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။ Corriere dello Sport ရဲ့ဖော်ပြချက်အရ ကလပ်နှစ်ခုကြားသဘောတူညီချက်ရသွားတဲ့အတွက် အတည်ပြုထုတ်ပြန်ဖို့ဘဲရှိတော့တယ်လို့ ဖော်ပြသွားပါတယ်။

ဂျူ ဗင်တပ်အားကစားဒါရိုက်တာဖြစ်တဲ့ ဖာဘီယိုပါရာတီချီကလည်း ကစားသမားနှစ်ဦးကိုလဲလှယ်ဖို့ဆွေးနွေးနေတယ်လို့ အတည်ပြု သွားပါတယ်။ ပရီးမီးယားလိဂ်အပြောင်းအရွေ့ဈေးကွက်ဟာ လာမယ့်သြဂုတ် ၈ မှာပိတ်သိမ်းမှာဖြစ်လို့ ဒီရက်မတိုင်ခင် အလဲအလှယ်လုပ်နိုင်ဖို့ မန်ယူဘက်ကမျှော်လင့်နေပါတယ်။

လူကာကူဟာ အင်တာမီလန်ကိုပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် မန်ယူဘက်ကအလိုရှိနေတဲ့ပေါင် ၇၅ သန်းကိုပေးချေနိုင်စွမ်းမရှိပါဘူး။ ဒါကြောင့်လည်း လူကာူကိုလက်လွှတ်ရဖို့ရှိနေပါတယ်.။ အင်တာမီလန်အသင်းအမှုဆောင်အရာရှိ ဘက်ပီမာရော့တာက လူကာကူအတွက်ပေါင် ၅၄ သန်းထပ်ပိုပေးမှာမဟုတ်ဖူးလို့ပြောထားလိ့ ဇာတ်လမ်းကပြတ်သလောက်ဖြစ်နတာပါ။

ဒါကြောင့် Corriere dello Sport ကဖော်ပြခဲ့မှုကို ယုံကြည်ရလောက်တဲ့သတင်းအဖြစ် သတ်မှတ်လိုက်ကြတာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ သြဂုတ် ၈ ရက်မတိုင်ခင်မှာ အပြောင်းအရွှေကိုပြု လုပ်သွားဖို့ရှိနေတယ်လို့လည်း ဆိုကြပါတယ်။

လက်ရှိမှာနည်းပြ ဆိုးလ်ရှားဟာ လူကာကူကိုအပြောင်းအရွှေ့အတွက်ဆွေးနွေးခိုင်းထားလို့ လူစာရင်းမှာသူမပါသေးပေမယ့် ရက်အကန့်အသတ်တော့ရှိထားပြီး လာမယ့်ဗုဒ္ဒဟူအနေ့မီနောက်ဆုံးပြောင်းရမှာဖြစ်ပြီး အဲဒီထက်ကျော်သွားရင်တာ့ အသင်းရဲ့လူစာရင်းမှာထည့်သွင်းသွားမယ်လို့ သတိပေးထားပါတယ်။

Unicode

ဒိုင်ဘာလာနဲ့ လူကာကူ ကိုလဲလှယ်ဖို့ နီးစပ်နေပြီလို့ အီတလီမှာသတင်းထွက်ပေ