ဒိုကြီးနဲ့ဇီဒန်းတို့လို Ballond d’Or ခြေရာနင်းနိုင်ဖို့ ရည်မှန်းနေတဲ့ ဘင်ဇီမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်တိုက်စစ်မှုးဘင်ဇီမာဟာ Ballon d’Or ဆုအတွက် သူ့အိုင်ဒေါတွေဖြစ်တဲ့ ရော်နယ်ဒိုကြီးနဲ့ဇီဒန်းတို့ရဲ့ခြေရာကိုနင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

အဲဒီပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ဒီနှစ်ရဲ့Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေတာပါ။

၃၃ နှစ်အရွယ် ဘင်ဇီမာဟာ ကလပ်အသင်းမှာ အရေးပါဆုံးသူဖြစ်ခဲ့ကာ ပြီးခဲ့တဲ့ရာသီလာလီဂါမှာ ဒုတိယဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ပြီး

ဒီရာသီမှာလည်း လာလီဂါရဲ့ဂိုးအများဆုံးသွင်းသူမှာရော ဂိုးဖန်တီးမှုအများဆုံးစာရင်းထဲမှာပါ လက်ရှိဦးဆောင်နေပါတယ်။

ဒါ့အပြင် ဘင်ဇီမာဟာ မကြာသေးခင်ကပဲ နိုင်ငံအသင်းနဲ့အတူ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါသေးတယ်။

အဲဒါတွေကြောင့်လည်း ဘင်ဇီမာဟာ ဒီနှစ်ရဲ့Ballon d’Or ဆုရဖို့ ရေပန်းအစားဆုံးသူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေပြီး ရခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ကလေးဘဝအိပ်မက် တကယ်ဖြစ်လာမှာပါ။

”Ballon d’Or ဆုရနိုင်လားဆိုရင် ရနိုင်တယ်ပေါ့ဗျာ။

အဲဒါဟာ ကလေးဘဝကတည်းက ကျွန်တော့်ရဲ့အိပ်မက်တွေထဲက တစ်ခုပါ။

ကလေးတစ်ယောက်အနေနဲ့ အဲဒါကို အိပ်မက်ခဲ့တယ်ပေါ့ဗျာ။

ကျွန်တော့်အိုင်ဒေါတွေက ဒိုကြီးနဲ့ ဇီဇူး(ဇီဒန်း)တို့ပါ။

သူတို့ဟာ ရီးရဲလ်ကိုရောက်လာခဲ့ပြီး Ballon d’Or ဆုရရှိခဲ့တာပါ။

အဲဒီလိုမျိုးက ကျွန်တော်ဖြစ်ချင်တာတွေထဲက တစ်ခုပေါ့။

အခုတော့ အဲဒါနဲ့ကျွန်တော် မဝေးကွာတော့ပါဘူး”လို့ ဘင်ဇီမာက ပြင်သစ်ရုပ်သံတစ်ခုကို ပြောကြားခဲ့တာပါ။

ရီးရဲလ်နည်းပြဟောင်းနဲ့ ပြင်သစ်အိုင်ကွန်ဖြစ်တဲ့ဇီဒန်းကလည်း ဒီတစ်ကြိမ်မှာ Ballon d’Or ဆုကို ဘင်ဇီမာထံပေးသင့်တယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမဲ့ ဘင်ဇီမာဟာ အဲဒီကမ္ဘာ့အကောင်းဆုံးဆုအတွက် မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ ဂျော်ဂျင်ဟိုတို့ကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi








