ဒိုကြီးရွေးချယ်တဲ့ ဘလွန်းဒီအောဆု ရသင့်တဲ့ ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးဂန္တဝင်ကြီးဖြစ်တဲ့ ရော်နယ်ဒိုက ဒီနှစ်အတွက် သူ့ရဲ့ အကောင်းဆုံး ကစားသမားဟာ ပြင်သစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဘန်ဇီမာဖြစ်တယ်လို့ ထုတ်ပြောလာခဲ့တယ်။

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူးက သူ့ကစားသမားဘဝ ပထမဆုံးသော ဘလွန်းဒီအောဆုကို အနိုင်ရသင့်တယ်လို့ ရော်နယ်ဒိုက ယုံကြည်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ချီးမြှင့်ပေးအပ်မယ့် ၂၀၂၁ ခုနှစ် ဘလွန်းဒီအောဆုအတွက် ဆန်ကာတင် (၃၀) စာရင်းကိုတော့ ထုတ်ပြန်ထားပြီဖြစ်ကာ လိဂ်အသီးသီးမှ ထိပ်တန်း ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။

နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ မက်ဆီနည်းတူ ဘွန်ဒက်လီဂါမှ အကောင်းဆုံး တိုက်စစ်သမား လီဝမ်ဒေါစကီး၊ လာလီဂါမှ တိုက်စစ်သမား ဘန်ဇီမာတို့လည်း ဒီစာရင်းမှာ ပါဝင်နေတာပါ။

ချယ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်ထားသလို အီတလီနဲ့လည်း ယူရိုဖလား အနိုင်ရထားတဲ့ ဂျော်ဂျင်ဟိုက ၂၀၂၁ ဘလွန်းဒီအော့ဆုအတွက် ရေပန်းအစားဆုံး ကစားသမားဖြစ်သူ မက်ဆီကို အဓိက ယှဉ်ပြိုင်နိုင်မယ့်သူ အဖြစ်လည်း ထင်မြင်ချက်တွေ ရထားပါတယ်။

ဘန်ဇီမာ တစ်ယောက် ရွှေဘောလုံးဆုအား ရသင့်တဲ့ အကြောင်းကို ရော်နယ်ဒိုက “ ကျွန်တော့်အတွက် ရွှေဘောလုံးဆုကို ရသင့်တဲ့ ကစားသမားက ဘန်ဇီမာပါပဲ။

သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ။

ပြီးခဲ့တဲ့ ၁၀နှစ် အတွင်းမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်က အမြင့်ဆုံးမှာ ရှိခဲ့ပါတယ်။

ဒါကြောင့် သူက လူတိုင်းထက် သာတဲ့ ချန်ပီယံတစ်ယောက်ပါ။

ဒီတော့ ရွှေဘောလုံးဆုက သူနဲ့ ခြွင်းချက်မရှိ ထိုက်တန်ပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။

အသက် ၃၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာဟာ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ခဲ့ရသူ ဖြစ်ကာ

ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ ယခုနှစ် ဘောလုံးရာသီတို့မှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၆ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၄၀ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒိုႀကီးေ႐ြးခ်ယ္တဲ့ ဘလြန္းဒီေအာဆု ရသင့္တဲ့ ကစားသမား

ဘရာဇီးဂႏၲဝင္ႀကီးျဖစ္တဲ့ ေရာ္နယ္ဒိုက ဒီႏွစ္အတြက္ သူ႔ရဲ႕ အေကာင္းဆုံး ကစားသမားဟာ ျပင္သစ္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္ တိုက္စစ္သမား ဘန္ဇီမာျဖစ္တယ္လို႔ ထုတ္ေျပာလာခဲ့တယ္။ ရီးရဲလ္မက္ဒရစ္အသင္း တိုက္စစ္မႉးက သူ႔ကစားသမားဘဝ ပထမဆုံးေသာ ဘလြန္းဒီေအာဆုကို အႏိုင္ရသင့္တယ္လို႔ ေရာ္နယ္ဒိုက ယုံၾကည္ပါတယ္။

ႏိုဝင္ဘာလ ၂၉ ရက္ေန႔မွာ ခ်ီးျမႇင့္ေပးအပ္မယ့္ ၂၀၂၁ ခုႏွစ္ ဘလြန္းဒီေအာဆုအတြက္ ဆန္ကာတင္ (၃၀) စာရင္းကိုေတာ့ ထုတ္ျပန္ထားၿပီျဖစ္ကာ လိဂ္အသီးသီးမွ ထိပ္တန္း ကစားသမားေတြ ပါဝင္လာခဲ့ပါတယ္။

နာမည္ေက်ာ္ ကစားသမားေတြျဖစ္တဲ့ ေရာ္နယ္ဒို၊ မက္ဆီနည္းတူ ဘြန္ဒက္လီဂါမွ အေကာင္းဆုံး တိုက္စစ္သမား လီဝမ္ေဒါစကီး၊ လာလီဂါမွ တိုက္စစ္သမား ဘန္ဇီမာတို႔လည္း ဒီစာရင္းမွာ ပါဝင္ေနတာပါ။

ခ်ယ္ဆီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ထားသလို အီတလီနဲ႔လည္း ယူ႐ိုဖလား အႏိုင္ရထားတဲ့ ေဂ်ာ္ဂ်င္ဟိုက ၂၀၂၁ ဘလြန္းဒီေအာ့ဆုအတြက္ ေရပန္းအစားဆုံး ကစားသမားျဖစ္သူ မက္ဆီကို အဓိက ယွဥ္ၿပိဳင္ႏိုင္မယ့္သူ အျဖစ္လည္း ထင္ျမင္ခ်က္ေတြ ရထားပါတယ္။

ဘန္ဇီမာ တစ္ေယာက္ ေ႐ႊေဘာလုံးဆုအား ရသင့္တဲ့ အေၾကာင္းကို ေရာ္နယ္ဒိုက “ ကြၽန္ေတာ့္အတြက္ ေ႐ႊေဘာလုံးဆုကို ရသင့္တဲ့ ကစားသမားက ဘန္ဇီမာပါပဲ။ သူက ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးပါ။ ၿပီးခဲ့တဲ့ ၁၀ႏွစ္ အတြင္းမွာလည္း သူ႔ရဲ႕ စြမ္းေဆာင္ရည္က အျမင့္ဆုံးမွာ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ သူက လူတိုင္းထက္ သာတဲ့ ခ်န္ပီယံတစ္ေယာက္ပါ။ ဒီေတာ့ ေ႐ႊေဘာလုံးဆုက သူနဲ႔ ႁခြင္းခ်က္မရွိ ထိုက္တန္ပါတယ္” လို႔ ဖြင့္ဟ ေျပာၾကားခဲ့တာပါ။

အသက္ ၃၃ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဘန္ဇီမာဟာ ​ေရာ္နယ္ဒို ထြက္ခြာသြားၿပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ တိုက္စစ္ကို အဓိက ဦးေဆာင္ခဲ့ရသူ ျဖစ္ကာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီနဲ႔ ယခုႏွစ္ ေဘာလုံးရာသီတို႔မွာ ရီးရဲလ္မက္ဒရစ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၅၆ပြဲ ပါဝင္ ကစားေပးခဲ့ၿပီး သြင္းဂိုး ၄၀ဂိုး သြင္းယူႏိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၁၆ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။