ဒိုင္ဗင္ထိုးခဲ့လို႔ အ၀ါကတ္ျပသခံခဲ့ရတဲ့ဂ်ိမ္းစ္နဲ႔ပတ္သက္ၿပီး ဆုိးလ္ရွား ဘာေျပာခဲ့လဲ

Photo Credit ; AFP / Getty Images

Photo Credit ; Reuters

ယူႏိုက္တက္အသင္းနည္းျပ ဆုိးလ္ရွားဟာ ၀ုဗ္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ဟန္ေဆာင္ဒိုင္ဗင္ထုိးခဲ့တဲ့အတြက္ေၾကာင့္ အ၀ါကတ္ျပသခံခဲ့ရတ့ဲ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ဘက္က ကာကြယ္မႈေတြျပဳလုပ္သြားခဲ့ပါတယ္။

Photo Credit ; Getty Images

အသက္ ၂၁ႏွစ္အရြယ္ရွိ ေ၀းလ္လက္ေရြးစင္ ဂ်ိမ္းစ္ဟာ ဆြမ္ဆီးအသင္းကေန ေပါင္ ၁၈သန္းနဲ႔ ေရာက္လာၿပီးေနာက္ ၀ုဗ္နဲ႔အေ၀းကြင္းပြဲမွာ အသင္းသစ္အတြက္ ပထမဆုံးပြဲထြက္အျဖစ္ ပါ၀င္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး ညာေတာင္ပံမွာ ကစားခဲ့ေပမယ့္ ပုံမွန္ေျခစြမ္းရဖုိ႔ ႐ုန္းကန္ခဲ့ရကာ လူငယ္တုိက္စစ္မွဴး ေမဆင္ဂရင္း၀ုဒ္နဲ႔ လူစားလဲျခင္းခံခဲ့ရပါတယ္။

Photo Credit ; EPA

ဂ်ိမ္းစ္ဟာ ပြဲအစ ၁၀မိနစ္မွာပဲ ဒုိင္ဗင္ထိုးတယ္လုိ႔ စြပ္စြဲခံခဲ့ရေပမယ့္ ကြင္းလယ္ဒိုင္ဂၽြန္ေမာ့စ္က ျပစ္ဒဏ္ေဘာမေပးသလို အ၀ါကတ္လည္း ျပသျခင္းမရွိခဲ့ပါဘူး။ ဒါေပမဲ့ ပထမပိုင္းမွာပဲ ၀ုဗ္ကြင္းလယ္လူ ေမာ္တင္ညိဳနဲ႔အၿပိဳင္ေျပးရာမွာ ဂ်ိမ္းစ္ ဒိုင္ဗင္ထိုးခဲ့တယ္ဆုိၿပီး ဂၽြန္ေမာ့စ္က သူ႕ကို အ၀ါကတ္ျပသခဲ့ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ဆုိးလ္ရွားကေတာ့ ဂၽြန္ေမာ့စ္ရဲ႕ဆုံးျဖတ္ခ်က္ကို လက္သင့္မခံႏိုင္ဘဲ ဂ်ိမ္းစ္ရဲ႕ျမင့္မားတဲ့ျမန္ႏႈန္းေၾကာင့္ သူ႕ကို ဘယ္လုိပဲထိထိ လဲက်သြားႏိုင္တယ္လုိ႔ ကာကြယ္ခဲ့ပါတယ္။ ”ကၽြန္ေတာ္တို႔အေနနဲ႔ ဘယ္ေတာ့မွဦးဆုံးျပစ္ဒဏ္ေဘာမရရွိပါဘူး။ သူတုိ႔က တန္ျပန္တုိက္စစ္ဆင္ကစားတယ္။ ဂ်ိမ္းစ္က ျပစ္ဒဏ္က်ဴးလြန္ခံရတယ္။ သူတုိ႔က အဲဒီျဖစ္ရပ္ကေန အခြင့္အေရးရလုနီးပါးျဖစ္ခဲ့ပါတယ္”

Photo Credit ; Getty Images

”သူက ေျပးႏႈန္းျမန္ဆန္တ့ဲကစားသမားျဖစ္ၿပီး ခဏခဏလည္း အကန္ခံရပါတယ္။ ဒီေတာ့ သူ႕ကိုယ္သူကာကြယ္တာက အလုိလိုျဖစ္လာပါတယ္။ ကၽြန္ေတာ္ကေတာ့ သူဒုိင္ဗင္ထိုးတာကုိ မျမင္ေတြ႕ခဲ့ပါဘူး။ ကၽြန္ေတာ့္အေနနဲ႔ ေျပာရရင္ေတာ့ ၀ုဗ္နဲ႔ပဲြမွာ သူ ဘယ္ေလာက္ျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရသလဲ”

Photo Credit ; Getty Images

”ၿပိဳင္ဘက္ေတြက သူ႕ကို ဘယ္ႏွခါေလာက္ ကန္ခဲ့လဲ။ တစ္ခါတေလ အဲဒီလုိမ်ိဳးအကန္မခံရေအာင္ သူေရွာင္တာကလည္း ကၽြန္ေတာ့္အတြက္ ဘာျပႆနာမွမရွိပါဘူး”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။ ယူႏုိက္တက္ဟာ အဲဒီပြဲမွာ ၁-၁ ဂုိးျဖစ္ေနခ်ိန္ ပင္နယ္တီကန္သြင္းခြင့္ရခဲ့ေပမယ့္ ေပါ့ဂ္ဘာရဲ႕ကန္ခ်က္ကို ၀ုဗ္ဂုိးသမား ကာကြယ္ႏိုင္ခဲ့လုိ႔ ႏိုင္ပဲြဆက္မယ့္အခြင့္အေရးလက္လႊတ္ခဲ့ရပါတယ္။

Photo Credit

Unicode

ဒိုင်ဗင်ထိုးခဲ့လို့ အဝါကတ်ပြသခံခဲ့ရတဲ့ဂျိမ်းစ်နဲ့ပတ်သက်ပြီး ဆိုးလ်ရှား ဘာပြောခဲ့လဲ

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ ဝုဗ်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တဲ့အတွက်ကြောင့် အဝါကတ်ပြသခံခဲ့ရတဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဘက်က ကာကွယ်မှုတွေပြုလုပ်သွားခဲ့ပါတယ်။
အသက် ၂၁နှစ်အရွယ်ရှိ ဝေးလ်လက်ရွေးစင် ဂျိမ်းစ်ဟာ ဆွမ်ဆီးအသင်းကနေ ပေါင် ၁၈သန်းနဲ့ ရောက်လာပြီးနောက် ဝုဗ်နဲ့အဝေးကွင်းပွဲမှာ အသင်းသစ်အတွက် ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ညာတောင်ပံမှာ ကစားခဲ့ပေမယ့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရကာ လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်နဲ့ လူစားလဲခြင်းခံခဲ့ရပါတယ်။
ဂျိမ်းစ်ဟာ ပွဲအစ ၁၀မိနစ်မှာပဲ ဒိုင်ဗင်ထိုးတယ်လို့ စွပ်စွဲခံခဲ့ရပေမယ့် ကွင်းလယ်ဒိုင်ဂျွန်မော့စ်က ပြစ်ဒဏ်ဘောမပေးသလို အဝါကတ်လည်း ပြသခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ပထမပိုင်းမှာပဲ ဝုဗ်ကွင်းလယ်လူ မော်တင်ညိုနဲ့အပြိုင်ပြေးရာမှာ ဂျိမ်းစ် ဒိုင်ဗင်ထိုးခဲ့တယ်ဆိုပြီး ဂျွန်မော့စ်က သူ့ကို အဝါကတ်ပြသခဲ့ပါတယ်။
ဒါပေမဲ့ ဆိုးလ်ရှားကတော့ ဂျွန်မော့စ်ရဲ့ဆုံးဖြတ်ချက်ကို လက်သင့်မခံနိုင်ဘဲ ဂျိမ်းစ်ရဲ့မြင့်မားတဲ့မြန်နှုန်းကြောင့် သူ့ကို ဘယ်လိုပဲထိထိ လဲကျသွားနိုင်တယ်လို့ ကာကွယ်ခဲ့ပါတယ်။ ”ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှဦးဆုံးပြစ်ဒဏ်ဘောမရရှိပါဘူး။ သူတို့က တန်ပြန်တိုက်စစ်ဆင်ကစားတယ်။ ဂျိမ်းစ်က ပြစ်ဒဏ်ကျူးလွန်ခံရတယ်။ သူတို့က အဲဒီဖြစ်ရပ်ကနေ အခွင့်အရေးရလုနီးပါးဖြစ်ခဲ့ပါတယ်”
”သူက ပြေးနှုန်းမြန်ဆန်တဲ့ကစားသမားဖြစ်ပြီး ခဏခဏလည်း အကန်ခံရပါတယ်။ ဒီတော့ သူ့ကိုယ်သူကာကွယ်တာက အလိုလိုဖြစ်လာပါတယ်။ ကျွန်တော်ကတော့ သူဒိုင်ဗင်ထိုးတာကို မမြင်တွေ့ခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဝုဗ်နဲ့ပွဲမှာ သူ ဘယ်လောက်ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရသလဲ”
”ပြိုင်ဘက်တွေက သူ့ကို ဘယ်နှခါလောက် ကန်ခဲ့လဲ။ တစ်ခါတလေ အဲဒီလိုမျိုးအကန်မခံရအောင် သူရှောင်တာကလည်း ကျွန်တော့်အတွက် ဘာပြဿနာမှမရှိပါဘူး”လို့ ဆိုးလ်ရှားက ပြောပါတယ်။ ယူနိုက်တက်ဟာ အဲဒီပွဲမှာ ၁-၁ ဂိုးဖြစ်နေချိန် ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် ပေါ့ဂ်ဘာရဲ့ကန်ချက်ကို ဝုဗ်ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ နိုင်ပွဲဆက်မယ့်အခွင့်အရေးလက်လွှတ်ခဲ့ရပါတယ်။