ဒိုင္ဘာလာကို ေခၚယူၿပီး playmaker အျဖစ္အသုံးျပဳ ဖို႔ စီစဥ္ေနတဲ႔ ဆိုးလ္ရွား

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားဟာ ဂ်ဴ ဗင္တပ္တိုက္စစ္မွဴ း ဒိုင္ဘာလာကိုေခၚယူၿပီး အသင္းရဲ႕  playmaker အျဖစ္အသုံးျပဳ ဖို႔စီစဥ္ေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။ မန္ယူဟာ ဒိုင္ဘာလာကိုေခၚယူဖို႔ အရင္ကတည္းကဆႏၵရွိေနတာျဖစ္ပါတယ္။

ဂ်ဴ ဗင္တပ္ဘက္ကေတာ႔ အဲဒီအာဂ်င္တီးနားသားအတြက္ေပါင္သန္း ၇၀ နဲ႔ ၉၀ ၾကားရမယ္ဆိုရင္ေရာင္းခ်ဖို႔အဆင္သင့္ရွိေနတယ္လို႔ ဆိုပါတယ္။ ဒါေပမယ္႔သူ႔ကိုေခၚယူဖို႔က လူကာကူ ဒါမွမဟုတ္ ေပါ့ဂ္ဘာထြက္သြားမွျဖစ္ႏိုင္ေခ်ရွိေနတာပါ။ ေလာေလာဆယ္မွာ လူကာကူကိုအင္တာမီလန္ကေခၚယူဖို႔လုပ္ေနၿပီး အဆင္ေျပမလားဆိုတာေစာင့္ၾကည့္ရဦးမွာပါ။

မန္ယူအသင္းဟာ ခံစစ္ကစားတဲ႔ၿပိဳင္ဘက္ေတြနဲ႔ ေတြ႔ရင္ထိုးေဖာက္ရခက္ေလ႔ရွိလို႔ ဒိုင္ဘာလာကိုသာ  playmaker အျဖစ္အသုံးျပဳမယ္ဆိုရင္ တိုက္စစ္အတြက္အခြင့္အေရးရႏိုင္မယ္လို႔လည္း ဆိုးလ္ရွားကယုံၾကည္ေနပါတယ္။ သူဟာ  playmaker အျဖစ္သာမက ေနာက္ခ်န္တိုက္စစ္မွဴ းအျဖစ္ပါကစားႏိုင္စြမ္းရွိတဲသူလည္းျဖစ္ပါတယ္။

ဂ်ဴ ဗင္တပ္နည္းျပ ဆာရီဟာဒိုင္ဘာလာကို ပုံမွန္ဂိုးသြင္းေပးႏိုင္တဲ႔တိုက္စစ္မွဴ းအျဖစ္သာရႈ႕ျမင္ထားေပမယ္႔ စီေရာ္နယ္ဒိုကို ေက်ာ္ၿပီးေနရာရဖို႔မလြယ္လို႔ သူ႔အနာဂတ္ကိုအာမခံဖို႔ ျငင္းပယ္ထားပါတယ္။ ကစားသမားကေတာ႔ ၿပီးခဲ့တဲ႔ရာသီမွာ ပုံမွန္ေနရာမရခဲ့ေပမယ္႔ ဆာရီလက္ထက္မွာသူ႔ေမွ်ာ္လင့္ခ်က္ျမင့္တက္လာလို႔ ဆက္ေနဖို႔ဆုံးျဖတ္ဖြယ္ရွိေနပါတယ္။

အသက္ ၂၅ ႏွစ္ရွိတဲ႔ ဒိုင္ဘာလာဟာ ၂၀၁၅ ကပါလာမိုကေနဂ်ဴ ဗင္တပ္ကိုေျပာင္းလာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ၄ ရာသီၾကာကစားခဲ့ရာမွာ စီးရီးေအ ၅၇ ဂိုးသာသြင္းယူထားႏိုင္ၿပီး ထင္သေလာက္ေျခစြမ္းမေပၚေသးတဲ႔သူအျဖစ္ သတ္မွတ္ခံေနရပါတယ္။

Unicode

ဒိုင်ဘာလာကို ခေါ်ယူပြီး playmaker အဖြစ်အသုံးပြု ဖို့ စီစဉ်နေတဲ့ ဆိုးလ်ရှား
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ဂျူ ဗင်တပ်တိုက်စစ်မှူ း ဒိုင်ဘာလာကိုခေါ်ယူပြီး အသင်းရဲ့  playmaker အဖြစ်အသုံးပြု ဖို့စီစဉ်နေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။ မန်ယူဟာ ဒိုင်ဘာလာကိုခေါ်ယူဖို့ အရင်ကတည်းကဆန္ဒရှိနေတာဖြစ်ပါတယ်။

ဂျူ ဗင်တပ်ဘက်ကတော့ အဲဒီအာဂျင်တီးနားသားအတွက်ပေါင်သန်း ၇၀ နဲ့ ၉၀ ကြားရမယ်ဆိုရင်ရောင်းချဖို့အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်သူ့ကိုခေါ်ယူဖို့က လူကာကူ ဒါမှမဟုတ် ပေါ့ဂ်ဘာထွက်သွားမှဖြစ်နိုင်ချေရှိနေတာပါ။ လောလောဆယ်မှာ လူကာကူကိုအင်တာမီလန်ကခေါ်ယူဖို့လုပ်နေပြီး အဆင်ပြေမလားဆိုတာစောင့်ကြည့်ရဦးမှာပါ။

မန်ယူအသင်းဟာ ခံစစ်ကစားတဲ့ပြိုင်ဘက်တွေနဲ့ တွေ့ရင်ထိုးဖောက်ရခက်လေ့ရှိလို့ ဒိုင်ဘာလာကိုသာ  playmaker အဖြစ်အသုံးပြုမယ်ဆိုရင် တိုက်စစ်အတွက်အခွင့်အရေးရနိုင်မယ်လို့လည်း ဆိုးလ်ရှားကယုံကြည်နေပါတယ်။ သူဟာ  playmaker အဖြစ်သာမက နောက်ချန်တိုက်စစ်မှူ းအဖြစ်ပါကစားနိုင်စွမ်းရှိတဲသူလည်းဖြစ်ပါတယ်။

ဂျူ ဗင်တပ်နည်းပြ ဆာရီဟာဒိုင်ဘာလာကို ပုံမှန်ဂိုးသွင်းပေးနိုင်တဲ့တိုက်စစ်မှူ းအဖြစ်သာရှု့မြင်ထားပေမယ့် စီရော်နယ်ဒိုကို ကျော်ပြီးနေရာရဖို့မလွယ်လို့ သူ့အနာဂတ်ကိုအာမခံဖို့ ငြင်းပယ်ထားပါတယ်။ ကစားသမားကတော့ ပြီးခဲ့တဲ့ရာသီမှာ ပုံမှန်နေရာမရခဲ့ပေမယ့် ဆာရီလက်ထက်မှာသူ့မျှော်လင့်ချက်မြင့်တက်လာလို့ ဆက်နေဖို့ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

အသက် ၂၅ နှစ်ရှိတဲ့ ဒိုင်ဘာလာဟာ ၂၀၁၅ ကပါလာမိုကနေဂျူ ဗင်တပ်ကိုပြောင်းလာခဲ့သူဖြစ်ပြီး အသင်းအတွက် ၄ ရာသီကြာကစားခဲ့ရာမှာ စီးရီးအေ ၅၇ ဂိုးသာသွင်းယူထားနိုင်ပြီး ထင်သလောက်ခြေစွမ်းမပေါ်သေးတဲ့သူအဖြစ် သတ်မှတ်ခံနေရပါတယ်။