ဒါးလော့ပို့စ်အောက် မှတ်ချက်ပေးတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ အေစီမီလန်အသင်းအတွက်ပထမဆုံး စီးရီးအေသွင်းဂိုးရယူနိုင်ခဲ့တဲ့ ဒါးလော့ကို ဖာနန်ဒက်စ်က မှတ်ချက်ပေးတာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါးလော့ ဟာ ယခု ရာသီ အစက အေစီမီလန် ကို တစ်ရာသီ အငှား လာကစား နေတာ ဖြစ်ပြီး ပုံစံကောင်း ပြသ နိုင်ဖို့ ကြိုးစားနေတာပါ။ အသက် ၂၁ နှစ် အရွယ် နောက်ခံလူဟာအေစီမီလန်အသင်းမှာပုံမှန်ပွဲကစားခွင့်ရရှိနေခဲ့ပြီးစီးရီးအေဇယားကို ဦးဆောင်နိုင်မှု မှာ တစ်တပ် တစ်အား ပါဝင်ကူညီပေးနေတာပါ။

ဒါးလော့ဟာ ဗီရိုနာအသင်းကို ( ၂ -၀ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒုတိယဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါးလော့တစ်ယောက် အောင်ပွဲခံတဲ့ အင်စတာဂရမ် ပို့စ်အောက်မှာ ဖာနန်ဒက်စ်က “ ဘာလုပ်လိုက်တာလဲ ?” ဆိုပြီး အီတလီ ဘာသာစကားနဲ့ မှတ်ချက်ပေးခဲ့ပါတယ်။

အဲဒီသွင်းဂိုးက မီလန်အသင်းအတွက် ဒါးလော့ရဲ့ ဒုတိယမြောက်သွင်းဂိုးဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက Sparta Prague အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာလည်း သွင်းဂိုးတစ်ဂိုး ရယူခဲ့ပါသေးတယ်။ ဒါးလော့ဟာမီလန်အသင်းရဲ့ ဒီရာသီယူရိုပါလိဂ် ပွဲစဉ်အားလုံး ကစားခွင့်ရရှိထားပြီးလာမယ့် ကြာသပတေးနေ့ မှာကစားရမယ့် ယူနိုက်တက်နဲ့ယူရိုပါလိဂ် ( ၁၆ ) သင်းအဆင့် ၊ ပထမအကျော့ ပွဲစဉ်မှာလည်း ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

ပေါ်တူဂီသားဟာ ယူနိုက်တက်ကို ရောက်နေခဲ့တာ ၃ နှစ်ကြာခဲ့ပေမယ့် ပွဲကစားရမှု နည်းပါးခဲ့သလို မော်ရင်ဟို ရောဆိုးလ်ရှားပါ ဒါးလော့ကို ပွဲထွက်ခွင့် နည်းနည်းသာ ပေးခဲ့ပါတယ်။ ဒါးလော့ဟာ ယူနိုက်တက်ရဲ့ ဝေးရာကို ရောက်နေပေမယ့် အားရင် အားသလို ယူနိုက်တက်ပွဲတွေကို အားပေးနေဆဲပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒါးေလာ့ပို႔စ္ေအာက္ မွတ္ခ်က္ေပးတဲ့ ဖာနန္ဒက္စ္

ယမန္ေန႔က ကစားခဲ့တဲ့ ပြဲစဥ္မွာ ေအစီမီလန္အသင္းအတြက္ပထမဆုံး စီးရီးေအသြင္းဂိုးရယူႏိုင္ခဲ့တဲ့ ဒါးေလာ့ကို ဖာနန္ဒက္စ္က မွတ္ခ်က္ေပးတာ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါးေလာ့ ဟာ ယခု ရာသီ အစက ေအစီမီလန္ ကို တစ္ရာသီ အငွား လာကစား ေနတာ ျဖစ္ၿပီး ပုံစံေကာင္း ျပသ ႏိုင္ဖို႔ ႀကိဳးစား​ေနတာပါ။ အသက္ ၂၁ ႏွစ္ အ႐ြယ္ ေနာက္ခံလူဟာေအစီမီလန္အသင္းမွာပုံမွန္ပြဲကစားခြင့္ရရွိေနခဲ့ၿပီးစီးရီးေအဇယားကို ဦးေဆာင္ႏိုင္မႈ မွာ တစ္တပ္ တစ္အား ပါဝင္ကူညီေပး​ေနတာပါ။

ဒါးေလာ့ဟာ ဗီ႐ိုနာအသင္းကို ( ၂ -၀ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဒုတိယဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။ ဒါးေလာ့တစ္ေယာက္ ေအာင္ပြဲခံတဲ့ အင္စတာဂရမ္ ပို႔စ္ေအာက္မွာ ဖာနန္ဒက္စ္က “ ဘာလုပ္လိုက္တာလဲ ?” ဆိုၿပီး အီတလီ ဘာသာစကားနဲ႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

အဲဒီသြင္းဂိုးက မီလန္အသင္းအတြက္ ဒါးေလာ့ရဲ႕ ဒုတိယေျမာက္သြင္းဂိုးျဖစ္ၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာလက Sparta Prague အသင္းနဲ႔ ယူ႐ိုပါလိဂ္ ပြဲစဥ္မွာလည္း သြင္းဂိုးတစ္ဂိုး ရယူခဲ့ပါေသးတယ္။ ဒါးေလာ့ဟာမီလန္အသင္းရဲ႕ ဒီရာသီယူ႐ိုပါလိဂ္ ပြဲစဥ္အားလုံး ကစားခြင့္ရရွိထားၿပီးလာမယ့္ ၾကာသပေတးေန႔ မွာကစားရမယ့္ ယူႏိုက္တက္နဲ႔ယူ႐ိုပါလိဂ္ ( ၁၆ ) သင္းအဆင့္ ၊ ပထမအေက်ာ့ ပြဲစဥ္မွာလည္း ပါဝင္လာႏိုင္ဖြယ္ ရွိေနပါတယ္။

ေပၚတူဂီသားဟာ ယူႏိုက္တက္ကို ေရာက္ေနခဲ့တာ ၃ ႏွစ္ၾကာခဲ့ေပမယ့္ ပြဲကစားရမႈ နည္းပါးခဲ့သလို ေမာ္ရင္ဟို ေရာဆိုးလ္ရွားပါ ဒါးေလာ့ကို ပြဲထြက္ခြင့္ နည္းနည္းသာ ေပးခဲ့ပါတယ္။ ဒါး​ေလာ့ဟာ ယူႏိုက္တက္ရဲ႕ ​ေ၀းရာကို ​ေရာက္​ေန​ေပမယ့္ အားရင္ အားသလို ယူႏိုက္တက္ပြဲ​ေတြကို အား​ေပ​းေနဆဲပါ။